Skip to main content

F-Secure, Torrent and MyComputer

မနေ့က F-Secure စမ်းပြီးသုံးချင်တာနဲ့ Torrent Site တစ်ခုကနေ ဆွဲချပြီး လုပ်လိုက်တယ်။ Run လည်း Run ပြီး စက်လည်း Restart လုပ်ရော Screen မှာ ဘာမှ မပေါ်တော့ဘူး။ ထင်တာကတော့ ကွန်ပျူတာကြောင်သွားလို့ပဲလား။ Program တွေအရမ်းများနေလို့ပဲလားမသိ။ တစ်ညလုံး ခဏခဏ Restart ပြန်လုပ်တာလည်း မရ။ ချွေးလည်းပျံနေပြီ Project ကလုပ်နေတုန်းပဲရှိသေးတာကိုး။ ကျောင်းမှာလုပ်ဖို့ရလည်း ဘယ်လိုမှ အဆင်မပြေ။ မနက်ကျောင်းသွားခါနီး ပြန်ဖွင့်တော့မှ တောစောင့်နတ် တောင်စောင့်နတ်တွေ မလို့သာပေါ့ ကျေးဇူးရှင် ကွန်ပျူတာ ပြန်ပြီးအဆင်ပြေသွားတယ်။ နဲနဲတော့ သဘောပေါက်လိုကတယ် Torrent တွေကလာတဲ့ ဟာတွေလည်း စိတ်မချရဘူး။ Comment တွေကို ဖတ်ပြီးမှာ ဒေါင်းလုပ်ဆွဲတာကောင်းတယ်။ ဒါနဲ့ပဲ F-Secure လေးကို စက်တက်တက်ချင်း ပြန်ဖြုတ်လိုက်တယ်။ ဒါမှ နဲနဲလေးစက်က သွက်သွားတယ်။ သူ့ခမျာလည်း မနိုင်ဝန်ထမ်းထားရရှာသလိုဖြစ်နေတယ်။ Security အတွက်စမ်းသုံးရင်းနဲ့ ကိုယ့်စက်ပါ ငါးပါးမှောက်တော့မလို့။ အခုတော့ AVG လေးနဲ့ အနည်ထိုင်သွားပြီ။ စက်လည်း သိပ်မလေးတော့ မဆိုးဘူး။ Firewall ကတော့ Sygate ပဲသုံးလိုက်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ သုံးလို့ကောင်းပါတယ်။ တစ်ခြားဟာတွေတော့ ထပ်ပြီး မစမ်းသပ်ချင်တော့ဘူး။ မောင်ဖိုးချမ်း မင်း ပလီတာနဲ့ပဲ စက်ကလေး ကြွတော့မလို့ :P

AVG နှင့် Sygate သုံးချင်တဲ့သူများ အောက်ကလင့်ခ်တွေမှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်

Comments

  1. ငါ့ညီ .. CMS ရေ .. အလကားရတဲ့ Software တွေဟာ များသောအားဖြင့် ဒီလို ကမောက်ကမတွေဖြစ်တတ်ပါတယ်။
    ပြသနာဖြစ်ရင်လည်း သူတို့ကို ဘာမှ ပြောလို့ရမှာမဟုတ်ပါဘူး။ နာမည်ကြီး Software Company တွေကလည်း
    ထို အလကားပေး Software တွေကို ဈေးကွက်ဖျက်တယ် ဆိုပြီး အမြင်ကတ်ကြတာရှိသလို .. သုံးတဲ့ Users တွေကလည်း
    ပြသနာတတ်တိုင်း “တောက်” ခေါက်ရုံထက် ပိုလုပ်လို့မရလို့ များသောအားဖြင့် သေသေချာချာ စဉ်းစားသုံးသပ်ပြီးမှ သုံးသင့်ပါတယ်။
    အကိုလည်း ခဏ ခဏ ပြသနာတတ်လွန်းလို့ နောက်ပိုင်း ထို Software တွေကို စမ်းလည်းမစမ်းတော့ဘူး။

    အရင်တုန်းကတော့ သူများတွေနဲ့ Software အကြောင်းတွေ Program အကြောင်းတွေ အားကျမခံ ပြောချင်လွန်းလို့ တွေ့ကရာ
    ထွက်သမျှတွေ လျှောက်စမ်းပါတယ်။ ဒါပေမယ့် .. နောက်ပိုင်း Major Software တွေ Major Program တွေ (ဥပမာ .. Microsoft, Adobe Macromedia, Autodesk) လောက်သာ လေ့လာပါတော့တယ်။ ထို Software တွေ အကြောင်းကိုတော့ ဗဟုသုတ အနေနဲ့သာ ဖတ်တော့တယ် ..
    စမ်းဖို့ကိုတော့ မစဉ်းစားတော့ပါဘူး။ ဒါပေမယ့် .. ကိုယ့်မှာ Computer နှစ်လုံး ရှိရင်တော့ ကျန်တဲ့ တစ်လုံးမှာ ထို Program တွေကို စမ်းသပ်ကြည့်သင့်တယ် လို့ ထင်ပါတယ် .. ပြသနာဖြစ်ရင်လည်း ထိုစမ်းတဲ့ စက်မှာပဲဖြစ်တာမို့ .. ကိုယ့် Data တွေ lost ဖြစ်မသွားပါဘူး။ မတတ်နိုင်တဲ့ အဆုံး Format ကိုင်ပေါ့ .. ဒါပေမယ့် ..
    စမ်းရင်တော့ စမ်းတဲ့ Software တိုင်း Program တိုင်း Note လေးထားသင့်တယ် ထင်ပါတယ် .. ဒါက ကိုတိုး အမြင်ပါ ..

    ReplyDelete
  2. Anonymous3:02 am

    that's ususlly happen to me often when i downloaded and run from torrent sites. becareful,those are malwares and spywares.

    ReplyDelete
  3. ကိုတိုးနဲ့ Anonymous ရေ

    ကျွန်တော်လည်း အတွေ့အကြုံတော်တော်ရသွားသလို လန့်လည်းသွားပြီ :) ကိုတိုးတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ :) အစမ်းကောင်းပြီး ငုတ်တုတ်မေ့တော့မလို့ :P

    ReplyDelete
  4. အစ်ကိုရေ.. မြောက်ပေးလိုက်ဦးမယ်...

    Komodo Firewall နဲ့ AntiVir လည်း နာမည်ကြီးတယ် ဆိုပဲ။

    ReplyDelete
  5. တွေ့တယ်ညီရေ .... စမ်းသုံးရမှာ လန့်နေတယ်
    ခဲမှန်ဘူးတဲ့ စာသူငယ်လိုဖြစ်နေတယ် :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။