Skip to main content

Chinese New Year

မနက်ဖြစ် တရုတ်နှစ်သစ်ကူးရောက်ပြီ။ တရုတ်သူငယ်ချင်း ဘော်ဘော်များ Gong Xi Fa Cai . Gong Xi Fa Cai :) ဒီနှစ်ဟာ တရုတ်ပြက္ခဒိန်အရ ၀က်နှစ်လို့ သိရပါတယ်။

ကျွန်တော်လည်း စကားနောက် တရားပါဆိုသလို တရုတ်လုံးလုံးဖြစ်တော့မယ်ဗျာ။ အသိမိတ်ဆွေဖြစ်သွားတဲ့ သူငယ်ချင်း ဒါမှမဟုတ် ဆရာတွေက ကျွန်တော့်ကို တရုတ်လို့ပဲ ထင်နေတယ်။ အဲဒါလည်း တစ်ဒုက္ခ၊ တရုတ်ဆိုင် လိုတာလေးတွေ ဈေးသွားဝယ်ရင်တောင် ဆိုင်က တရုတ်မ/ထီးတွေက တရုတ်လိုလာပြောနေတယ်။ ခက်တာက တရုတ်စကားနားလည်ရင်လည်း အကောင်းသား။ တရုတ်လို နားလည်တာဆိုလို့ ငါ နင့်ကို အရမ်းအိုက်တယ် ဆိုတာပဲ သိတယ် ;) ဟားဟား အသုံးတော့ဝင်သား :D

အဲဒီတရုတ်လို့ အထင်ခံလာရတာက အခုမှမဟုတ် ငယ်ငယ်လေးကတည်းက။ အသားဖြူတိုင်း တရုတ်ချည်းထင်နေတော့လည်း မခက်ပေဘူးလား။ နောက်ပြီး တရုတ်ပေါတဲ့ မန်းလေးမြို့မှာနေတာဆိုတော့ ပိုဆိုးပြီပေါ့။ ကျွန်တော်တို့ မန်းလေးမှာကလည်း လမ်းတွေထဲမ၀င်လိုက်နဲ့ အဲ အခုလိုချိန်ဆို ပိုဆိုးပေါ့ နီနီရဲရဲ စာတန်းလေးတွေ ရှိတဲ့ တရုတ်အိမ်တွေတော်တော်များများကို တွေ့ရလိမ့်မယ်။ တရုတ်တွေ နှစ်သစ်ကူးဟာ ကျွန်တော်တို့ ဗမာတွေလိုပဲ စိတ်ဝင်စားဖို့တော့ကောင်းတယ်။ သူ့တို့ အယူအဆကလည်း ဗုဒ္ဓဘာသာမို့လို့လားမသိ ကျွန်တော်တို့နဲ့ တော်တော်ဆင်ပါတယ်။ ဟုန်ပေါင်း(အမ်ပေါင်း) ပေးတာလေးတစ်ခုပဲ နဲနဲကွာသွားတယ်ထင်ပါတယ်။ ဒါတောင် ဗမာတွေမှာ လူကြီးမိဘတွေကို နှစ်သစ်မှာ ကန်တော့ရင် မုန့်ဖိုးပေးကြတာပါပဲလေ။ သိပ်တော့ မထူးပါဘူး။

တစ်နှစ်အတွင်းမှာကိုပဲ နှစ်သစ်ကူးတွေ အများကြီးရှိတယ်နော်။ အင်္ဂလိပ်လို ကူးလိုက်၊ မြန်မာလို ကူးလိုက်၊ ကရင်လို ကူးလိုက်၊ တရုတ်လို ကူးလိုက်နဲ့ပေါ့။ စိတ်ဝင် စားစရာပါပဲ။ ဒါပေမဲ့ ကိုယ့်ဘက်ကိုယ် ယက်တာတော့မဟုတ်ဘူး။ နှစ်သစ်ကူးတွေထဲမှာ မြန်မာနှစ်သစ်ကူးကို အပျော်ဆုံးပဲ။ သင်္ကြန် သင်္ကြန်။ အခုတောင် သိပ်မလိုတော့ဘူး။ မန်းလေးကျုံးဘေးမှာ မြို့တော်ဝန် မဏ်းတပ်တောင် ဆောက်နေလောက်ပြီထင်တယ်။

ဒီလိုအချိန် မန်းလေးကျုံးဘေးမှာ သစ်ရွက်တွေကြွေ နွေဦး လေရူးတွေတိုက်ပြီး သင်္ကြန်ကို ကြိုဆိုနေလောက်ရောပေါ့။ လွမ်းတယ် မန်းလေးရယ် :(

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...

Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic