ဒီပြဿနာကတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့တာပါ။ Recycle Bin ထဲက File တွေကို ရှင်းတဲ့အခါမှာ Recycle Bin ကို right click နှိပ်ပြီး Recycle Bin ကို ရွေးရမည့်အစား မှားပြီးတော့ Delete ဆိုတာကိုရွေးမိလိုက်တာပါ။
Warning ပေးတာကိုလည်း ရုပ်တည်ကြီးနဲ့ Yes ကိုပဲနှိပ်လိုက်မိတယ် :P အဲဒီတော့ Recycle Bin ဖျက်လိုက်သလို ဖြစ်သွားရော။
Solution ကတော့ Warning message ပေးကတည်းက ပါပြီးသားပါ။
To store it later, go to Personalization in Control Panel တဲ့။ ဒါပေမဲ့ မှားပြီးဖျက်ခဲ့တဲ့အတွက် အဲဒီ messageကို ဘယ်လိုမှ ပြန်ဖတ်လို့မရတော့ဘူးလေ။ ဒါနဲ့ပဲ Goggling လုပ်လိုက်တော့ ရရှိခဲ့တဲ့ solution က အောက်ပါအတိုင်းဖြစ်ပါတယ်။
- Start Button ကိုနှိပ်ပြီး Control Panel သို့ဝင်ပါ။ Control Panel ထဲရောက်ပြီဆိုရင် Appearance and Personalization ကိုရွေးပါ။ ထို့နောက် Personalization ကို ထပ်ပြီးရွေးပါ။
- Personalization ကိုပြနေတဲ့ Window ရဲ့ left side မှာရှိတဲ့ Change Desktop Icons ဆိုတဲ့စာသားကို Click နှိပ်ပါ။ Desktop icon settings ဆိုပြီး window တစ်ခု ပေါ်လာပါလိမ့်မယ်။
- ပေါ်လာတဲ့ Window ထဲမှာ Recycle Bin ဆိုတဲ့နေရာလေးရဲ့ Check Box ကို Tick ပြန်လုပ်ပေးလိုက်ပါ။ ထို့နောက် OK ကိုနှိပ်ပြီး ပြန်ထွက်ပါ။
Via : Windows help and how-to
Comments
Post a Comment
Thanks for your comment.