Skip to main content

သီချင်းနားစဉ်ခြင်း နှင့် လူမှုရေးအသိ

ယနေ့ခေတ်မှာ လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သီချင်းအမျိုးမျိုးကို နားစဉ်ခံစားနေကြပါတယ်။ အများဆုံးကတော့ MP3/MP4 Player တွေနဲ့ နားစဉ်ခံစားကြတာကို တော်တော်များများတွေ့ရပါတယ်။ အဲဒီလို လူတွေအတွက်တော့ ပြဿနာ သိပ်မရှိပါဘူး။ နားကြပ်နဲ့ နားစဉ်တာဆိုတော့ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေကိုလည်း အနှောက်အယှက်မဖြစ်ပါဘူး။ ဒါတောင် တစ်ခါတလေ အဲဒီ Player တွေနဲ့ Volume ကို အသကုန်ဖြဲတင်ပြီး နားထောင်တဲ့လူတွေရှိသေးတယ်။ စဉ်းစားကြည့်တယ် ... အကြားအာရုံပဲ ချွတ်ယွင်းနေကြတာလား ? ဒါမှမဟုတ် သူ့တို့နားထောင်တဲ့ နာမည်ကြီး အဆိုတော်တွေရဲ့ တီးလုံးသံတွေကို ဘေးကကြားပြီး သူတို့ကို အထင်ကြီးမိအောင် ဂရုစိုက်မိအောင်လို့လား (လုံးဝအထင်မကြီးပါ ... သောက်မြင်တောင်ကတ်တယ်) အဲဒီလူတွေထက် ပိုဆိုးတာက တိုက်ခန်းမှာနေတဲ့လူတွေ နဲ့ ကားပိုင်ရှင် အချိုးမပြေတဲ့ ကာလနာလေးတွေ။ တိုက်ခန်းပိုင်ရှင်လေးတွေ .... ဟုတ်ပြီ ... သီချင်းနားစဉ်တာပဲ အေးဆေးလေး တော်ရုံတန်ရုံ Volume လောက်နဲ့ဆိုတော်ပြီပေါ့။ အဲဒါကို မဟုတ်ဘူး ... အသကုန် Volume ကို သေပြီးတဲ့ ငရဲပြည်က ဆွေမျိုးတွေပါ ကြားရအောင် ဖြဲကားနားထောင်တယ်။ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်မှု မရှိဘူး။ တစ်ချို့ဆို ကိုယ့်ရဲ့အခန်းက လမ်းဘက်ကို မျက်နှာသာပေးထားတယ်။ နောက်ပြီး ကက်ဆက်ကို မိုက်ကုန်ဖွင့်ပြီး ညတိုင်း ကတဲ့ သောက်ပေါတွေက ရှိသေးတယ်။ မြန်မာပြည်မှာသာ ဆိုရင်တော့ ရပ်ကွက်ရုံးကိုတိုင်ခံရမှာ သေချာတယ်။ ဒါမှမဟုတ် အိမ်ခေါင်မိုး ခဲမိုးရွာမှာ။ ဆိုလိုတာက လူမှုရေးအသိရှိဖို့ပါ။ ကိုယ်လည်း အဆင်ပြေမယ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေအတွက်လည်း အနှောက်အယှက်မဖြစ်ဘူးဆို ဘယ်လောက်ကောင်းမလဲ။ နောက်ပြီး ရှိသေးတယ် ကားမောင်းတဲ့လူတွေ။ သီချင်းကို အကျယ်ကြီးဖွင့်ပြီးမောင်းတယ် ပြီးတော့ နောက်ကားက ဟွန်းတီးတာမကြား ဘာမကြားနဲ့ Accident ဖြစ်တယ် ကာလနာတိုက်တယ် ... နောက်ဆုံးအဆင့် မာလက ဈာန်ကြွတော့တာပဲ ... အဲဒီလိုနဲ့ လူပြည်ကို တာ့တာပြသွားကြတဲ့ ကားပိုင်ရှင်လေးတွေလည်း မနည်းတော့ဘူး။

အထက်ကစာပိုဒ်ကိုဖတ်ပြီး တိုက်ဆိုင်တဲ့လူတွေက တွေးကြ ပြောကြလိမ့်မယ်။ "သီချင်းနားထောင်တာပဲကွာ ကိုယ့်နားနဲ့ ကိုယ့်ကက်ဆက်နဲ့ကိုယ်ပဲ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ" ဆိုပြီးတော့။ ဟုတ်ပါတယ် ... ဘယ်သူ့မှ ဂရုစိုက်ဖို့ မလိုပါဘူး။ ဒါပေမဲ့ လူဆိုတာ ပတ်ဝန်းကျင်နဲ့ နေနေတာဖြစ်တဲ့အတွက် ကိုယ့်ဘေးပတ်ဝန်းကျင်ကို ထည့်ပြီးစဉ်းစားတတ်တဲ့ လူမှုရေးအသိစိတ်ဓာတ်(ကိုယ်ချင်းစာစိတ်)လေးတော့ ရှိဖို့လိုမယ်ထင်ပါတယ်။ ကိုယ့်ပစ္စည်းနဲ့ကိုယ်(ကိုယ့်ပစ္စည်းကိုယ်သုံးပြီး) သူများကဲ့ရဲ့ခံရတဲ့ အဖြစ်မျိုး၊ မေတ္တာပို့ခံရတဲ့အဖြစ်မျိုးလောက် ဆိုးရွားတာ ရှိမယ်မထင်ပါဘူး။

Comments

  1. ငါ့ညီ CMS ရေ .. ဘာတွေပေါက်ကွဲနေပြီလည်းကွာ ..

    ReplyDelete
  2. မြင်တာ ထင်တာလေးတွေ ချရေးကြည့်တာပါ ကိုကြီးတိုး

    ReplyDelete
  3. တစ်ယောက်ယောက်ကိုများ စိတ်ဆိုးနေလား။ ကြည့်ရတာ roommate တွေ ကိုCMSကို နှိပ်စက်ထားတယ်ထင်တယ်။
    by the way, “နားစဉ်” မဟုတ်ဘူးလေ။ “နားဆင်” ဖြစ်ရမှာမလား။

    ReplyDelete
  4. Roommate တွေမဟုတ်ပါဘူး ... မြင်နေ တွေ့နေတာလေးတွေ ရေးထားတာပါ ... ဘာနဲ့စဉ်/ဆင် လဲတော့မသိဘူး .. ပြန်ကြည့်လိုက်ဦးမယ် :)

    ReplyDelete
  5. ကိုချမ်းမြစိုးရေ.. မရောက်တာ အတော်ကြီးကို ကြာလို့ လာလည်တာ ပေါက်ကွဲသံစဉ်တွေပါလားဗျ။ သီချင်းကျယ်ကျယ် နားထောင်တတ်တဲ့ ကျနော်လဲ ဆင်ခြင်မှပဲ။ :D

    ReplyDelete
  6. ဟုတ်ပါ့ဗျာ .. မတွေ့တာကြာပြီ :)
    ပေါက်ကွဲသံစဉ်ပဲ ဆိုပါတော့ဗျာ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe