Skip to main content

London 2012 Olympic New brand launches

The jagged emblem, based on the date 2012, comes in a series of shades of pink, blue, green and orange and will evolve in the run-up to the Games.
London 2012 Olympic အတွက် New Logo ကို ဒီနေ့ Launch လုပ်လိုက်ပါတယ်။ Design ကို wolff-olins ကနေ ဆွဲပေးတာလို့ သိရပါတယ်။ BBC မှာပြောထားတဲ့ Article အရ New Logo ဟာ 2012 ဆိုတဲ့စာလုံးကို အခြေခံထားပေမယ့် ရုတ်တရတ်ကြည့်ရင်တော့ ပုံစံနောက်တစ်မျိုး ဖြစ်လို့နေပါတယ်။ ဘာပုံဖြစ်နေသလဲ ဆိုတာကတော့ သေချာကြည့်မှပဲ သိမှာနော် wink

London မှာလည်း အဲဒီပွဲအတွက် ပြင်ဆင်နေကြပါတယ်။ အထူးသဖြင့် Train/Tube တွေကိုပါ။ weekend ဆိုရင် ပိုဆိုးပါတယ်။ နောက်ပြီး အဲဒီ Logo အသစ်ကို BBC မှာ Vote လုပ်ထားတာကိုလည်း တစ်ချက်သွားကြည့်လိုက်ပါဦး။ တော်တော်လေးကို အားပေးထားပါတယ်။ အရင်က လုပ်ထားတဲ့ Old Logo လေးဟာ သူဟာနဲ့သူ နေရာတသားကျပြီးသာပါ။
ဒါကို အခု ထပ်ထပ်ပြီး တွန့်လိုက်ကြတယ်။ အခုတော့ ပြင်လွန်းလို့ ဖင်ချွန်းတယ်ဆိုပြီး အပြောခံနေရပြီ။ နောက်ပြီး တော်တော်များများက ကလေးဆွဲထားတဲ့ Design သာသာလောက်ပဲရှိတယ်ဆိုပြီး ပြောကြပါတယ်။ London ရောက်ပြီး ဒီ Old Logo လေးကို တွေ့ကတည်းက အရမ်းသဘောကျနေတာ။ အခု နောက်ထွက်လာတဲ့ Logo ကိုမြင်လိုက်တော့ အရမ်းစိတ်လေတယ်။ လူကြီးတွေလည်း ဒီကိစ္စနဲ့ပက်သက်ပြီး တော်တော်ပြောခံရမှာ အသေအချာပါပဲ အထူးသဖြင့် Logo ကို ရွေးချယ်တဲ့သူပေါ့။ နောက်ပြီး New Logo အတွက် ကုန်ကျတာကိုလည်း တစ်ချက်ကြည့်လိုက်ဦး .. £400,000 နော် eek ပိုက်ပိုက် အရမ်းကုန်ပြီး ထွက်လာတဲ့ Result က မလန်းတော့ နောက်ပိုင်း ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။

မိတ်ဆွေရော ... ဘယ်လိုထင်ပါသလဲ။ prefer new one or old one idea

Comments

  1. whatever သူတို့ပါးစပ်ဖျားက new brand လေးက ခုvote အရ wooden spoon 83% ဆိုတော့ အသိသာကြီးပါနော်..:D:D

    ReplyDelete
  2. thank, you visite my blogs
    catoer

    ReplyDelete
  3. I prefer old one too :) thz: all for your comment.

    ReplyDelete
  4. Anonymous7:19 pm

    အသစ်လေးလည်းမိုက်ပါတယ်..အမြင်တစ်မျိုးဆန်းနေတယ်..အဟောင်းကရိုးရိုးယဉ်ယဉ်လေး...အသစ်ကပုံမှန်အိုင်ဒီယာကနေခွဲထွက်ထားပုံရတယ်..မဆိုးပါဘူး..

    ReplyDelete
  5. ဟုတ်တယ်ဗျ တစ်ခါတလေကျ သူတို့ အိုင်ဒီယာတွေက လိုက်လို့ မမှီနိုင်ဘူး ဖြစ်နေတယ် :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။