Skip to main content

19 June - June 19

ဘာလိုလိုနဲ့ ငါချစ်တဲ့လူတွေ ငါမြတ်နိုးတဲ့နေရာတွေနဲ့ ဝေးနေခဲ့တာ တစ်နှစ်ပြည့်သွားပြီ။ လွန်ခဲ့တဲ့နှစ်က ဒီလိုနေ့ ဒီလိုအချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မျက်စိထဲ စိတ်ထဲမှာ ပြန်မြင်ယောင်နေမိတယ်။

ကုန်ဆုံးခဲ့တဲ့ တစ်နှစ်ဆိုတဲ့ အချိန်တွေကြားမှာ ငါဟာ အကျိုးရှိတာတွေလုပ်ခဲ့တဲ့ အချိန်တွေရှိသလို အကျိုးမရှိ အရည်မရ အဖတ်မရ လုပ်ခဲ့တဲ့တာတွေလည်း ရှိခဲ့တယ်။ ငါ့ကိုယ်ငါ စဉ်းစားဆင်ခြင်သင့်တယ်။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" အဲလိုဖြစ်နေရင်တော့ ငါဟာ ... ။ အင်း ... ပျှမ်းမျှခြင်းကို ကြည့်လိုက်ရင် ငါ မတိုးတက်သေးပါဘူး။

လွင့်မျောနေမိတဲ့ စိတ်တွေနဲ့အတူ ... ခင်ဝမ်း ဆိုထားတဲ့ "ဆယ်လမွန်ငါးတို့အပြန်" သီချင်းလေးကို နားစဉ်နေရင်းနဲ့ အတွေးတွေ နယ်ချဲ့နေမိတယ်။ ဒီသီချင်းလေးကို ကိုအော်လံမောင် အဓိပ္ပယ်ဖော်ထားတာကိုလည်း သဘောကျမိတယ်။ စာသားလေးတွေက အရမ်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ပြန်ပြီး မျှဝေချင်ပါတယ်။

ဆယ်လမွန်ငါးတို့အပြန်
ရေး/ဆို - ခင်ဝမ်း







ရေလွှာလည်း ခင်းပျံ့ကြည်လင်စေ ၊ မိုးဦးလည်းလှပ သာယာစေ ဘ၀စေရာ တာဝန် ၊ ကျေပွန် ဆောင်ရွက်ခဲ့သူတို့ ၊ ရေစုန်ကို ဆန်ကာ ပြန်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန် ၊ ဆယ်လမွန်ငါးတို့ အပြန် ၊ဆယ်လမွန်ငါးတို့ အပြန် အပြန် - အပြန် - အပြန်.... ဆယ်လမွန်ငါးတို့ အပြန်

V1 မှာ မိုးဦးချိန် ရဲ့ အခင်းအကျင်း ရာသီဖွဲ့ ကလေးနဲ့ စထားပါတယ်။ လှပသာယာ နေတဲ့ မိုးဦးရဲ့ လှိုင်းလေ ငြိမ်တဲ့ (သင်ဖျူးခင်းထားသလို လှိုင်းလေ မရှိသေးပဲ ကြည်လင်တဲ့ ရေလွှာ ) အချိန်မှာ ဘ၀တာဝန်တွေ ကျေပွန်အောင် ဆောင်ရွက်ခဲ့သူတွေ ပြန်လို့လာခဲ့ပါပြီလို့ ဆယ်လမွန်ငါးတွေကို ညွှန်းဖွဲ့ထားပါတယ်။ ဘ၀စေရာ တာဝန် ဆိုတဲ့ စကားလုံးလေးဟာ အပိုအလို မရှိ လှပလွန်းလှပါတယ်။

[ ဒီ စာပိုဒ်ကတော့ ငါ့အတွက် မဖြစ်သေးပါဘူး။ လိုပါသေးတယ်။ ]

ပြန်ချိန်လည်း ဆုံးဖြတ်ခိုင်မာစေ ၊ ရာသီလည်းတွက်ချက် မှန်ကန်စေ စိတ်တူရာခိုဝင် ပြည့်စုံချိန်၊ ပြန်ခဲ့မယ်တဲ့ ၊ ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန်၊ ဆယ်လမွန်ငါးတို့ အပြန် ၊ ဆယ်လမွန်ငါးတို့ အပြန် အပြန် - အပြန် - အပြန်.... ၊ ဆယ်လမွန်ငါးတို့ အပြန်

V2- ပြန်ကြမယ် ဆိုတော့ ပြန်ချင်တိုင်း ပြန်လို့ မရပါဘူး။ ရာသီချိန် နဲ့ ပြန်ရ မှာ ဖြစ်သလို ၊ ပညာ၊ငွေကြေး ပြည့်စုံ အောင်ရှာ ခဲ့ဖို့ကလည်း လိုပါသေးတယ်။ မွေးဒေသ ကိုစွန့်ပြီး လာခဲ့ရကျိုးနပ်အောင် ၊အပြန်လမ်း လှဖို့ကလည်း လိုပါ သေးတယ်။ စိတ်တူရာ ခိုဝင်တဲ့ ကြင်သူ ရှိရင်တော့ အကောင်းဆုံးပဲမဟုတ်လား။

[ မွေးမြေရပ်ကို စွန့်ခွာပြီး ပညာရှာ၊ စီးပွားရှာနေတဲ့ သူတိုင်းအတွက် သက်ဆိုင်ပါတယ်။ စာသားတွေက အရမ်း အသက်ဝင်လှပါတယ်။ ငါအတွက်လား! အင်း ... အများကြီး ကြိုးစားရဦးမှာပါ ]

ချစ်ဖော်လည်းလိုက်ခဲ့ ခေါ်ငင်စေ၊ ၀ဋ်ကြွေးလည်း တုံ့လှည့်ကျေနပ်စေ ဦးဆောင်သူစေရာ ၊ ယုံကြည်စွာ လိုက်ခဲ့မယ်တဲ့ ၊ မောင်မယ်စုံ ဆန်ကာပြန်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန်၊ ဆယ်လမွန်ငါးတို့ အပြန်၊ ဆယ်လမွန်ငါးတို့ အပြန် အပြန် - အပြန် - အပြန်.... ဆယ်လမွန်ငါးတို့ အပြန် ဆယ်လမွန်ငါးတို့ အပြန်......

V3-ပြန်ကြမှတော့ မောင်မယ်စုံ တွဲဖက်ပြီး ရေစုန်ကို ဆန်ကြတာပေါ့။ ဦးဆောင်တဲ့သူလည်း ရှိနေပြီပဲ။ အတူပြန်ကြမယ့် ခရီးရှည်ကြီးသည် မိုးဦးမှာ စလိုက် ကြရအောင်။ ချစ်ဖော်လည်း လိုက်ခဲ့တော့လို့ ခေါ်ထားပါတယ်။

[ ကျွေးကျေးဇူး၊ မွေးကျေးဇူးတွေ ပေးဆပ်ပြီး ပညာစုံ ဥစ္စာစုံပြီးတဲ့ တစ်နေ့မှာပေါ့ ... ]

သီချင်းလေးက ခံစားမှုရသ အမျိုးမျိုးနှင့် ရှေ့ဆက်ဖို့ ခွန်အားကို ပေးစွမ်းနိုင်တယ်လို့ထင်တယ်။ မိတ်ဆွေရော ... နားထောင်ပြီး စဉ်းစားဆင်ခြင်ကြည့်စေချင်ပါတယ်။ ဘ၀မှာ လုပ်ဖို့ လိုအပ်နေတာလေးတွေ၊ ပေးဆပ်ဖို့ လိုအပ်နေတာလေးတွေ စိတ်ထဲကနေ အနည်းငယ်တော့ ထွက်လာမှာပါ။ ရှေ့ဆက်ရမည့် ခရီးအတွက် ခွန်အားသစ်တွေပါ ရသွားမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ smile

credit : ကိုအော်လံမောင်

Comments

  1. Anonymous11:14 pm

    သီချင်းစာသားတွေဖတ်ပြီး နားထောင်သွားတယ် ဖိုးချမ်း။ သီချင်းစာသား၊ အဓိပါယ်တွေက တော်တော်ကောင်းတယ်။ တနေ့နေ့ပေါ့ ဆယ်လမွန်ဖိုးချမ်းရာ...

    ReplyDelete
  2. ကိုချမ်း... သီချင်းတစ်ပုဒ်လုံးကို နှစ်ခေါက်တိတိ နားထောင်သွားကြောင်း...

    ReplyDelete
  3. ကျွန်တော်လည်း June 7 က ဒီရောက်တာ တစ်နှစ်ပြည့်တာပဲ။ ကိုချမ်းရေးထားသလိုပဲ အကျိုးရှိတာတွေလုပ်ခဲ့တဲ့ အချိန်တွေရှိသလို အကျိုးမရှိ အရည်မရ အဖတ်မရ လုပ်ခဲ့တဲ့တာတွေလည်း ရှိခဲ့တယ်။ အခုထိလဲ ဘာမှတော့ ထူးထူးခြားခြားပြောင်းလဲတာ ဘာမှမရှိသေးဘူး။

    ReplyDelete
  4. ဖိုးချမ်းအဲ့ချို နင်တစ်နှစ်ကြီးများတောင် ကြီးတွားပီပေါ့နော်..ဟားဟားး..အော် mature ဖြစ်လာပီလို့ပြောတာပါဟာ..
    နာကအစက ခင်ဝမ်းဆိုလို့ ပျင်းချရာကြီးဆိုပီး မနားထောင်ဝူးလုပ်နေတာ... စာသားတွေကြည့်လိုက်မှ..ကွက်တိကို ကိုက်နေဒယ်ဟေ့..

    ReplyDelete
  5. ခံစားရစေပါတယ်...ငါလည်း ဒီမှာ ၆ လကျော်သွားပြီ...ဘယ်တော့ ပြန်ရမယ်ဆိုတာ ကို ခုထိစဉ်းစားလို့ မရဘူး...သေချာတာတော့ ပြန်ရမယ်ဆိုတာ ကို ငါ့နှလုံးသားထဲ မှာရှိနေတာ ကံကောင်းတာပဲ...

    ReplyDelete
  6. ကိုချမ်းရေ.. အောင်မြင်စွာနဲ့... ဆန္ဒတွေပြည့်ပြီး အမြန်ပြန်လာနိုင်ပါစေဗျာ...။ ပြီးမှဟိုကိုမလွမ်းနဲ့နော်..။ ဒီမှာတော့ Internet သုံးရတာ Connection မကောင်းဘူး....။ :P

    ReplyDelete
  7. Anonymous2:07 pm

    Thanks for Ko Khin One's masterpiece song..
    listerned with a tank of thinking...
    Mg Yin
    I wonder if you could share this song too coz i could not find it easily (But I also respect Ko Khin One's copy right)

    ReplyDelete
  8. ဘ၀ဆိုတာ ဒီလိုပါပဲကွာ။ အားလုံးတော့ မရနိုင်ဘူးပေါ့ကွာ။ တစ်ခုခုကို လိုချင်ရင် တစ်ခုခုတော့ ပေးဆပ်ရမှာပါပဲ။ အရည်မရအဖတ်မရလို့ မတွေးပဲ အတွေ့အကြုံလို့ တွေးကြည့်စမ်းပါ။ ကိုယ့်ကိုကိုယ် အားပေးပြီးသား ဖြစ်ပါတယ် ...:)

    ReplyDelete
  9. Anonymous6:52 pm

    I've been in TW about 2yrs N one thing I got is.........got more 10Kg in weight.. :D

    ReplyDelete
  10. byn : ကျေးဇူးပါ byn :)

    waihin : သီချင်းတင်ရကျိုး နပ်သွားပြီ :)

    myo kyaw htun : နိုင်ငံခြားနေလဲ ဘ၀တူတွေပါပဲ :)

    ahmei : ဟုတ်ပအမိရေ အဲဒီသီချင်းလေး အရမ်းခံစားရတယ် :)

    sailinnthu : ပြန်ပြီး မိန်းမယူတော့ မလို့လား :P

    mg yin : welcome : if u need any song . just tell me :)

    steven : အားပေးတဲ့အတွက် ကျေးဇူးပါ ဆရာရေ :)

    ReplyDelete
  11. wishy-washy : haha so . u gotta become fatty :P

    ReplyDelete
  12. ဖိုးချမ်း.. ရေ... မိုးကောင်းကင်တွင် ကြယ်များလင်းလက်၍ မြေပြင်ပေါ်တွင်ပန်းများပွင့်စေသော်.. ဆိုတဲ့ ပေါ်လစီ ကားထဲမှာ စကြားဖူးထဲက နာလည်းဒီသီချင်းကို ကြိုက်နေတာ...။ ဒါပေမယ့် ဆယ်လမွန်ငါးတို့အပြန် ဆိုတာ ကိုအော်လံမောင် အဓိပ္ပါယ်ဖော်သလောက်ကြီး နားလည်ခဲ့ဖူးးး... ကြိုးစားပါ... ကြိုးစားရင် ဘုရားတောင် ဖြစ်သေးတယ်။ ကံကောင်းလို့တော့ ဘုရားမဖြစ်ဖူးနော်..။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။