Skip to main content

လူတွေရဲ့ ဘက်လိုက်တတ်တဲ့ သဘာဝ

လူတွေမှာ အစွဲကလေးတွေ ရှိတတ်ကြသည်။ အယူအဆစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ စသဖြင့်။ အဲသည်ထဲမှာ အားအကြီးဆုံးက ငါစွဲ။

ကိုယ့်ဘာသာကိုယ်ကတော့ မျှမျှတတ မှန်မှန်ကန်ကန် မြင်သည် ဟု ထင်တတ်ကြသည်။ သို့သော် ပြောရာဆိုရာ လုပ်ကိုင်ရာများမှာ သတိထားပြီးကြည့်လျှင် တစ်ဖက်ဖက်က လိုက်မိနေတာတွေ၊ အစွဲကလေးတွေနဲ့ ဆုံးဖြတ်မိတာတွေရှိနေတာ တွေ့ရလိမ့်မည်။ လူတွေမှာရှိတတ်ကြတဲ့ အဲသည်သဘောကို Tom Knight ဆိုသော ပုဂ္ဂိုလ်က အခုလိုပြောထားတယ်။

လူတစ်ယောက် အလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီးလုပ်နေရင် သိပ်နှေးကွေးတယ်လို့ပြောတယ်။
ကိုယ်ကြာရင်တော့ အဲဒါစေ့စပ်သေချာတာတဲ့။

ကိစ္စတစ်ခုကို လူတစ်ယောက်မလုပ်ရင် ပျင်းတာ။
ကိုယ်မလုပ်တာက အလုပ်များလို့တဲ့။

ကိစ္စတစ်ခုကို သူ့လုပ်ပါမပြောဘဲနဲ့ လူတစ်ယောက်ကထလုပ်ရင် အဲဒီလူ ဘောင်ကျော်တာတဲ့။
ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လာဘ်မြင်တာတဲ့။ လုပ်သင့်တဲ့အလုပ်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် တီထွင်ကြံဆပြီး လုပ်တတ်တာတဲ့။

လူတစ်ယောက်က သူ့အယူအဆကို အကြောက်အကန်ပြောနေရင် အဲဒါ တစ်စောက်ကန်း တစ်ယူသန်။
ကိုယ်ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာတဲ့။

အစဉ်အလာ ကျင့်ဝတ်စည်းကမ်း တစ်ခုတစ်လေ ချိုးဖောက်မိရင် အဲဒီလူ ယဉ်ကျေးမှု မရှိတာတဲ့
ကိုယ်ဂရုမစိုက်ခဲ့ရင်တော့ ဟာ .... မရဘူး ... ကျွန်တော်က ကိုယ့်ဟာနဲ့ ကိုယ်ပဲတဲ့။

ဖေမြင့် - စာဖတ်သမား၏ မှတ်စုများ

Comments

  1. Anonymous11:22 pm

    အလွန်မှန်ကန်တဲ့မှတ်စုပဲဗျာ။
    ဒါနဲ့ ..CMS ရဲ့Flash banner ကရိုးရိုးလေးနဲ့ ဒီဇိုင်းတော်တော်မိုက်တယ်။ အိုင်ဒီရာကောင်းတယ်ဗျာ။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် byn
    ကျွန်တော်လည်း ဖတ်မိ မှတ်မိတာလေးတွေ မျှဝေတာပါ :)

    ReplyDelete
  3. That right. KoChan .I have learnt the quote of " A man's exception is another man's rule".Thanks for sharing.

    ReplyDelete
  4. Anonymous1:24 pm

    CMS ရေ... ဒီ စာစုလေးမျှဝေတာ ကျေးဇူးပါပဲ ။ ကျွန်မလည်း အဲဒီ ဘက်လိုက်တဲ့သဘာဝကြီး လျော့နိုင်အောင် အသေအလဲ ကြိုးစားနေတယ် ။

    ReplyDelete
  5. @ Ko Awlangmg
    @ Ma Gyit Tu

    Welcome :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။