10 Nov 2008

တောင်သမန်ပင်လယ်

လေပြေတစ်ချက်သွေးတော့
မယ်ဇယ်ရနံ့တသင်းသင်းနဲ့
တောင်သမန်အင်းကလွမ်းစရာ
အရိပ်ဖြာတမာတန်း
တချိန်ကကျောင်းတော်လာရာလမ်းကလေး
မျှော်ငေးတွေးကြည့်
မြေရာလေးတွေရှိသေးတယ်
ဦးပိန်တံတားနှင့်ခုံတန်းလျား
ရင်ခုန်သံတွေလမ်းသလား
အိမ်မက်တွေ ရင်ချင်းအပ်ထားတဲ့နေရာ
နှုတ်ဆက်ခွဲာခွာ
ခုများတော့ဝေးခဲ့ပြီ
ကျမျက်ရည်ဖြေမဆည်နိုင်အောင်ဘဲ
တောင်သမန်လည်းပင်လယ်ဖြစ်ခဲ့ရပေါ့

ဆရာမင်းနဒီ ဆိုတဲ့ကဗျာဆရာ ရေးထားတာဖြစ်ပါတယ်။

ကြိုက်လွန်းလို့ မန္တလေးသား သူငယ်ချင်းတွေကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment

Thanks for your comment.