Skip to main content

Firefox အတွက် အချိန်ကုန်သက်သာစေသော Shortcut များ

Software/Application တစ်ခုခုကို အသုံးပြုရာတွင် shortcut များကို ပိုင်ပိုင်နိုင်နိုင်အသုံးပြုနိုင်ပါက အချိန်ကုန်သက်သာစေတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်မှာဖြစ်ပါတယ်။

ထို့အတူ Firefox browser ကိုအသုံးပြုပြီး အင်တာနက် ကြည့်တဲ့အခါမှာလည်း shortcut များကို အသုံးပြုနိုင်ပါက မိတ်ဆွေအတွက် အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ကြွက်(Mouse) ကို သွားပြီးကိုင်နေရတဲ့ ဒုက္ခမှ ကင်းဝေးစေမှာဖြစ်ပါတယ် ;)

အောက်ဖော်ပြပါ shortcut တွေကတော့ Firefox browser ရဲ့ shortcut များစွာရှိတဲ့အထဲကမှ အင်တာနက်ကြည့်သူတွေအတွက် အရမ်းအသုံးဝင်လှတဲ့ shortcut တွေပဲဖြစ်ပါတယ်။ Option key ပါတဲ့ shortcut တွေကတော့ Mac user တွေအတွက်ဖြစ်ပါတယ်။

Option D or Alt D or F6

အင်တာနက် ၀က်ဘ်ဆိုဒ်တစ်ခုကိုကြည့်နေရင်းကနေ အခြားဆိုဒ်တစ်ခုကို ကြည့်ဖို့အတွက် URL (address bar) မှာ Mouse pointer နဲ့ select ပေးဖို့လိုပါတယ်။ ထိုကဲ့သို့ မပြုလုပ်ချင်ဘူးဆိုရင် Alt D ကိုသာနှိပ်လိုက်ပါ။ လက်ရှိရောက်နေတဲ့ address bar မှာ Auto Select ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။ အလားတူစွာ Function key F6 ကိုလည်း အသုံးပြုနိုင်ပါတယ်။

Alt Enter or Option Enter

Address bar မှာ မိမိသွားချင်တဲ့ address ကို ရိုက်ထည့်ပြီး Alt Enter နှိပ်လိုက်တယ်ဆိုရင် ထိုရိုက်ထည့်လိုက်သော address ကို new tab မှာသွားပြီး ဖွင့်ပေးပါလိမ့်မယ်။ New tab တစ်ခုကို ခေါ်ချင်တိုင်း Ctrl T ကိုလည်း အသုံးပြုနိုင်ပါတယ်။

Ctrl Tab

Firefox မှာ Tab (စာမျက်နှာ) တွေအများ ကြီးဖွင့်ထားပြီး Tab တစ်ခုနဲ့တစ်ခု ခုန်သွားပြီး ကြည့်ချင်တယ်ဆိုရင် Ctrl Tab ကို အသုံးပြုနိုင်ပါတယ်။ Ctrl ကိုဖိထားပြီး Tab ကို တစ်ချက်နှိပ်လိုက်တိုင်း နောက်ထပ် Tab တစ်ခုကို ခုန်သွားပါလိမ့်မယ်။ ထိုနည်းတူစွာ နောက်ဆုံးဖွင့်ထားတဲ့ Tab ကိုသွားချင်တယ်ဆိုရင် Ctrl 9 ကို အသုံးပြုနိုင်ပါတယ်။

ဒီနေရာမှာ Alt Tab ကိုလည်း ဖြည့်စွက်ပြီးပြောချင်ပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ မှာ Calculator ကိုလည်း ဖွင့်ထားတယ် အခြားတစ်ဘက်မှာလည်း အင်တာနက်ကြည့်နေတယ် ဆိုပါစို့။ Calculator မှာတွက်ချက်မှု့လုပ်လိုက်တယ် နောက်ပြီး အင်တာနက်ကြည့်တဲ့ဘက်ကို ပြန်သွားချင်တယ်ဆိုရင် Mouse ကိုမသုံးပဲ Alt Tab ကိုသာနှိပ်လိုက်ပါ။ သဘောကတော့ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Windows (Internet, Software, Application) တွေ တစ်ခုနှင့် တစ်ခုကြား switch လုပ်ဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။

Dictionary အလွယ်တကူခေါ်နည်း (dict)

စာဖတ်နေရင် စာလုံးတစ်လုံးရှာဖို့အတွက် dictionary လှန်စရာမလိုပါဘူး။ Ctrl T ကို နှိပ်ပြီး New Tab တစ်ခု ခေါ်လိုက်ပါ။ ပြီးတာနဲ့ dict ဆိုတဲ့စာလုံးလေးပဲ address bar မှာ ရိုက်ထည့်လိုက်တာနဲ့ dictionary.com ကို auto ဖွင့်ပေးသွားပါလိမ့်မယ်။ Cursor ကလည်း text box ထဲမှာ auto ရောက်နေပြီးသားဖြစ်သည့်အတွက် မိမိရှာဖွေလိုသည့် စာလုံးကို လွယ်လင့်တကူ ရှာဖွေနိုင်ပါပြီ။

Via : ThemeForest

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။