
Tower Bridge ကို အနီးကပ်ရိုက်ထားတဲ့ ပုံပါ။
လန်ဒန်လည်း ကျွန်တော်တို့ မြန်မာပြည်နဲ့တူတယ် (တံတားတွေများတာ ပြောပါတယ်) ။ သိမ်းစ်မြစ်တစ်လျောက် ပေါလိုက်တဲ့တံတားတွေ။ ရထားတွေပါဖြတ်တဲ့ တံတားအသေးလေးတွေကိုပါ ထည့်တွက်မယ်ဆိုရင်တော့ မြန်မာပြည်ထက် များလောက်တယ်။ အလှဆုံးကတော့ ဒီ Tower Bridge နှင့် Millennium Bridge ပဲ။
မြန်မာပြည်မှာလည်း တံတားတွေ လမ်းတွေဖောက်လို့ လမ်းပန်းဆက်သွယ်ရေးက အရင်ကထက်ပိုပြီးတော့ အဆင်ပြေလာပါတယ်။ ဒါပေမဲ့ လမိုက်ညတွေအတွက် အလင်းရောင်မီးလေး ပုံမှန်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ နောက်ပြီး လမ်းတစ်ခါဖောက်ပြီးရင် တစ်နှစ်ကို လေးငါးခါလောက် လိုက်ပြီးပြုပြင်နေရတဲ့ လမ်းမျိုးလည်း မဖောက်ရင် ပိုကောင်းမယ်။ လမ်းတံတားအကြောင်းတွေရေးတော့ ကျွန်တော့်ဦးလေး တစ်ယောက်ပြောဖူးတဲ့ စကားလေးကိုလည်း သတိရမိတယ်။
ငါ့တူ ... မေမြို့ကိုသွားရင် အတက်လမ်းနဲ့ အဆင်းလမ်း နှစ်မျိုးရှိတယ်မလား။ တစ်ခုက လမ်းဟောင်း၊ တစ်ခုက လမ်းသစ်။ တကယ်လို့ ဘယ်ဟာ လမ်းဟောင်း၊ ဘယ်ဟာ လမ်းသစ်လဲဆိုတာသိချင်ရင် မောင်းကြည့်ကွာ။ မောင်းကြည့်လို့ ဖင်နာတဲ့လမ်းဟာ လမ်းသစ် :P
0 comments:
Post a Comment