ASEAN နိုင်ငံတွေကို ကိုယ်စားပြုတဲ့ ပန်းတွေပါ။ အခုချိန်မှာတော့ အပုံဆုံးက ကျွန်တော့်ကို တော်တော်ဖမ်းစားနိုင်ပါတယ်။ သတိလည်း ရအောင်လည်းလုပ်ပါတယ်။ ကိုယ့်ဘက်ကိုယ် ယက်တာတော့မဟုတ်ဘူး ... ပန်းတွေထဲမှာ ပိတောက်က အလှဆုံးပဲ။ သူငယ်ချင်းတို့ရော ... ဘယ်လိုမြင်လဲ (မျက်စိနဲ့မြင်ပါတယ်လို့တော့ မလုပ်နဲ့နော်) ဘယ်ပန်းပိုလှလဲလိုပြောတာပါ :) အခုချိန်ဆိုရင် မြန်မာပြည်မှာလည်း သင်္ကြန်ရောက်ခါနီးဆိုတော့ ပိတောက်တွေ ပွင့်ရောပေါ့။ တစ်ချို့လမ်းလေးတွေထဲ ဖြတ်သွားရင် ပိတောက်ရနဲ့လေးတွေ ရှူရှိုက်လိုက်မိတဲ့ အရသာကလည်း တစ်မျိုးပဲ။ သင်္ကြန်နဲ့ပိတောက် ပိတောက်နဲ့ သင်္ကြန် ... အာ .. ဘာတွေမှန်း မသိတော့ဘူး။ ရှင်းရှင်းပြောရရင် သင်္ကြန်ကို လွမ်းနေတယ် :) နောက်လထဲမှာ ဘုန်းကြီးကျောင်းမှာတော့ သင်္ကြန်ပွဲရှိတယ်။ သီချင်းတိုက်သူများကလည်း အခုကတည်းက ကြိုတင် တိုက်နေကြလေရဲ့ (ဘယ်သူလဲလို့ မမေးရဘူးနော် ... သူငယ်ချင်းတစ်ယောက်ပါ) အရေးထဲ ဘုန်းကြီးဝတ်ခိုင်းတဲ့ သူတွေကရှိသေး။ အေးရတဲ့ကြားထဲ ကတုံးနဲ့တော့ မနေပါရစေနဲ့။ စကားမစပ် ဒီမှာ အခု ပန်းတွေပွင့်နေတာ အရမ်းလှတယ်ဗျာ ... Summer ကို ကြိုနေပြီလေ။ ဘာပန်းတွေလဲတော့ မသိဘူး .. ဟိဟိ .. နောက်နေ့မှ လိုက်မေးပြီးတော့ ပြန်ပြောပြမယ်။ ကဲ ... ASEAN Flower လေးတွေ ရှူ့စားလိုက်ပါဦး။

Padauk - Myanmar

Hibiscus - Malaysia

Vanda Miss Joaquim - Singapore

Simpor - Brunei Darussalam

Sampaguita Jasmine - The Philippines

Rumdul - Cambodia

Ratchaphruek - Thailand

Moon Orchid - Indonesia

Lotus - VietNam

Dok Champa - Lao PDR
ထိုင်းက ငုဝါပန်းထင်တယ်နော် အစ်ကိုဖိုးချမ်း ..
ReplyDeleteဗဟုသုတ ဖြစ်ဖွယ်ပါပဲဗျာ ..ပိတောက်ပန်းကတော့ တော်တော်လှတယ်နော် .. သင်္ကြန်ကို လွမ်းတယ်ဗျာ ..
ya bro: I miss mdy thingyan as well.
ReplyDeleteကိုချမ်း။ ကိုယ်စားပြုဆိုတာ ဘယ်လိုလဲ။ မြန်မာက သဇင်ပန်းလားလို့ ။ ထိုင်းက သစ်ခွလားလို့ ။ ဒါမှမဟုတ် လူတွေ ချစ်တဲ့  ပန်းတွေကို ပြောတာလား...
ReplyDeleteနိုင်ငံကိုယ်စားပြု ပန်းတွေပါ အစ်ကို :)
ReplyDeleteပိတောက်ပန်းပုံ လိုချင်လို့ google မှာ ရှာရင်း ရောက်လာတာပါ..ပို့စ်လေးတွေ တော်တော် သဘောကျမိပါတယ်ရှင်.. ပန်းတွေထဲမှာ ကျမတို့ရဲ့ ပိတောက်လေးက ချစ်စရာအကောင်းဆုံးပဲ နော်။
ReplyDelete(ora)
ပိတောက်ပန်းက လှလည်းလှသလို ကျက်သေရေလည်း ရှိတယ် :)
ReplyDelete