Skip to main content

ရွှေနိုင်ငံသို့ ဖုန်းခေါ်ခြင်း


"ဟလို .... ဟလို ... ကြားလား ... ဟလို"

မြန်မာ ပြည်ကို လန်ဒန်စံတော်ချိန် မနက် ၃ နာရီလောက်တွင် လူငယ်တစ်ယောက် ဖုန်းခေါ်ဆိုနေခြင်းဖြစ်သည်။ စပြီးခေါ်ကာစက မိနစ်တွေသာ စားသွားသည်၊ လုံးဝအဆင်မပြေ။ တစ်ဘက်မှအသံကို ခေါ်သူဘက်မှ ကြားရပြီး မိမိ၏ အသံကို တခြားဘက်မှ မကြားရဘဲဖြစ်နေသည်။

ဘယ်လိုများ ဖြစ်နေပါလိမ့်။ နောက်တော့ သီးခံခြင်းသည် အောင်မြင်ခြင်းဆိုရာ၏ ဆိုသလိုပဲ ကြိုးစားပမ်းစား သီးခံစိတ်ရှည်ပြီးခေါ်ဆိုမှ ရတော့သည်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မီးသွေးတုံးကြီး မြန်မာပြည်ရောက်နေတော့ ဖုန်းလိုင်းတွေ တော်တော်ကြပ်သည်ဟု ပြောသံကြားပါသည်။ အခု မီးသွေးတုံးလည်း ပြန်သွားပါပြီ။ သို့သော် ဖုန်းလိုင်းတွေက အဆင်မပြေဖြစ်ဆဲပဲ။

မြန်မာပြည်ကလည်း အလွန်ပင် အဆင်အတန်းမြင့်မားသော နိုင်ငံဖြစ်သည့် အားလျော်စွာ နာရီဝက်သာသာ စကားပြောဆိုနိုင်ရုံ ဖုန်းကတ်တစ်ကတ်ကိုပင် ၂ ပေါင်ခွဲလောက်ပေးရသည်။ ပေးရသည့် ဖုန်းကတ်ဖိုးနှင့် ပြန်ရသည့် service က ဘာမှမဆိုင်။ တစ်ခါတစ်ခါ အကောင်းမြင်ကြည့်ပါသေးတယ်။ ဖုန်းကတ်ကြောင့်ပဲဖြစ်မှာပဲ ဒါမှမဟုတ် ဒီကပဲ လိုင်းတွေကြပ်နေလို့ ဖြစ်မှာပါဟု ပြောင်းလဲတွေးကြည့်သေးသည်။ သို့သော် တကယ်ဖြစ်နေတာက မဆိုင်ရေးချ မဆိုင်။

အိုဘယ့် ... ဘဘများ၊ ဆသရ(ဆိတ်သား ရောင်းဝယ်ရေး) razz ကိုကိုများ ... အပြောတွေ ကြီးမနေပါနဲ့ အလုပ်နဲ့ပဲ သက်သေပြကြပါ။

Comments

  1. Anonymous7:15 am

    Ha ha ha..., Yee ya tae heeeeeeeey.

    ReplyDelete
  2. Anonymous9:53 am

    I can understand ur feeling very well, Bro! I feel the same way like u for the present time.

    ReplyDelete
  3. nandar .. easy .. Hold your horses :P

    ammk .... ya bro. thx. hope that'll be ok in the near future.

    ReplyDelete
  4. ဂေါ်သွားပြန်ပြီ..
    ငါဆို အမြဲပဲ အဲလို ဖုန်းမိနစ်တွေ အလကားဖြစ်ကုန်တာ...
    IDD card ၀ယ်ပြီး ခေါ်မယ်လုပ်လိုက် ဈေးအကြီးဆုံးက...
    တော်ပါပြီ ပြောတော့ဘူး...သိပြီးသားတွေပဲ...

    ReplyDelete
  5. ပြောလေ အကုသိုလ်များလေပါပဲ သူငယ်ချင်းရာ မပြောတာပဲကောင်းပါတယ်။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။