စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...
တော်လိုက်ကြတဲ့လူတွေ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။
ReplyDeleteသာလွန်းပါတယ်ကွာ....
ReplyDeleteတော်လိုက်ကြတာ သူများသားသမီးတွေများ။
ReplyDeleteကွာလိုက်တာ။။။စိတ်ဝင်စားလို Connection မကောင်းတဲ့ကြားက မနည်းကြည်လိုက်ရတယ်။
ကိုချမ်းရေ ကျွန်တော့ဆီမှာတော့ ဘာပုံမှပေါ်ဝူး...။ ထပ်ကာထပ်ကာ Reload လုပ်လည်းရ၀ူး...။ အောက်ကပုံတွေကတော့ ပေါ်တယ်...။ cbox ဘယ်ရောက်သွားပြန်တာလဲဗျ...။ မဆိုင်တာတွေ ပြောချင်ရင်ခက်ပြီ...။
ReplyDeleteကိုချမ်းရေ Animation cartoon လှလှလေးတွေလိုချင်လို့...။ ဘယ်မှာရှာရမလဲ...။ ညွှန်ပါဦး...။ ဒါကြောင့်ပြောတာ cbox ထားပါလို့...။
ReplyDeletebyn ... ကြည့်ပြီး ဒီဇိုင်းလောကကို စိတ်လေသွားတယ်။ တော်ကြလွန်းလို့ :)
ReplyDeletesailinthu ... ကိုသာပေါ့ :P
yadanar ... ဖြေးဖြေးကြည့် ခလုတ်တိုက်နေမယ် :P
konaygyi ... cbox ရှိပါတယ်ဗျာ။ message board ဆိုတာလေးကို ရှာကြည့်ပါ။ Animation cartoon site လေးတွေ တွေ့ရင် ပြောပါ့မယ် :)