Skip to main content

၆၂ နှစ်မြောက် အာဇာနည်နေ့

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို လေးစားဂုဏ်ပြုအပ်ပါသည်။

မနေ့က အာဇာနည်နေ့နှင့် ပက်သက်တဲ့ ဆောင်းပါးအချို့ကို ဖတ်ဖြစ်တယ်။ တစ်ချို့ရေးထားတဲ့အချက်အလက်တွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ဥပမာ ... ဒီခေတ်ကလေးတွေအတွက် အာဇာနည်နေ့ဆိုတာ ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဆိုတဲ့ သဘောလောက်ပဲ သိကြတော့တယ်။ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ လေးနက်တဲ့အဓိပ္ပာယ်ကို သေချာမသိကြတော့ဘူး။ နောင်လာမည့် မျိုးဆက်သစ်တွေအတွက် အဲလို အသက်သွေးချွေးတွေ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို မေ့မေ့လျော့လျော့ဖြစ်ကုန်ကြပြီ။ နောင်ဆို လုံးဝ မေ့သွားမလားပဲဗျာ။ အဲဒီတော့ လက်လှမ်းမှီသလောက် မျိုးဆက်သစ်တွေကို ပြောပြ၊ ရှင်းပြသင့်တယ်။ ယခုလို အိုင်တီခေတ်ကြီးမှာဆိုရင်လည်း အင်တာနက် ဘလော့စာမျက်နှာများမှ အာဇာနည်နေ့ရဲ့ လေးနက်တဲ့ အဓိပ္ပယ်ကို တစ်ဆင့်ပြန်လည် ရှင်းပြ၊ ပြောပြ၊ မျှဝေသင့်ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ ဧရာဝတီမဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှ အာဇာနည်နေ့နှင့်ပက်သက်တဲ့ စာအချို့ကို မျှဝေလိုက်ရပါတယ်။
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့၌ ရန်ကုန်မြို့အတွင်းဝန်ရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ၉ ဦးတို့သည် ဂဋ္ဌုန်ဦးစော၏ လုပ်ကြံခံခဲ့ရရာမှ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းနေ့ တွင် ကျဆုံးခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်း ပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော် ကိုထွေး တို့ ဖြစ်သည်။

ယခင်က အာဇာနည်များကျဆုံးသည့် ၁၀ နာရီ ၃၇ မိနစ် ရောက်တိုင်း ၁ မိနစ် ငြိမ်သက်ခြင်း၊ ရေဒီယို၊ အစိုးရစက်ရုံများနှင့် တခြား ဌာနများမှ ဥသြဆွဲခြင်းများကို နှစ်စဉ်ပြုလုပ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီးကတည်းက ၎င်း အလေ့အထများကို ပြုလုပ်ခြင်းမရှိတော့ပေ။

မြန်မာနိုင်ငံ အနေနှင့် အာဇာနည်နေ့တွင် ဆွမ်းမကျွေးရခြင်း၊ ဟောပြောပွဲများ မပြုလုပ်ရခြင်းနှင့် အခမ်းအနားများ မလုပ်ရ ခြင်းတို့သည် အာဇာနည်ခေါင်းဆောင်ကြီးများကို ပျောက်ကွယ်မေ့ပျောက်စေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး စော်ကားရာရောက်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီသို့ပြောသည်။
ဘယ်လောက်တောင် ၀မ်းနည်းဖို့ကောင်းလဲဗျာ ... လွတ်လပ်ရေးဆိုတဲ့ အသီးအပွင့်တွေရအောင် ဒီလူတွေက အသက်သွေးချွေးတွေ ပေးပြီး တိုက်ပွဲဝင်ခဲ့ရတယ်။ ခုကြတော့ ကိုယ့်ကျေးဇူးရှင်တွေကို မျက်ကွယ်ပြုထားကြတယ်။ ခွေးတောင်မှ ထမင်းကျွေးတဲ့လက်ကို ပြန်မကိုက်ဘူး။

အရင်တုန်းက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေထည့်သွင်းခဲ့ကြတယ်။ ယခုနောက်ပိုင်းမှာတော့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို မျက်ကွယ်ပြုပြီး ခြင်္သေ့ပုံတွေ ထည့်သွင်းထားကြတယ်။

ဒါကလည်း ရှင်းပါတယ် ... ဗိုလ်ချုပ်မရှိတော့တဲ့ နောက်ပိုင်းမှာ တိရိစ္ဆာန်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မို့လို့ တိရိစ္ဆာန်ပုံတွေကို ထည့်သွင်းထားတာပါပဲ။ ဒီ့ထက်ရှင်းတဲ့ ဥပမာပေးစရာတော့ မရှိတော့ဘူး။

Comments

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်