Skip to main content

ပိုက်ဆံ | အကြွေလည်ပတ်မှု စနစ်

မနက်ပိုင်း ၉ နာရီလောက် Visa ၀င်ဖို့အတွက် စာစီစရာရှိတာလေးတွေလုပ်ဖို့ မိတ္တူဆိုင်ကို ထွက်လာခဲ့တယ်။ ဆိုင်ကိုလည်းရောက်ရော လူတွေအရမ်းများနေလို့ ခဏထိုင်စောင့်နေရတယ်။ အဲဒီအချိန်မှာ ကိုရင်လေးတစ်ပါးဝင်လာပြီး ဆိုင်ထဲကလူရဲ့လက်ထဲကို တစ်ဆယ်တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန် နှင့် တစ်ရာတန်ပါတဲ့ အကြွေတွေထည့်လိုက်တယ်။ အစကတော့ မသိသေးဘူး။ နောက်ပိုင်းမှ သဘောပေါက်တော့တယ်။ ဆိုင်တွေမှာ အကြွေက အရမ်းရှားတော့ ကိုရင်လေးတွေ အလှူခံလို့ရလာတဲ့ အကြွေတွေကိုပဲ ပြန်လဲကြရတော့တယ်။

မနက်ပိုင်း ကိုးနာရီ၊ ဆယ်နာရီလောက်မှာ လာပြီးလဲတာတောင် ကိုရင်လေး ၁၀၀၀ ကျော်ကျော်လောက်ရလိုက်တယ်။ နောက်တစ်ပါး လာပြီးလဲသွားတာက သူ့ထက်ပိုများသေးတယ်။ ဒီအတိုင်းတွက်ကြည့်ရင် ကိုရင်တစ်ပါးက တစ်နေ့ဝင်ငွေ အနည်းဆုံး ၁၀၀၀ ကနေ ၃၀၀၀ ကြားမှာရှိလောက်တယ်နော့။ ကိုရင်လေးတွေကို မေးကြည့်တော့ သာကေတ ကနေလာပြီး ဆွမ်းခံကြတာတဲ့။ ဘာသာရေးရှူ့ထောင့်ကကြည့်မယ်ဆိုရင်တော့ သိပ်မကောင်းပေမယ့်။ ဈေးဆိုင်တွေအတွက် ဒါမှမဟုတ် အကြွေလည်ပတ်ဖို့အတွက်ကတော့ အဆင်ကိုပြေနေတာပဲ။

မန္တလေးမှာတုန်းကလည်း တစ်နေ့သော ညနေပိုင်းမှာ မဟာနွယ်ဆိုတဲ့ လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေတုန်း သူတောင်းစားအဘွားကြီးတစ်ယောက် အကြွေတွေထုပ်ပြီးလာလဲတယ်။ အားလုံးပေါင်း ၃၀၀၀ နီးပါးလောက်ရတယ်။ တစ်လ ဘယ်လောက်ရမလဲ တွက်သာကြည့်တော့။ နောက်ပြီး လဘက်ရည် ရှယ်(ဇွန်းတပ်) တစ်ခွက်သောက်ပြီး ပြန်သွားတယ်။ ကိုယ့်လဘက်ရည်ခွက်ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်တောင် အားငယ်သွားတယ်။ သူတောင်းစားတောင် ရှယ်တွေဘာတွေ သောက်ပြီးလစ်သွားတာကိုး :P

သူတောင်းစားတွေကလည်း အဲလို တောင်းလို့ရမှန်းသိတော့ အလုပ်ကို မလုပ်ချင်ကြတော့ဘူး။ အဖိုးကြီး အဖွားကြီးတွေ တောင်းစားတာကို လက်ခံပါသေးတယ်။ တစ်ချို့တွေက လုပ်နိုင် ကိုင်နိုင်တဲ့ အရွယ်တွေ။ ဒါကို လိုက်ပြီးတောင်းစားနေတယ်။ လွယ်လွယ်ရတော့လည်း အလုပ်မလုပ်ချင်ကြတော့ဘူး။

