Skip to main content

မန္တလေးမြို့ လမ်း၈၀ပေါ်က အိမ်ယာများ နှင့် ...

"၁၉၅၂ ခုနှစ်က ရွှေတစ်ကျပ်သား ၁၂၀ ပေးဝယ်ရချိန်မှာ ဒီအိမ်ကို ကျပ် ၂၅၀၀ နဲ့ ၀ယ်ခဲ့တာပါ။ အခု သိန်း ၂၅၀၀ ပေးပြီး လာဝယ်ကြတာတောင် မရောင်း နိုင်ပါဘူး" လို့ လမ်း ၈၀ တာရဲတန်း ရပ်မှာနေသူတစ်ဦးက ပြောတော့ တန်ဖိုး မြင့်လာတဲ့မြို့လယ်တိုက်တာတွေရဲ့ဈေးနှုန်း ကို အရင်ခေတ်နဲ့ နှိုင်းယှဉ်မိပြန်တယ်။ [ အပြည့်အစုံ ဖတ်ရန် ]

MyanmarTimes မှာ ဖတ်မိတာလေးပါ။ မန်းလေး လမ်း၈၀ပေါ်က တိုက်တာဈေးနှုန်းတွေကို ရေးသားထားတဲ့ ဆောင်းပါးလေးထဲကပါ။ လန့်စရာကောင်းအောင် အိမ်ရာဈေးတွေက မြောက်လွန်းလှပါတယ်။ ဒီခေတ်မှာကလည် အိမ်တစ်အိမ်ပိုင်ဖို့ဆိုတာ မလွယ်သလောက်ဖြစ်နေပါလား။ လမ်း၈၀ဆိုတာကလည်း မန်းလေးရဲ့ အစည်ကားဆုံးနေရာ၊ အသက်သွေးကြောနေရာလို့လည်း ပြောလို့ရတယ်။ အဲဒီတော့ ဆောက်လာလိုက်တဲ့ တိုက်ခန်းတွေ အိမ်ရာတွေကလည်း ကြိတ်ကြိတ်တိုး များပြားလာတော့တာပေါ့။ ချမ်းသာတဲ့လူတွေပဲလေ လုပ်ကြပေါ့။

ချမ်းသာတဲ့လူတွေကတော့ ဆက်လက်ချမ်းသာ ... မွဲတော့ သူများကြတော့လဲ ဖွတ်ကတောင် အဖေခေါ်ရအလောက်ကို ဖြစ်နေပြီ။ အဲဒီကြားထဲမှာကွာနေတဲ့ Space ကို Delete ဒါမှမဟုတ် BackSpace နဲ့ ဖျက်လို့ရရင်လည်း အကောင်းသား။

Comments

  1. အစစအရာရာ (ဖုန်း၊ အိမ်၊ ရွှေ) ဈေးတွေ မိုးပေါ်ကိုထောင်တက်နေတာ ပြန်ကိုမကျလာတော့ဘူး.. အင်း မလွယ်ပါ့လားနော်. မောင်ချမ်းပြောသလို delete or backspace ဖျက်လိုရရင်လဲ ကောင်းသား… ဘယ်တော့များမှ သူတို့တွေလို ချမ်းသာမလဲမသိဘူးနော်.. ဘဝ ဘဝ..

    ReplyDelete
  2. အဲဒီချမ်းသာတယ်ဆိုတဲ့ လူတော်တော်များများက မြန်မာလူမျိုးမဟုတ်ဘူး .. တရုတ်တွေ .. ကုလားတွေ ...

    ReplyDelete
  3. Anonymous10:29 am

    နောင်မှာ ၇၈-လမ်းဟာ မန္တလေးမှာ အဓိကအရေးပါတဲ့ လမ်းမကြီး ဖြစ်လာပြီး အဲဒီလမ်ဘေး တဘက်တချက်မှာရှိတဲ့ အိမ်များ ဒီထက်ပိုဈေးကောင်းလာ နိုင်တယ်လို့ ကျတော် ခန့်မှန်းမိတယ်... ခုကို ဈေးကောင်းနေပြီ...

