Skip to main content

Table Tennis

ငယ်ငယ်ကတည်းက စွဲစွဲမြဲမြဲ ကစားဖြစ်တဲ့ အားကစားကို ပြောပါဆိုရင် Table Tennis ကိုပြောရမှာပါပဲ။ တော်တော်လေး စိတ်ဝင်တစား ဆော့ခဲ့တဲ့ အားကစား တစ်ခုပါပဲ။ ဘောလုံးလေးက သေးသလောက် ဆော့ရတာ အရမ်းပညာသား ပါလှပါတယ်။ ဒီအားကစားရဲ့ ထိပ်ခေါင်တွေကတော့ တရုတ်တွေများပါတယ်။ ငယ်ငယ်တုန်းကတော့ ကောလိပ်ဝင်းထဲမှာ ကစားဖော်တွေအများကြီးနဲ့ ဆော့ဖြစ်ပါတယ်။ နောက်ပိုင်း ကလပ်တွေမှာ သွားဆော့ရတာ ပိုမိုက်တယ်။ မန်းလေးမှာ ဆိုရင် ခလ ဆိုတဲ့ကလပ်မှာ သွားဆော့ရတာ မိုက်တယ်။ ၃၄ လမ်းမှာ ဆရာကြီးတွေနဲ့ပေါ့။ ကျွန်တော်ဆော့တုန်းကတော့ ဘသော်တို့ ရှမ်းလေးတို့က နာမည်ကြီးတွေပဲ နောက် MIT က ကိုဧရာအောင်။ သူတို့ဆော့တဲ့ ပုံစံက တော်တော်လေး မိုက်ပါတယ်။ တစ်ခါတလေများဆိုရင် တစ်နေကုန်ပဲဗျာ ဆော့တာ။ အခု အဲဒီအားကစားနဲ့ မထိတွေ့ဖြစ်တာ နှစ်နှစ်လောက်ရှိတော့မယ်။ ပြန်ဆော့ရင် လက်ကြောင်နေမယ် ထင်တယ် ဟိဟိ။ အထိအတွေ့ သိပ်မရှိတော့ ရင် ဘယ်အရာမဆို အဲဒီလိုပါပဲလေ။ ကျောင်းမှာတော့ ဆော့လို့ရအောင် ကစားဖော်လိုက်ရှာအုံးမယ်။ ပိုဆိုးတာက YouTube က Video လေးတွေကြည့်လိုက်တော့ ပြန်ဆော့ချင်တာမှ ငမ်းငမ်းတက်ဖြစ်သွားတယ်။ အားကစားတစ်ခုခုကို အမြဲထိတွေ့နေရင် စိတ်လည်းကျန်းမာသလို ကျန်းမာရေးရှ့ထောင့်ကကြည့်ရင်လည်း ကောင်းတာပေါ့ဗျာ။ နောက်တစ်ခု စိတ်ဝင်စားတာကတော့ Snooker ပါပဲ။ ဒီမှာတော့ ကလပ်တွေရှိတယ်။ ဒါပေမဲ့ ဈေးကြီး .. ဟိဟိ။ အခုလော့ လုပ်ဖြစ်တာက စာရိုက်တဲ့ လေ့ကျင့်ခန်းတွေပဲများတယ် ... ဟားဟား။ အားကစားလေးလည်း လိုက်စားဦးမှ။


ဒီ Video ကြည့်မိလိုက်တာ ပြန်ဆော့ချင်စိတ်တွေ တဖွားဖွား ပေါ်လာတော့တာပါပဲ။ သူတို့လို ပရိုတွေ ဆော့တာကြည့်ရတာ အရမ်းအရသာရှိတယ်။


အမှတ် တစ်မှတ် ရဖို့ကည်း အသေအလဲပဲ ဆော့ရတယ်။ ချန်ပီယံတွေ ဆိုရင်ပေါ့။ ကျွန်တော်တော့ မပါဘူး။ ဟီးဟီး


ဒီလောက် တော်တဲ့ကောင်တွေ ... တစ်ခါမှ မတွေ့ဘူးဖူး။ ကြည့်ပြီး ရီနေရတယ် ... ဟားဟား။

Comments

  1. Anonymous8:46 pm

    ဟဲ..ဟဲ...အကြိုက်ချင်းတူသွားပြီ...
    ကျောင်းမှာ ခုံရှိရင်..တရက်လောက် ချိန်းရိုက်ရ
    အောင်လေ.. စနေ မကစားတာ ၄ နှစ်ကျော်နေပြီ..

    ReplyDelete
  2. ဟုတ်ကဲ့ ကျွန်တော် ... ရှာပုံတော် မင်းသားကြီးလုပ်လိုက်အုံးမယ် ... တွေ့ရင် တို့လိုက်မယ် ဟဲဟဲ

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS