Skip to main content

အိပ်ကြသည် ဆိုရာဝယ်

London Underground ပေါ်မှာ လူတွေ နည်းအမျိုးမျိုးနှင့် အိပ်ကြပါတယ်။ မတ်တတ်ရပ်လည်း အိပ်ကြတယ်။ ထိုင်ပြီးတော့လည်း အိပ်ကြတယ်။ မှီပြီးတော့လည်း အိပ်ကြတယ်။ အထူးသဖြင့် ညနေပိုင်း ရုံးဆင်းချိန်တွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ တစ်နေကုန် ပင်ပန်းလာသမျှ ရထားထဲမှာ ဂျုံးဂျုံးဂျက်ဂျက် အသံလေးနဲ့ ငြိမ့်ကြတာပေါ့။ မနက်ပိုင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ညပိုင်း အလုပ်လုပ်တဲ့သူတွေက မနက်ပိုင်းရောက်မှ ရထားစီးပြီး ပြန်ကြတာလေ။ အဲဒီတော့ ၁၅မိနစ်ရလည်း နည်းသလားဆိုပြီး ရသလောက်အချိန်လေး အိပ်ကြတယ်။ တစ်ခါတလေ အိပ်တာလွန်ပြီး station ကျော်သွားလို့ ပြန်ပြီး စီးရတာတွေလည်းရှိတယ် (မောင်CMS အပါအ၀င်ပေါ့) အခုလည်း ရထားပေါ်မှာ ကျွန်တော် တွေ့ရသလောက် လျှက်တပြတ် မှတ်တမ်းတင်ထားလိုက်တယ်။ အသိတွေများ ဖြစ်နေရင်တော့ ခွင့်လွှတ်နိုင်ကြပါစေသတည်း ... ဟိဟိ ... ကိုယ့်အလှည့်ကြမှ ဘယ်သူချောင်းပြီး ရိုက်မလဲ မသိဘူး razz

ဓာတ်ပုံ ရိုက်မှန်းသိလို့ တမင်တကာ ပဲ ပေးပြီး အိပ်နေတာလားမသိဘူး

ဟေ့လူ ... ထ ... ထ ... station ကျော်သွားပြီ razz

London Underground နဲ့ ပက်သက်ပြီး စိတ်ဝင်စားစရာတွေကို တော့ အောက်ပါ Link များမှာ သွားရောက် ဖတ်ရှူ့နိုင်ပါတယ်။ Tube Diary blog မှာ YouTube Movie တစ်ခု ကြည့်လိုက်ရသေးတယ်။ ဖွင့်ကြည့်လိုက်တော့ သူ့ရဲ့အချစ်ကို Northern Line မှာ တွေ့သွားတဲ့အကြောင်း သီချင်းတစ်ပုဒ် လုပ်ပြီးဆိုထားတာ။ အဟား .... Underground ဇာတ်လမ်းပေါ့ razz ရှူ့စားကြည့်ပါဦး။


London Underground from Wiki
London Underground Tube Diary
Transport for London - TFL

Comments

  1. အေး..သူများကိုရိုက်ပီးး ကျိတ်ပျော်နေ..မပူနဲ့ နင့်အလဲ့ကျ.. နာရိုက်ပေးမယ် ဖိုးချမ်းအိပ်ငိုက်တဲ့ ရှီတိုင်ချိုပီးး ဟီးးးး

    ReplyDelete
  2. ဒါချို့ နင့်ကိုပဲ သတိထားရတော့တယ် :P ဒါပေမဲ့ ကြည့်ကြကသေးတာပေါ့ .. အဒူ က အဒူ့ကို ရိုက်မလဲ .. ဟဲဟဲ :P

    ReplyDelete
  3. ဖိုးချမ်း မင်းကျတော့ မအိပ်တာကျနေတာပဲ...နာကတော့ လစ်ရင်လစ်သလို အိပ်တာ..တခါတလေ စဉ်းစားနေသလိုလို ဘာလိုလိုနဲ့တောင် ခိုးအိပ်လိုက်သေးတယ်..ဟီးဟီး...နာ့ ရုံးမှာလည်း အိပ်တဲ့လူတွေရှိတယ်. ..ရီ ရတယ်..

    ReplyDelete
  4. ရုံးမှာ ခိုးအိပ်မနေနဲ့ အလုပ်ပြုတ်နေမယ် :P

    ReplyDelete
  5. အင်း ရိုက်ရိုက်.... ဟိုက တရားဆွဲနေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။

    p.s: reflection ကြောင့် ကိုချမ်း ပုံကို မြင်ရတယ်။

    ReplyDelete
  6. တစ်ခါတလေ အိပ်တာလွန်ပြီး station ကျော်သွားလို့ ပြန်ပြီး စီးရတာတွေလည်းရှိတယ် (မောင်CMS အပါအ၀င်ပေါ့)တဲ့ အိပ်တော့ အိပ်ပေါ့ ပြုံးပြုံးကြီးတော့ မအိပ်မိစေနဲ့ ပေါ့ တော်ကြာနေမှားယွင်းပြီး အရူးထောင်ရောက်နေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။ ကိုယ်တွေကတော့ ရန်ကုန်ကနေမန်းလေးပြန်တိုင်း ရထားခုံပေါ်မှာ ပုံစံ ၁၂မျိုးနဲ့
    အိပ်လိုက်သွားတတ်တာ ဟိဟိ(ဘူသူ့မှ ကြောကြဘူးနော်) :P

    ReplyDelete
  7. ခိုးအိပ်တာများ..ဟိ..ဟိ..
    နှစ်ကူးတို့ကတော့ မူလတန်းကနေ အထက်တန်းရောက်တဲ့ထိ... ပုံစံအညိုးညိုးနဲ့ အိပ်ငိုက်တာ လေ့ကျင့်ပီးသား... :P

    ReplyDelete
  8. ရတနာ ကတော့ အကျင့်တစ်ခုရှိတယ်။
    အဲလိုအိပ်နေတာတွေရင် Colour Pen နဲ့သွားဆွဲချင်တာလေ။
    တွေ့တဲ့လူသွားသွားလုပ်လွန်းလို့လဲ
    ပြောခံရတာ အခါခါ။
    ဖိုးချမ်း နင်အိပ်ငိုက်တဲ့အချိန်လာဆွဲရရင် ဘယ်လောက်
    အရသာရှိမလဲနော်။

    ReplyDelete
  9. ငိုက်မရှက် .. ကြိုက်မရှက်ပါ .. ဟီး

    ReplyDelete
  10. MKH ... တရားဆွဲလည်း နာမည်ကြီးတာပေါ့ကွာ :P

    melodymaung ... ကြော်ငြာဝင်တာလား ... ၁၂ မျိုးဆိုတော့ နည်းနည်းများ များနေမလား လျော့ပါဦး :D

    နှစ်ကူး ... Training လာတတ်ဦးမယ် :P

    yadanarcho ... ဟုတ်ကဲ့ပါဗျာ ခင်ဗျားလေးဆွဲဖို့ ကျွန်တော် အိပ်ငိုက်ပေးပါ့မယ်ဗျာ :P

    Ko Toe ... ဟုတ်တယ်ကိုတိုးရေ ငိုက်ရတာလည်း အရသာတစ်မျိုးပဲလေ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။