    ReplyDelete
  4. ၇၈ လမ်းက နဲနဲတော်သေးတယ် လမ်း၈၀ပေါ်က ဆိုင်တွေ တိုက်တွေ တော်တော်များများက တရုတ်တွေများတယ် မြို့တစ်မြို့ကို လူမျိုးတစ်မျိုးမျိုးက ၀ါးမြိုနေသလိုပဲ

    လန်ဒန်မှာလည်း ကုလားတွေက တဖြည်းဖြည်းဝါးမြိုလာလို့ လန်ဒန်လည်း ကြာရင် ကုလားမြို့ဖြစ်မဲ့ကိန်းကို ရောက်နေပြီ

    ကျွန်တော်ကတော့ အလယ်အလတ်လူတန်းစား ဖြစ်ရတာကိုပဲ မိဘတွေကို ကျေးဇူးတင်နေမိတယ်။ အဲဒီထက် အောက်များရောက်သွားရင် ... ၀ူး ...

    ReplyDelete
  5. ညီတော့ ဘယ်လိုဝေဖန်ရမလဲ ဆိုတာကိုမသိတော့ဘူး။ဒါပေမယ့် ဒီဘ၀မှာတော့ အဲဒီ ၇၈ လမ်းတို့ လမ်း ၈၀ တို့မှာမနေနိုင်လောက် ဘူးတော့ဘူးထင်တယ်။မှတ်ချက်-၁၂ လမ်းမြောက်ဘက်နှင့် လမ်း၄၀ တောင်ဘက်မပါ။အဲ ဒီ ဘက်ကဈေးမကြီးဘူး...ဟက်ဟက်

    ReplyDelete
  6. အဝေးကလမင်း.. ကိုချမ်း နဲ့ ကိုဇော်မိုးအောင် တို့ရေ ချမ်းသာတဲ့သူတွေ ပိုပြီးချမ်းသာတာ ငွေထွက်မယ့်ဟာတွေ မ၀ယ်ပဲ၊
    ငွေဝင်မယ့်ဟာတွေကို ဝယ်လို့ပါ။ (စာအုပ်ထဲကအတိုင်း... သူတို့တွေ လက်တွေ့ပြသွားပြီလေ) သူတို့တွေလို ဖြစ်ချင်ရင်
    ကိုယ်ကိုယ်တိုင်လည်း လုပ်ပေါ့။ ကိုယ်ချမ်းသာရင်လည်း အဲ့ဒီ့လိုလူတွေများနေတယ်ထင်ရင် အဲ့ဒီ့ပိုင်ဆိုင်မှုတွေကို
    လိုက်ဝယ်ပလိုက်ပေါ့။ ဒါပဲရှိတော့တာပဲ။ ကိုမောင်လှရေ.. ဟုတ်လားတော့မသိဘူး... ၇၈က တိုက်ခန်းတွေ (ဆိုက်ကား
    လမ်းကြားဘေးက) မဆောက်ခင်က ရှယ်ယာခေါ်တယ်ကြားလိုက်သေးတယ်။ နောက် ဆောက်ပြီးတော့ တဖြည်းဖြည်းနဲ့
    တက်သွားတာ ကြားတောင်မကြားဖူးဘူး။ ပြန်ရောင်းတဲ့သူ အတော်မြတ်တယ်ဆိုပဲ။ လမ်း၈၀ ဘက်တော့မပြောချင်။
    ကိုဝေဟင်ရေ.. ဘယ်မှာ နေရနေရပါဗျာ။ စိတ်ချမ်းသာစွာနဲ့ ပါတ်ဝန်းကျင်ကောင်းမှာ နေရရင် ပိုကောင်းပါတယ်။ ဒါပေမယ့်
    ဆက်သွယ်မှုဧရိယာပြင်ပကိုတော့ မရောက်စေနဲ့ဗျာ။ :)

    ReplyDelete
  7. 78 လမ်းက တိုက်ခန်းဈေးကတော့ ကောင်းမှကောင်း ပြန်ကျမှာကို မဟုတ်ဘူး ... ပြန်ကျတာဆိုလို့ မန်းလေးမှာ ကျုံးရေပဲရှိတယ် ... ဒါတောင် တစ်ခါတလေ ကျုံးရေက .. တက်ပြီးငြိမ်နေတတ်သေးတယ် :D

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS