Skip to main content

Using "site" Query modifier in Google Search

site: If you include [site:] in your query, Google will restrict the results to those websites in the given domain. For instance, [help site:www.google.com] will find pages about help within www.google.com. [help site:com] will find pages about help within .com urls. Note there can be no space between the "site:" and the domain. [more]

Website တစ်ခုထဲကို အတွင်းကျကျ နှိုက်ပြီး လိုချင်တာ ရှာဖွေချင်
တဲ့အခါ "site" Query Modifier က တော်တော်လေးအသုံးဝင်ပါတယ်။ အင်တာနက်မှာဆိုရင် rapidshare.com တို့ megaupload.com တို့မှာ File တွေ Application တွေ Software တွေ သီချင်းတွေ တော်တော်များများ Upload လုပ်ကြတယ်။ အဲဒီထဲမှာမှ ကိုယ်လိုချင်တဲ့အရာတစ်ခုခုကို ရှာချင်တယ်ဆိုရင် ဒီ Query Modifier ကို အသုံးပြုနိုင်ပါတယ်။

ဥပမာ ... ကျွန်တော်အခု Kaspersky Antivirus ကို လိုက်ရှာနေတယ် ဆိုပါစို့။ rapidshare.com မှာ သူများတွေ sharing လုပ်ထားကြတာတွေ သေချာပေါက်ရှိတယ်။ ဒါပေမဲ့ download လုပ်ရမည့် add/url ကို မသိဘူး။ အဲဒါကြောင့် Google မှာ ဒီလိုရိုက်ပြီး ရှာလိုက်တယ်။



"kaspersky" keyword ပါတဲ့ Link တွေ ဒီအတိုင်းထွက်လာတယ်။ အဲဒီမှာ result ကိုကြည့်လိုက်ရင် rapidshare ထဲက Link တွေကိုပဲ ပြနေလိမ့်မယ်။ ကျန်တဲ့ Link တွေ ပါလာမှာ မဟုတ်ဘူး။



အထက်ပါ List မှတစ်ဆင့် Information တွေကို ဖတ်ပြီး ကိုယ်နှစ်သက်ရာ Version ဒါမှမဟုတ် ကိုယ် Download လုပ်ချင်သည့် Link တစ်ခုခုကို Click လုပ်ယူကာ Download လုပ်ယူနိုင်ပါသည်။

keyword တစ်ခုထက်မက ပိုပြီးထည့်ချင်တယ်ဆိုရင်တော့ space ကို အသုံးပြုနိုင်ပါတယ်။
ဥပမာ ... site:rapidshare.com kaspersky internet security

အထက်ပါနည်းလမ်းကို အသုံးပြုပြီး ကိုယ်လိုချင်သည့် Software များ၊ သတင်းအချက်အလက်များ၊ Music Album များ၊ Game များကို ကိုယ်ရှာဖွေချင်သည့် site တစ်ခုအတွင်း၌ မွှေနှောက်ကာ ရှာဖွေနိုင်ပါသည် smile

Comments

  1. တိုင်းကျူး.. အဲလို keyword လေးတွေသိချင်နေတာ.. try Google ဆိုတဲ့အတိုင်း try ကြည့်လိုက်တော့မည်... အပ်ချလောင်းးး..

    ReplyDelete
  2. try စေဗျား ... စကားမစပ် ... ညလည်း အိပ်ဦးနော် :D

    ReplyDelete
  3. connection ဒီလိုလျှောလျှောရှုရှုရချင်ရင်... ဒီလောက်ထိစောင့်ရဒယ်.. ဗမာပြည်မှာ... internet ဒုက္ခသုံးမျိုးချိဒယ်.. ပိတ်ထားတဲ့ site တွေ ကျော်ခွတက်ရခြင်း ၊ မီးမလာခြင်းနဲ့ connection ကို အိပ်ပီးစောင့်ရခြင်းး ဟိ..ဟိ.. တော်သေးပီ.. အိပ်တော့မည်..။
    ... အိပ်တွားပီ... ခလော..ခလူးးး

    ReplyDelete
  4. ကိုချမ်းရေ မွေချင်နေတာနဲ့တော့ အတော်ပဲဗျာ
    ကျွန်တော် ပြန်ရောက်ပါပီ လာခဲ့ဦး မန်းလေးရဲ့ နေ၀င်ချိန်လေး လာကြည့်လှည့်ဦး

    ReplyDelete
  5. သူငယ်ချင်း rapid share account ရှိရင် username and password လေး အီးမေးလ် ဆန့်လိုက်ဦးနော်..:P

    ReplyDelete
  6. Anonymous8:14 pm

    Thanks for your a valuable tip.

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။