Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

29 Mar 2010

Sharing: ယနေ့ NLD အစည်းအဝေးအပြီး နောက်ဆုံးသတင်း

ယနေ့ ၂ နာရီအချိန် သတင်းရရှိသည့် အခြေအနေများအရ
တိုင်း (၇) တိုင်း၊ ပြည်နယ် (၇)ခုက ကိုယ်စားလှယ်များ ၊ အီးစီ၊ စီအီးစီ တို့၏ ယနေ့ ပါတီမှတ်ပုံတင်သင့် မတင်သင့် ကို ၀ိုင်းဝန်းဆုံးဖြတ် မဲပေးကြရာ ပါတီမှတ်ပုံမတင်ရေးကို ၉၅ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် ဆုံးဖြတ် အတည်ပြုလိုက်ကြောင်း ကြားသိရသည်။ ယနေ့အစည်းအဝေးတွင် ဦးအောင်ရွှေ တဦးမှအပ စီအီးစီ၊ စီစီ ၁၁၀နှင့် လူငယ်ငါးဦး စုစုပေါင်း ၁၁၅ ဦး တက်ရောက်အတည်ပြုဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအစည်းအဝေးတွင် ဦးဝင်းတင်က.. “ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုရင် ပါတီအနေနဲ့ ခြေပြတ်မယ်.. လက်ပြတ်မယ်.. မှတ်ပုံတင်မယ်ဆိုရင်တော့ ခေါင်းပြတ်မယ်.. ခြေပြတ်တာ လက်ပြတ်တာ အတု လုပ် ပြီး အလုပ်ဆက်လုပ်လို့ရတယ်.. ခေါင်းပြတ်သွားရင်တော့ ခေါင်းအတုလုပ်လို့မရဘူး.. ”ဟု ပြတ်ပြတ်သားသား မိန့် ကြား ခဲ့သည်။

လက်ရှိအချိန်အထိ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ လူငယ်များ နှင့် ပြည်သူလူထု ၅၀၀ ကျော်သည် အဖွဲ့ချုပ် ရုံးရှေ့ တွင် အခြေအနေကို စောင့်ဆိုင်းလျက်ရှိနေပြီး နအဖ ဘက်မှ လုံခြုံရေးများလည်း အများအပြား ၀န်းရံစောင့်ကြပ်လျက် ရှိနေသည်။ ယနေတက်ရောက်သူ အဖွဲ့ဝင်တဦးက…

“ကျမတို့ ပါတီ ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား သိရပြီ.. ရှေ့ ကျမတို့ ဘာဆက်လုပ်မယ်.. ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ကြမယ်..လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်သွားရမယ်.. ရှေ့ကို ကျမတို့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်စရာရှိတာတွေ လုပ်ရတော့မယ်..” ဟု ပြောသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မနက်ဖြန် မတ်လ ၃၀ ရက်နေ့ထိ ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား အဖြေရှာ ဆောင်ရွက်ဖွယ်ရှိသည်ဟု လူထုက မျှော်လင့်လျက်ရှိ သည်။

မြန်မာ့သတင်းမီဒီယာကွန်ယက် (မဲဆောက်ဌာနခွဲ)
“ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုရင် ပါတီအနေနဲ့ ခြေပြတ်မယ်.. လက်ပြတ်မယ်.. မှတ်ပုံတင်မယ်ဆိုရင်တော့ ခေါင်းပြတ်မယ်.. ခြေပြတ်တာ လက်ပြတ်တာ အတု လုပ် ပြီး အလုပ်ဆက်လုပ်လို့ရတယ်.. ခေါင်းပြတ်သွားရင်တော့ ခေါင်းအတုလုပ်လို့မရဘူး”

- U Win Tin

0 comments:

LinkWithin