Skip to main content

The Shinny Floor Effect

Tutorial တွင် ပြုလုပ်လိုသော ပုံစံမှာ အောက်ပါ ပုံစံအတိုင်းဖြစ်သည်။ ပါဝင်သည့် object များမှာ background gradient layer နှင့် 2 text layers တို့ဖြစ်ပါတယ်။ စာသားအောက်ခြေက ရောင်ပြေးပုံစံကိုတော့ Layer Mask ကို အသုံးပြုပြီး ပြုလုပ်မှာဖြစ်ပါတယ်။

1. Background ကို မိမိနှစ်သက်ရာ Gradient ထည့်သွင်းပါ။ ထို့နောက် မိမိပြုလုပ်လိုသော စာသားကို ရိုက်ပါ။

2. ရရှိလာသော စာသား Layer ကို Duplicate (Layer Menu > Duplicate) or (Ctrl+J) လုပ်ပါ။

3. အသစ်ရရှိလာသော စာသား Layer ကို အပေါ်အောက် ပြောင်းပြန်လှန်ရန်အတွက် Free Transform (Ctrl+T) or (Edit>Free Transform)ကိုရွေးပါ။ ထိုနောက် စာသားတွင် selection box ပေါ်လာပါက Right Click နှိပ်ပြီး Flip Vertical ကိုရွေးပါ။

၎။ Flip Vertical လုပ်ဆောင်ပြီးသည့်နောက်တွင် စာသားနှစ်ခုကို အောက်ပါအနေအထားအတိုင်းရရှိအောင် ပြုလုပ်ပါ။

၅။ ဇောက်ထိုးဖြစ်နေသော စာသား Layer ကို Layer Mask ထည့်သွင်းရန်အတွက် စာသား layer ကို layer box တွင် select ပေးပြီး Add Layer Mask Button ကို နှိပ်ပါ။ ထို့နောက်တွင် စာသား layer ၏ ဘေးတွင် Layer Box Thumbnail box လေးကို တွေ့မြင်ရပါလိမ့်မည်။

၆။ Gradient Tool ကိုရွေးပါ။ မှတ်ချက် - layer mask အသုံးပြုရာတွင် Black and white အရောင် နှစ်မျိုးတည်းကိုသာ အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် Gradient box တွင် black and white နှစ်ရောင်စပ် ဖြစ်နေရန်လိုအပ်ပါသည်။ တစ်ခြားရောင်ပြေးများ ၀င်နေပါက Black and White သို့ ပြန်ရွေးပေးပါ။

၇။ Gradient Box တွင် ပြနေသော ပုံစံမှာ အဖြူရောင်မှ အနက်ရောင်ဘက်သို့ သွားနေသည့်ပုံစံ ဖြစ်ရပါမည်။ ထိုနောက် ဇောက်ထိုးဖြစ်နေသော စာသား၏ ထိပ် သို့မဟုတ် ပထမ Text layer ၏ ထိပ်တွင် Gradient Tool Pinter ကိုထားပြီး အောက်သို့အနည်းငယ် Top to Bottom ဆွဲချပါ။ ရောင်ပြေး တစ်ဖြောင့်တည်းကျစေရန်အတွက် Shift Key ကို ဖိထားပြီး အသုံးပြုနိုင်ပါသည်။ မိမိအပေါ်အောက်ဆွဲသည့် အလျားပေါ်မူတည်ပြီး စာသား၏ effect ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဆွဲသည့်အလျား ရှည်လွန်းသွားပါက စာသား၏ အောက်ခြေများတွင် effect ရောက်ရှိမှု နည်းပါးသွားမှာဖြစ်ပါတယ်။ သို့သော် မိမိလိုချင်သည့် ပုံစံအရ လိုသလို ချိန်ဆပြီး အသုံးပြုနိုင်ပါတယ်။ မှတ်ချက် - သဘောတရားမှာ အဖြူရောင်ရှိသည့် နေရာများကို ချန်ထားခဲ့ပြီး အနက်ရောင်ရှိသည့်အပိုင်းများကို ၀ါးသွားအောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ပထမတစ်ခေါက် မကြိုက်နှစ်သက်ပါက ဒုတိယတစ်ခေါက်အနေဖြင့် ပြန်လည်ဆွဲချနိုင်ပါသည်။

၈။ Layer mask သုံးထားသော Layer ကို layer box တွင် select ပေးပြီး opacity ကို လျော့ပေးပါ။ အကြောင်းမှာ shadow ကျသည့်ပုံစံမျိုးဖြင့် ပြချင်သောကြောင့်ဖြစ်သည်။

သိသလောက်၊ မှတ်မိသလောက်သာ ရေးသားထားခြင်းဖြစ်သည့်အတွက် လိုအပ်ချက်များ၊ ဖြည့်စွက်ချက်များ၊ အကြံပေးချက်များ အတွက် comment များကို ဖိတ်ခေါ်ပါတယ်။

Comments

  1. အကိုရေ tutorial လေးရေးပေးတာ တကယ် ကျေးဇူးတင်ပါတယ် အကို။ နောက်လည်း ဆက်လက် ဝေမျှနိုင်တဲ့ သူဖြစ်နိုင်ပါစေ ခင်ဗျာ။ =)

    ReplyDelete
  2. no problem ပါ ညီလေး။ မြန်မာစာ စာလုံးတွေလုပ်တဲ့အခါမှာ ပုံစံလှအောင် baseline shift သုံးတဲ့ tutorial ထပ်ရေးပေးပါဦးမယ်။

    ReplyDelete
  3. ဟုတ် အကိုရေးပေးပါဦး baseline shift ဆိုတဲ့ စကားလုံး တောင် အခုမှ မြင်ဖူးတယ်။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။