ဘေးကနေ ဘယ်လောက်ပဲ စကားတွေပြောပြော၊ အတင်းတွေ အုပ်အုပ်၊ စပ်မိစပ်ရာတွေပဲ ပြောပြော Sony Noise Canceling Headphone တပ်ထားပြီးကတည်းက ဂရုကိုမစိုက်တော့တာ ;) လူတွေရဲ့ခေါင်းတွေကို အော်လံပုံစံဖန်တီးထားတာ တကယ်သဘောကျတယ်။ အရင်တုန်းက နားကျပ်တွေတပ်ပြီး သီချင်းတွေနားထောင်ရင် တစ်ချို့လူကြီးတွေ စကြတာ မှတ်မိသေးတယ်။ "မင်းရဲ့ နားကြားကိရိယာကြီး ခဏဖြုတ်ထားပါဦးကွာ" တဲ့ :P
စာအုပ်ရောင်းဆိုင်တစ်ဆိုင်ရဲ့ ကြော်ငြာဖြစ်ပါတယ်။ ဖန်တီးထားတဲ့ အိုင်ဒီယာတော်တော်လေးကောင်းပါတယ်။ Ebookတွေ ပေါ်လာပေမယ့်လည်း စာအုပ်တွေဟာ ဘယ်လောက်အရေးပါနေဆဲဆိုတာကို ဖော်ပြတဲ့သဘောပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ebook ဖတ်ရတဲ့အရသာကို ဘယ်လိုမှ ခံစားလို့မရပါဘူး။ အဓိကကတော့ ရေရှည်မဖတ်နိုင်တာပါ။ Computer screen ပေါ်မှာဖတ်ရတာဖြစ်တဲ့အတွက် ကြာကြာဖတ်ရင် မျက်စိကိုက်လာတယ်။ နောက်ပြီး နေရာရွေးပြီးဇိမ်ခံဖတ်ဖို့ မလွယ်ပါဘူး။ Ebook reader တွေပေါ်လာပေမယ့်လည်း ဖတ်ရတာအဆင်မပြေလှပါဘူး။ စာအုပ်တွေကိုတော့ နှစ်သက်မြဲ နှစ်သက်နေဆဲပါပဲ။ Ebook ရဲ့အားသာချက်တစ်ခုကတော့ ရေရှည်မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်တာပါပဲ။
မြန်မာဘာသာနဲ့ ebook တွေ ရယူချင်ရင်တော့ ဒီနေရာမှာ လင့်ခ်တွေကို စုထားပေးပါတယ်။ Ebook တွေဖတ်တဲ့အခါမှာလည်း နားနားပြီးဖတ်ပေါ့ ... မဟုတ်ရင်တော့ ကြာရင် ပုလင်းဖင်ဖြစ်လိမ့်မယ် ;)
မြန်မာဘာသာနဲ့ ebook တွေ ရယူချင်ရင်တော့ ဒီနေရာမှာ လင့်ခ်တွေကို စုထားပေးပါတယ်။ Ebook တွေဖတ်တဲ့အခါမှာလည်း နားနားပြီးဖတ်ပေါ့ ... မဟုတ်ရင်တော့ ကြာရင် ပုလင်းဖင်ဖြစ်လိမ့်မယ် ;)
Comments
Post a Comment
Thanks for your comment.