Skip to main content

7 July မမေ့နိုင်

ယနေ့သည် (၇) ဇူလိုင် ကျောင်းသားအရေးတော်ပုံကြီးသည် ၄၇ နှစ်မြောက်သောနေ့ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်နေ၀င်း စစ်အုပ်စု၏ စစ်အာဏာရှင်စနစ်အား ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအရေးအတော်ပုံကြီးဖြစ်သည်။ စစ်အုပ်စုမှ တက္ကသိုလ်ကျောင်းသားများသမ္မဂ အဆောက်အဦးအား ရက်ရက်စက်စက် မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကျောင်းသား ရာနှင့်ချီကာ သတ်ဖြစ်ခဲ့သည် အရေးအခင်းကြီးလည်းဖြစ်သည်။ ထို့ကြောင့် ယခုလို သမိုင်းဝင်နေ့မျိုးကို ယနေ့လူငယ်တွေရော၊ အနာဂါတ်လူငယ်များပါ သိရှိထားသင့်တယ်လို့ ထင်ပါတယ်။ ထို့ကြောင့် ၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံအကြောင်း ရေးသားထားသော ပို့စ်တစ်ခုကို မျှဝေလိုက်ရပါတယ်။
.......................
...................................
..........................................

အဲဒီနေ့ ည (၇) နာရီ အချိန် မြန်မာ ရေဒီယို ကနေ အသံလွှင်တဲ့ အခါ အာဏာရူး နေဝင်းဟာ

“ကျနော် တိုင်းပြည် တာဝန် ယူသည့် အချိန်မှာ တက္ကသိုလ် ကျောင်းသား များရဲ့ စည်းမဲ့ ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက် နေလို့ တပ်မတော်ရဲ့ အင်အား တစိတ် တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်” တဲ့ …

“အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသား ကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့် ပရောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စား မိပါတယ်။ ကျနော် တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေ ကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြော လိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်” လို့ ကျောင်းသားနဲ့ ပြည်သူ တရပ်လုံးကို မိုက်မိုက် ရိုင်းရိုင်း ‘ဒါး ဒါးချင်း လှံ လှံချင်း’ ဆိုပြီး ထပ်မံ စိန်ခေါ် စော်ကားခဲ့ ပြန်တော့တယ်။

နောက်ပြီး စစ်အစိုးရက ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန် ရာမှာလည်း ကျောင်းသား (၁၇) ဦးသာ သေဆုံးကြောင်း ကြေညာ ခဲ့တယ်။ အမှန်မတော့ မန္တလေးဆောင် တခုထဲတင် စာရင်း အရ (၁၇) ဦး သေဆုံး ခဲ့တယ်။ မြောင်းမြက ကျောင်းသား ကိုကျော်ဝင်းဟာ သူရဲ့ ခန္ဓာကိုယ်က သွေးနဲ့ မန္တလေးဆောင် နံရံမှာ “၇ – ၇ – ၆၂ မမေ့ကြနဲ့” လို့ ရေးသွား ခဲ့တယ်။

...................................
...............................................
..................................................................

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။