Skip to main content

Colindale ထမနဲပွဲတော်

ဟိုတစ်လောကတော့ အသိတစ်ယောက်ယူလာပေးလို့ ထမနဲစားရတယ်။ ဒီတစ်ခါ(၄ ရက်နေ့တုန်းက)တော့ ထမနဲစားရုံတင် မဟုတ်ဘူး ... ကုသိုလ်လုပ်တဲ့ အနေနဲ့ ထမနဲပါသွားထိုးပေးလိုက်တယ်။ ထမနဲပွဲလုပ်တာက Colindale ကျောင်းမှာပါပဲ။ အရမ်းပျော်ဖို့ကောင်းပါတယ်။ မြန်မာတွေလည်း အများကြီးလာကြတယ်။ တကယ်ကိုပဲ မြန်မာပြည်ပြန်ရောက်သွားသလို ခံစားရတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေကြီး ကိုညီကတော့ တတပ်တအား ၀င်ပြီးအားပေးကြတာပေါ့ဗျာ ... ထမနဲကို ပြောပါတယ်။ ဒယ်အိုး လေးအိုးတောင်ထိုးကြတယ်။ မမေလှမောင်တို့ပါတဲ့ အမျိုးသမီးများအဖွဲ့က တစ်ဒယ်ရအောင်ထိုးကြတယ်။ တကယ်ကို ချီးကျူးစရာပါပဲ။ ထမနဲအတွက် အလှူလုပ်တဲ့သူတွေကတော့ ဒေါက်တာဝင်းထွဋ်+မေလှမောင် တို့ဖြစ်ပါတယ်။

ကျွန်တော် သတိမေ့လျော့မှုကြောင့် ကင်မရာပါမသွားပါဘူး။ ဒါပေမဲ့ ကိုညီက ဓာတ်ပုံတွေပို့ပေးမယ် ပြောထားတဲ့အတွက် သူရဲ့မေးလ်ကို မျှော်နေပါတယ်။ ဒီတစ်ရက်နှစ်ရက်တွင်း ရောက်မယ်လို့ထင်ပါတယ်။ အဲဒီအခါကျမှာ အားနဲ့မာန်နဲ့ လုပ်အားပေးနေတဲ့ပုံတွေကို ကြည်ညိုသဒ္ဒါပွား ရှူ့စားကြပါခင်ဗျာ။

ထမနဲထိုးပြီးတဲ့နောက် ပြန်ရမှာလည်း နောက်ကျနေတယ် ... နောက်ပြီး ရထားတွေကလည်း အဲဒီနေ့မှာ အဆင်မပြေဖြစ်တာနဲ့ ဘုန်းကြီးကျောင်းမှာပဲ ကျိန်းလိုက်တယ် .. အဲလေ .. အိပ်လိုက်တယ်။ ဘုန်းဘုန်းအတွက် လိုအပ်တဲ့ အလုပ်လေးတွေ လုပ်ပေးရင်းပေါ့။ တစ်နေကုန်ညောင်းကိုက်အောင် ထမနဲထိုးထားတော့ ညပိုင်းမှာ ရေကောင်းကောင်းလေးချိုးပြီး အိပ်လိုက်တယ်။ တော်သေးတယ် နောက်နေ့မနက် ကိုက်တာ ကျင်တာတွေ ဘာမှမဖြစ်တော့ဘူး။ လုပ်အားပေးကုသိုလ် အကျိုးတွေလို့ထင်တာပဲ။ မနက် ၁၀နာရီလောက် ဘုန်းကြီးကျောင်းကနေ ပြန်လာခဲ့ပါတယ်။

အပြန်လမ်း ရထားပေါ်မှာတော့ ကျွန်တော်ငယ်ငယ်တုန်းက ရန်ကင်းတောင်ခြေ သမ၀ါယမသင်တန်းကျောင်းထဲမှာ နှစ်စဉ်ကျင်းပတဲ့ ထမနဲပြိုင်ပွဲလေးတွေအကြောင်း အတွေးနယ်ချဲ့ရင်း ပြန်လာခဲ့ပါတော့တယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...