Skip to main content

Oxford International Women's Festival အမှတ်တရ

ပြီးခဲ့တဲ့ တနင်္ဂလာနေ့ (၈.၃.၂ဝ၁ဝ) က Oxford မြို့ Oxford Town Hall တွင် ကျင်းပခဲ့သော Oxford Internation Women's Festival သို့ ဓာတ်ပုံရိုက်ကူးရန် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်နှင့် အတူ လန်ဒန်မှမိတ်ဆွေများလည်း ပါဝင်ပါတယ်။ လန်ဒန်မှ နေ့လည် ၁ နာရီခန့် ထွက်လာကြပြီး နေ့လည် ၃ နာရီခန့်မှာ Oxford သို့ ရောက်ရှိခဲ့ပါတယ်။ အခမ်းအနားသည် ညနေ ၆ နာရီမှ စမည်ဖြစ်သော်လည်း ပြင်ကြဆင်ကြရင်း ညနေ ၆ နာရီသို့ အချိန်ကုန်မှန်းမသိကုန်ပြီး ရောက်ရှိသွားပါတယ်။


ဒီနှစ်ပွဲရဲ့ ထူးခြားချက်ကတော့ Oxford Internation Women's Festival မှာ မြန်မာနိုင်ငံကို လက်ခံကျင်းပခွင့်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းမှာ Oxford မြို့လေးဟာ သမိုင်းမှတ်တိုင်တစ်ခုအနေနှင့် ပါဝင်ခဲ့တယ်လို့ ပြောမယ်ဆိုရင်လည်း မှားမည်မထင်ပါ။ ထိုပွဲကို နှစ်စဉ် ၂၈ ဖေဖော်ဝါရီ မှ ၁၄ မတ်လအထိ ကျင်းပပြီး မတ်လ ၈ ရက်နေ့ကို International Women's Day အဖြစ် သတ်မှတ်ထားပါတယ်။ ပွဲတော်မှာ အမျိုးသမီးများနှင့် ပက်သက်သော စာပေ၊ ဂီတ၊ ပြပွဲ နှင့် workshop များ စသည်ဖြင့် ထည့်သွင်းကျင်းပကြပါတယ်။ နိုင်ငံပေါင်းစုံမှ စွမ်းဆောင်ရည်မြင့်မားပြီး ထင်ရှားကျော်ကြားတဲ့ အမျိုးသမီများအကြောင်းကို ထည့်သွင်းဖော်ပြ ဂုဏ်ပြုကြပါတယ်။

နိုင်ငံတစ်နိုင်ငံအတွက် တစ်ရက်ကျစီ ကျင်းပခွင့်ရပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ပေးထားတဲ့ရက်ဟာ မတ်လ ၈ ရက်နေ့၊ တနင်္ဂလာနေ့ဖြစ်ပါတယ်။ ထိုပွဲတွင် ကျွန်တော်တို့ မြန်မာနိုင်ငံမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို အဓိကထည့်သွင်းဖော်ပြဂုဏ်ပြုခဲ့ကြပါတယ်။ ထို့အပြင် သင်္ကြန်အက၊ မွန်အက၊ ဦးရွှေရိုးနှင့် ဒေါ်မိုး၊ Performance Art အပြင် ပန်းချီပြခန်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ တင်ဆက်ခဲ့ကြပါတယ်။






Click here for more photos

မြန်မာနိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည်၏ အကြောင်းကို BBC မှ အန်တီနီတာ နှင့် သံအမတ်ဟောင်း Vicky တို့မှ အဓိက ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ ထို့ပြင် မြန်မာအစားသောက်များကိုလည်း ရန်ပုံငွေအဖြစ် ရောင်းချခဲ့ပြီး နိုင်ငံခြားသားဧည့်သည်များ နှစ်သက်စွာ ဝယ်ယူအားပေးသုံးဆောင်နေကြတာကို ဝမ်းမြောက်ဖွယ် တွေ့မြင်ခဲ့ရပါတယ်။

အခမ်းအနားကို ည ၁၁ နာရီခန့်မှာ ရုပ်သိမ်းခဲ့ပါတယ်။ ပွဲတော်လာ နိုင်ငံခြားသားများ၏ ဂုဏ်ပြုချီးမွမ်းခြင်းကို ကျွန်တော်တို့ မြန်မာအဖွဲ့ ဝမ်းမြောက်ဖွယ် ရရှိနိုင်ခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာတော့ မြန်မာနိုင်ငံမှ အမျိုးသမီးများ နှင့် လူအခွင့်အရေး၊ ငြိမ်းချမ်းရေးငှက်ကလေး လှောင်အိမ်ထဲက လွတ်မြောက်ရေး၊ မတရားညှင်းပန်နှိပ်စက်မှု ကာကွယ်စောင့်ရှောက်ရေး စသည့် အတွေးပေါင်းမြောက်များစွာကို တွေးနေစဉ်အတွင်းမှာပင် ကျွန်တော်တို့ရဲ့ ကားလေးဟာ Oxford မြို့လေးကို တဖြည်းဖြည်း နှုတ်ဆက်ထွက်ခွာလာခဲ့ပါတော့တယ်။


ပွဲတော်ဖြစ်မြောက်ရေးအတွက် အစစအရာရာ ဝိုင်းဝန်းပံ့ပိုးသူများကို အထူးကျေးဇူးတင် လေးစားမိပါသည်။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...