Skip to main content

Tracking and Displaying Online Visitors

ကိုယ့်ရဲ့ Blog မှာ Vistor ဘယ်နှစ်ယောက်လာပြီး ဖတ်နေလဲဆိုတာကို သိနိုင်ဖို့အတွက် Online visitor Counter တွေကို အသုံးပြုနိုင်ပါတယ်။ ဒီလို Online Counter မျိုးတွေကတော့ Popular ဖြစ်တဲ့ Website တွေအတွက် ပိုပြီးသင့်တော်ပါတယ်။ ဥပမာ ... TechCrunch လိုမျိုးပေါ့။ အဲဒီ site ကိုကြည့်လိုက်တာနဲ့ အနည်းဆုံး Visitor 300 လောက်ကတော့ Online အမြဲတမ်း ရှိနေတတ်တယ်။ နောက်ပြီး Reader များတဲ့ Blog တွေမှာ ထည့်ရင် visitor/reader ရဲ့impression ကိုလည်းပိုပြီးတော့ ရစေပါတယ်။ Popular ဖြစ်တဲ့ Online counters တွေထဲမှာမှ အခုနောက်ပိုင်း လူသုံးအများဆုံး ဖြစ်လာတာတွေကတော့ ...
  1. whos.amung.us
Popular အဖြစ်ဆုံး service တစ်ခုပါ။ Signup လုပ်ဖို့မလိုပါဘူး။ တစ်ခါတည်း Code ကိုယူပြီး ထည့်သုံးရုံပါပဲ။ TechCrunch မှာလည်း ဒီ counter ကိုပဲ သုံးထားတာ တွေ့နိုင်ပါတယ်။ အခု Color Theme ရွေးတဲ့ Feature ပါ ပါလာတယ်။ နောက်ပြီး အရင်နေ့တွေက past status တွေကိုပါ ပြန်ပြီး checking ပြန်လုပ်နိုင်ပါတယ်။

  1. 24log.com
Registration လိုအပ်ပါတယ်။ Button style နဲ့ Color တွေကို ရွေးချယ်ခွင့် ပေးထားပါတယ်။ Online Time (eg. 1min, 2min etc...) အတွင်းမှာ Visitor ဘယ်လောက်လာခဲ့သလဲ ဆိုတာမျိုး သတ်မှတ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

  1. neocounter
signup လုပ်ဖို့လိုပါတယ်။ ကိုယ့်blogကို လာလည်တဲ့ Visitor ရဲ့ နိုင်ငံအလိုက် Flag လေးတွေနဲ့ ပြပေးတဲ့ Feature ကလည်း သုံးချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်ထားပါတယ်။ neocounter အပြင် neoEarth, neoFlags, နှင့် neoBoard စတဲ့ service တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

  1. freeonlineusers.com
signup လိုပါတယ်။ Tracking Feature ပါပါတယ်။ domain တစ်ခုထက်မက ပိုပြီးတော့သုံးနိုင်ပါတယ်။ Blog များစွာ ပိုင်ဆိုင်တဲ့သူတွေအတွက် ပိုသင့်တော်ပါလိမ့်မယ် wink

  1. myonlineusers.com
signup လုပ်စရာ မလိုပါဘူး။ Coding ယူပြီး တစ်ခါတည်း အသုံးပြုရုံပါပဲ။ Online ဘယ်လောက်ရှိလဲဆိုတာ ပြရုံသက်သက်ပါပဲ။ တစ်ခြား Features တွေ မပါပါဘူး။

ကျန်ခဲ့၊ လိုအပ်ခဲ့တာလေးများရှိခဲ့ရင်လည်း comment မှာ ရေးပေးနိုင်ပါတယ် smile

Comments

  1. နောက်ခံ background ကာလာတွေမှာ အဖြူနဲ့ အနက်ကို ရှောင်သင့်တယ်လို့ကျနော်ထင်တယ်ဗျာ။ ကျနော်ပဲ မျက်လုံးမကောင်းလို့လားတော့ မသိဘူး။ နောက်ပြီး ကွန်ပြူတာမှာ ၀င်းဒိုးမပေါ်ခင်က အဖြူနဲ့ အမဲ ၂ မျိုးပဲ ရတယ်။ နောက်ဝင်းဒိုးတွေလည်းပေါ်လာ၊ ဂရစ်ဖစ်တွေလည်း ပိုကောင်းအောင်လုပ်လာတဲ့အချိန်မှာ ဘာဖြစ် လို့များ အဖြူအမဲကို အဓိက ထားသုံးချင်နေကြသလဲ။ အရောင်အေးအေး၊ ခပ်ဖျောဖျောလေးနဲ့ စာဖတ်လို့ကောင်းမဲ့ နောက်ခံလေးသုံးပေးပါလို့ အကြံပြုပရစေလား။ ကျနော်က စာကို အဓိကထားပြီး ဖတ်သူမို့ပါ။

    ReplyDelete
  2. အေး တူနယ်ဂျင်း ဒီလို blogging နဲ့ ပတ်သက်တဲ့ post တွေ ဆက်လုပ်.. အားပေးတယ်တွ..ဟီး

    ReplyDelete
  3. ကိုသက်ဦး > ကိုသက်ဦးပြောတာမှန်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာက အဖြူကို standard ထားပြီး တော်တော်များများသုံးကြပါတယ်။ အဓိက အကြောင်းအရင်းကတော့ Graphic တွေကြောင့်ပါပဲ။ အဖြူ background ပေါ်မှာ Graphic ထည့်ရတာလွယ်ကူတယ်။ ဘာမှ ပြန်ပြီး edit လုပ်စရာမလိုဘူး။ ပြီးတော့ တစ်ခြားနောက်ခံ အရောင်တွေထက်စာရင်လည်း ပိုပြီး ကြည့်လို့ကောင်းတယ်။ အဲဒီအချက်ကြောင့်ပါ။ ကိုသက်ဦးပြောလို့ ကျွန်တော်လည်း Layout color ကို ကစားကြည့်ပါဦးမယ်။ အခုလို အကြံပြုတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုသက်ဦး:)

    ahmei, sai linn thu > welcome တူငယ်ချင်း :)

    ReplyDelete
  4. ဖြူမဲ၊ မဲဖြူ :P။ မရောက်တာ ကြာပြီ။ တန်ဖိုးရှိတဲ့ ပို့စ်တွေပါ ဖိုးချမ်း။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။