နောက်တစ်ခု စဉ်းစားမိတာက ပိုက်ဆံဆိုတာ သေချာစဉ်းစားကြည့်ရင် မသန့်တော့ဘူး။ ဘာလို့လဲဆိုတော့ လူပေါင်းစုံ ကိုင်နေတာလေ။ အထူးသဖြင့် ကျွန်တော်သတိထားမိသလောက် ကွမ်းယာဆိုင်တွေမှာဆိုရင် ပိုက်ဆံပေးလိုက်တယ် ကွမ်းယာ ယာလက်ဆ လက်နဲ့ပဲ လှမ်းယူလိုက်တယ်။ ပြီးတော့ ကွမ်းယာ ဆက်ပြီးယာတယ်။ အဲဒီတော့ ပိုက်ဆံမှာ ကပ်ပြီးပါလာနိုင်တဲ့ အညစ်အကြေးတွေ ရောဂါပိုးမွှားတွေက ကွမ်းရွက်ကနေတစ်ဆင့် ကွမ်းစားသူရဲ့ ခန္ဓာကိုယ်ထဲကိုကူးဆက်သွားရော။ ဖြစ်နိုင်ရင် ပိုက်ဆံကိုင်ပြီးတာနဲ့ လက်ကိုဆေးသင့်တယ်။

ကလေးငယ်တွေကိုလည်း ပိုက်ဆံတွေ မပေးသင့်ဘူး။ အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ်ပေါ့။ များသောအားဖြင့် ပိုက်ဆံတွေက စုတ်ပြဲ ဟောင်းနွမ်းနေတာတွေပဲ များတယ်။ ငါးဆယ်တန်၊ တစ်ရာတန်၊ နှစ်ရာတန်တွေဆိုရင် အသစ်ဆိုတာ သိပ်မမြင်ဘူးတော့ဘူး။ လူတွေ အဆာင်အနေနဲ့ ဆောင်တဲ့ ပိုက်ဆံလေးတွေပဲ သစ်ကြတော့တယ်။

ပိုက်ဆံအကြောင်းပြောရင်း ပိုက်ဆံနဲ့ ပက်သက်ပြီးတော့ ကိုယ်တွေ့ကြားဖူးတာလေးကို ဖွ ... အဲ ... မျှလိုက်ပါဦးမယ်။

လဘက်ရည်ဆိုင်မှာ ထိုင်နေတုန်းကပေါ့။

လူငယ်နှစ်ယောက်စကားပြောကြရင်း ... တစ်ယောက်က

"ငါတို့ နိုင်ငံက ပိုက်ဆံတွေမှာ အရင်က ဗိုလ်ချုပ်အောင်ဆန်းတို့ ဆရာစံတို့ ပုံတွေပါတယ်။ အခုကျတော့ ဘာလို့ ခြင်္သေ့တွေ ဖြစ်ကုန်တာလဲ မသိဘူး" တဲ့

သူငယ်ချင်းဖြစ်သူက ဘယ်လိုဖြေရင် ကောင်းမလဲ စဉ်းစားနေတုန်း ဘေးဝိုင်းက ဦးလေးကြီးတစ်ယောက်က ၀င်ဖြေလိုက်တယ်

"ရှုင်းပါတယ် ငါ့တူရာ ... အခုခေတ်က တိရစ္ဆာန်တွေအုပ်ချုပ်တဲ့ တိုင်းပြည်မို့လို့ တိရစ္ဆာန်ပုံတွေကို ပိုက်ဆံမှာ ထည့်ထားတာပေါ့"

ဦးလေးကြီးပြောသွားတဲ့ စကားကို သေချာစဉ်းစားကြည့်ပြန်တော့လည်း ... အင်း ... +..-...#..*..%

Comments

  1. ကိုယ့်လဘက်ရည်ခွက်ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်တောင် အားငယ်သွားတယ်။ သူတောင်းစားတောင် ရှယ်တွေဘာတွေ သောက်ပြီးလစ်သွားတာကိုးတဲ့ .. အယ် ..ငါ့ကိုရော သထာရဲ့လားဟင် မနေ့ညက 5000တောင် ကော်ဖီဖိုးကုန်သွားလို့ ဘာဖြစ်ဖြစ် ငါကြိုက်လို့ သိုင်းခရု ကွ

    ReplyDelete
  2. အဲဒါ ကိုယ့်ဘာသာကိုယ်တွေးတာနော် ... ကျနော် တိုက်တွန်းတာ မဟုတ်ဘူး :P

    ReplyDelete
  3.့ ငါ့ကောင် ပြန်လည်း ရောက်ရော ဖွ..အဲ မျှပြီလို့..

    ReplyDelete
  4. slt ... တိုးတိုးနေပါ ညီလေးရာ :P

    ReplyDelete
  5. အင်း ကိုယ့်ကုသိုလ်နဲ့ကိုယ်ပေါ့ကွယ်

    ဖြေသိမ့်လိုက် (၀ိုင်ဝိုင်းသီချင်းပေါ့)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...