လတွေအားလုံးထဲမှာ ဒီလဖြစ်တဲ့ February လဟာ အတိုတောင်းဆုံးပါပဲ [ ဘာကြေင့်လဲဆိုတာ သိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ] ရက် နည်းတဲ့အတွက် လကုန်တာ မြန်သလို တစ်ဘက်ကကြည့်ရင်လည်း အချိန်တွေကုန်တာ မြန်တာကို ပြနေသလိုပါပဲ။ အဝေးတစ်နေရာကို ရောက်နေသူတစ်ယောက် အနေနဲ့ အစကတော့ အချိန်တွေရယ်ကြာလိုက်တာ ထင်ခဲ့ပေမယ့် အခု တကယ့်ကိုပဲ မြန်နေတာပါ။ အဲဒီလို ရွေ့လျားနေတဲ့ အချိန်နဲ့အမျှ ငါ ဘာတွေအကျိုးရှိအောင် လုပ်နေသလဲ၊ ကြံစည်နေသလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း ကိုယ့်ကိုကိုယ် ပြန်ပြီးမေးမိနေတယ်? သေချာတာကတော့ အသက်တစ်နှစ် ထပ်ပြီးကြီးလာတာပဲ။ လောကသင်ခန်းစာတွေ၊ ဆိုဆုံးမမှုတွေအရလည်း လူဆိုတာ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အသိဥာဏ်ပိုပြီး ရင့်ကျက်လာရမယ်လို့ ဆိုထားပါတယ်။ ငါရော ... ဘာအသိဥာဏ်တွေ ရင့်ကျက် တိုးပွားလာသလဲ? အဲဒီလို ဖြစ်လာအောင်ရော ဘာအစီအစဉ်တွေ ဘာရည်မှန်းချက်တွေထားပြီး လုပ်နေသလဲ? ငါ့အတွက် ဒါမှမဟုတ် ငါ့မိသားစုအတွက် ငါ ဘာတွေ လုပ်ခဲ့ ပြီးပြီလဲ? စာဖတ်မှတ်စုများအရ "လူသည် အိပ်ရာမ၀င်ခင်တိုင်း ဒီနေ့အတွက် အသိဥာဏ်၊ ပညာ၊ ဥစ္စာ ထဲက တစ်ခုခုကို ရလိုက်မှ အဲဒီ တစ်နေ့တာအတွက် အဓိပ္ပာယ်ရှိရှိဖြတ်သန်းခဲ့သောသူ ဖြစ်သည်" နောက်တစ်ခုကလည်း ...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