Skip to main content

Colindale Photos and My Flash Tutorial

Colindale ထမနဲပွဲမှာ တုန်းက ဓာတ်ပုံတွေ ကိုညီပို့ပေးလို့ ဒီနေ့ရလိုက်တယ်။ ကျေးဇူးပါ ကိုညီ။ ဓာတ်ပုံတွေက တော်တော်ကောင်းပါတယ်။ ၀ါးတာတို့ ဘာတို့တောင် မရှိဘူး။ ကျွန်တော်လည်းဓာတ်ပုံထဲကြမှ ကြည့်မိတယ် ဘုန်းကြီးအရောင်ကြီးနဲ့ ပြီးတော့ ဘုန်းကြီးနားကို ရောက်နေတယ် :D ပုံထဲမှာတော့ လူတွေ ထမနဲကို ဘယ်လောက်ကြိုးစားပမ်းစား ထိုးကြတယ်ဆိုတာ ကြည့်နိုင်ပါတယ်။ ထမနဲဆိုတာကလည်း စားတော့သာ အရသာရှိတာ ထမနဲဖြစ်လာဖို့ လုပ်ရတဲ့အဆင့်တွေကြတော့ မနည်းဘူး။ နောက်ပြီး တစ်ယောက်တည်းလည်း လုပ်စားလို့ရတဲ့ အရာမဟုတ်။ ခက်တော့ အခက်သား။ မိသားစုဝင်များတဲ့ အိမ်တစ်အိမ်မှာ အပိုဝင်ငွေ ရချင်ရင် ထမနဲသာထိုးပြီးရောင်းကြလို့တောင် အကြံပေးရမလို ဖြစ်နေပြီ။ ကျွန်တော်တို့ မန်းလေးက ဒေါ်ရှိလည်း အဲဒီအတိုင်းပဲလားတော့မသိဘူး (ရမ်းပြောကြည့်တာ)။ နောက်ပြီး ထိုးရတာလည်း ပညာ တော်တော်ပါတယ်နော်။ အဓိက ကတော့ ထမနဲကို မွှေကတာ တော်တော်ပညာပါတယ်လို့ထင်တယ်။ ရောသမမွှေဆိုတာ ဒီကစတာပဲ။ အမွှေမတတ် အကုန်ငတ်ဆိုသလိုပဲ မွှေတာမကောင်းလို့ကတော့ တူးတူးနဲ့ တွေ့ပြီ။ ထမနဲအထိုးကောင်းမှုက ချက်ချင်းမခံစားရပါဘဲ နောက်နေ့ကျမှ ခံစားရပါတယ်။ လက်မောင်းလေးတွေက သူတို့ကို ဂရုစိုက်ဖို့ ခဏခဏ သတိပေးလာတယ်။

ဓာတ်ပုံတွေကို ဘလော့မှာတင်ရင်း မလုပ်တာကြာပြီဖြစ်တဲ့ Flash Tutorial လေးတွေ ပြန်ပြီးလုပ်ဖြစ်တယ်။ အဆက်ပြတ်သွားရင် လုပ်ရတာသိပ်မလွယ်ဘူး။ အမှန်ပဲ။ အရင်တုန်းကတော့ Flash Crazy ပေါ့။ IDCS စတက်ခါစကတော့ စိတ်ကူးထဲရှိတာ Programmer ပေါ့။ နောက်ပိုင်း Programming ကို ဘာလို့မှန်းမသိဘူး မလုပ်ဖြစ်ဘူး။ Flash နဲ့တွေ့တော့ Web ဘက်ကို လိုက်ချင်စိတ်ပေါက်သွားတယ်။ အဓိကကတော့ Design လေးတွေလုပ်နေရရင် စိတ်ထဲမှာ ပျော်နေမိတာ အမှန်ပဲ။ ဒါပေမဲ့ ထူးတော့ မထူးပါဘူးလေ Flash မှာလည်း ActionScript ဆိုတာကြီးပါလားတာပါပဲ။ Programming ကအားလုံးနဲ့ ဆက်စပ်နေသလိုတောင် ဖြစ်လာပြီ။ OnlineTutorial လေးတွေ တစ်နေ့ကို တစ်ခု ဒါမှမဟုတ် နှစ်ခု လုပ်သွားမှဖြစ်မယ်။ မဟုတ်ရင် မေ့ကုန်တော့တယ်။ ဒီနေ့ အဓိကလုပ်ဖြစ်တဲ့ ဆိုဒ်ကတော့ [ KIRUPA ] ပါ။ Tutorial လေးတွေ တော်တော်ကောင်းပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ ထိထိမိမိရှိတယ်။ VideoTutorial လေးတွေလည်းပါတော့ ပိုပြီးအဆင်ပြေတယ်။ Flash အပြင် .Net PHP နှင့် Photoshop Tutorial တွေပါ ပါသေးတယ်။ တကယ်ကို လေ့လာသင့်တဲ့ ဆိုဒ်တစ်ဆိုဒ်ဖြစ်တယ်လို့ပဲ အကြံပြုပါရစေ :)

ဒါနဲ့စကားမစပ် ... မနက်ဖြန် နှင်းကျအုံးမယ်တဲ့ ဒီမှာ တွေ့လိုက်တယ်။ နှင်းတောင်မှ ရိုးရိုးနှင်းမဟုတ်ပဲ Heavy Snow ဆိုပဲ။ ချမ်းရတဲ့ကြားထဲ ရေလောင်းပေးသလိုဖြစ်နေပြီ။ ရက်စက်ပါ့ ရာသီဥတုရာ။ မနက်ဖြန် ကျောင်းသွားချိန် ကျလို့ကတော့ ပြီးပါလေရောဗျာ။ အဲဒီလိုတော့ မနောက်လောက်ဘူးလို့ ထင်ရတာပဲ။ ရာသီဥတုဖောက်ပြန်တာလောက် စိတ်ပျက်ဖို့ကောင်းတာ မရှိဘူး။

Comments

  1. သင်္ကန်းရောင် အင်္ကျီလေး ဝတ်ပြီး ဘုန်းဘုန်းကျောပေါ် လက်တင်သလို လုပ်ထားတဲ့ ဟို ခပ်ဖြောင့်ဖြောင့် အကိုကြီး က မိုက်တယ်ဗျာ။ အဲ့ ခန့်တယ်ဗျာ။ ဓါးကြီး တကိုင်ကိုင် နဲ့ ဘာတွေများ လှီးနေလဲ မသိဘူး။ နှမ်းမနဲတွေ မြင်ရတော့ အရှိကို သတိရတယ်ဗျာ :P

    ReplyDelete
  2. Anonymous11:04 pm

    Watching those photos make me mouth water. hee =D
    Ngat tar myarr pyaw par tal. =p~
    Hope there'll be some events like this when I come to London in April.

    ReplyDelete
  3. Anonymous8:14 am

    ko chan mya soe! do you happen to know the little girl in pink called "khin sandi tin" in your pic? if so can you ask them their contact adds (email add would be okie ).
    Pls tell her mom, Aunty Nge that we misses her. thanks alot!!!

    ReplyDelete
  4. hh ရေ
    ကျွန်တော်တော့ မသိဘူးဗျ။ ဘုန်းကြီးကျောင်းကို ထပ်ပြီးရောက်ရင် မေးခဲ့ပေးပါ့မယ် :)

    ReplyDelete
  5. Hi, CMS, nice blog, I kno an easy way to do Hta Ma Nei at home, use a silverstone non stick pot, dont need that much oil, put Kautnyin in a Blender, till u get Zagwe size, then
    all the ingredients ko si thut, pi yin kaut nyin Mhaunt ko pot htei, water chein pi chet leit. Stir till its cooked. In 30 min it should be done. The only difference is Theit
    ma see ta, ta khu bei, I think becoz the Sweet Rice here is the problem. Taste the same for me.
    Try it. Thanks for ur informative tips and instructions. Soe

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။