နေ့စဉ်နေ့တိုင်း တွေ့မြင်နေရတဲ့ အရာဝတ္ထုတွေထဲမှာ ကုန်ပစ္စည်းကြော်ငြာတွေဟာလည်း တစ်ခုအပါအ၀င်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတုန်းကတော့ ကြော်ငြာတွေအများဆုံးတွေ့မြင်နိုင်တာ တီဗွီပေါ့။ ဇာတ်ကားကြည့်ပြီဆိုရင် မမြင်ချင်မှအဆုံးပဲ။ တစ်ခါတလေ ကြော်ငြာအကြောင်းကြည့်နေရင်း ဇာတ်လမ်းက ဖြတ်ဖြတ်ပြီးပြတာနေတာလားတောင် ထင်ရတယ်။ အဲလောက်တောင် မြန်မာပြည်မှာ ကြော်ငြာတွေရဲ့လွှမ်းမိုးမှုက ခေတ်ထနေပါပြီ။ သူငယ်တန်းကလေးကို ကျောင်းစာတွေမေးရင် အကုန်ရချင်မှရမယ် ဒါပေမဲ့ ကြော်ငြာသီချင်းတွေဆိုခိုင်းကြည့် မိုးပျံနေအေင် တော်နေတာတွေ့ရလိမ့်မယ်။ အခုဆိုရင် ကုန်ပစ္စည်းတွေကို Billboard တွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေမှာလည်း ဗွက်ပေါက်အောင် ကြော်ငြာနေကြပြီ။ အဲဒီတော့ ဒီဇိုင်းလက်ရာပေါင်းမြောက်များစွာ တစ်နည်းအားဖြင့် အိုင်ဒီယာပေါင်း မြောက်များစွာကို မဂ္ဂဇင်း၊ ဂျာနယ်၊ အင်တာနက်စာမျက်နှာတွေမှာ တွေ့မြင်နိုင်ပါတယ်။
သို့ပေမယ့် တစ်ချို့ကြော်ငြာများဟာ တစ်ခါမြင်ရုံ၊ ကြည့်ရုံဖြင့် အဓိပ္ပယ်ဆိုလိုရင်းကို နားလည်စေဖို့ အင်မတန် ခက်ခဲလှပါတယ်။ တစ်ချို့ကြော်ငြာများကျတော့လည်း ကြည့်လိုက်ရုံဖြင့် ဘာကိုဆိုလိုလဲ ဘာကိုကြော်ငြာနေတာလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ တစ်ချို့များကျတော့လည်း သေချာကြည့်လေ ကြော်ငြာရဲ့အဓိပ္ပာယ်ဆိုလိုရင်းက ပိုပြီးပီပြင်လာလေပါပဲ ... စသည်ဖြင့် ကြော်ငြာပေါင်းမြောက်များစွာကို ယခုခေတ်မှာ မြင်တွေ့နိုင်ပါတယ်။ အဲဒီထဲမှာတော့ တစ်ချို့ကြော်ငြာတွေကျတော့လည်း ကုန်ပစ္စည်းကြော်ငြာတာလား ... လူကြော်ငြာတာလား မှားလောက်စေတဲ့ ကြော်ငြာတွေလည်း ရှိပါတယ်။ ဥပမာ .. မြန်မာနိုင်ငံမှ အရက်နှင့်ဘီယာ ကြော်ငြာများ။
ကြော်ငြာတွေနှင့် ပက်သက်တဲ့ ထင်မြင်ယူဆချက်တွေကို နောက်ဆက်တွဲ ပို့စ်တွေမှာ ဆက်ပါဦးမယ်။ ဒါကြောင့်လည်း ဒီပို့စ်ကို နှစ်သက်မိသော ကြော်ငြာများ (၁) လို့ပေးထားတာပါ။ အခု ပထမဆုံးအနေနဲ့ ကျွန်တော် ကြိုက်နှစ်သက်တဲ့ Olympus Optical Zoom ကြော်ငြာလေးတွေကို မျှဝေလိုက်ပါရစေ။

Comments
Post a Comment
Thanks for your comment.