Skip to main content

အမှား

သူငယ်ချင်း ... ငါ့ Project အတွက် စိတ်ညစ်နေတယ်
Error တွေ အများကြီးတက်နေတယ်တဲ့

သူငယ်ချင်းတစ်ယောက် ငြီးတွားခဲ့တာလေးပါ။ သူငယ်ချင်း ... Project မှာပါတဲ့ အမှားတွေ (သို့) Error တွေက ကြိုးစားပြီးပြင်လိုက်ရင် ကောင်းသွားပါတယ်ကွာ။ လူ့ဘ၀မှာ ငါတို့ တစ်ခါတလေမှားတဲ့ အမှားတွေကျတော့ ပြင်လို့မရတဲ့ အမှားတွေ ဖြစ်သွားတတ်ကြတယ်။ တစ်ချို့ဆို ငယ်ငယ်ကမှားတဲ့ အမှား အသက်ကြီးတဲ့အထိ ဖျက်လို့မရတော့ဘူး။ ဘ၀မှာ အမည်းစက်ကြီးလို ထင်ကျန်သွားပါတယ်။

လူတွေလည်း တော်တော်ရီရတယ်။ CorrectionPen (သို့) ဖျက်ဆေးတဲ့ ... တီထွင်ထားကြတာပဲ။ တကယ်တော့ မှားတာတွေကို ဖျက်လိုက်တယ်လို့ မထင်ပါဘူး။ ခဏတာ ဖုံးကွယ်လိုက်တဲ့ သဘောပါပဲ။ အချိန်ကြာလာတာနဲ့အမျှတော့ ပြန်ပေါ်လာတာပါပဲ။ လူဆိုတာတော့ အမှားနဲ့ မကင်းပါဘူး။ အမှားဆိုတာ ကျွန်တော်တို့ရဲ့ မွေးရာပါ သူငယ်ချင်းလိုဖြစ်နေတာပါ။ မမှားဘူးတဲ့သူ ဘယ်မှာရှိလို့လဲ။ နဲနဲမှားတာနဲ့ များများမှားတာပဲ ကွာကြတာပါ။ မနက်ဖြန် ... မနက်ဖြန်တွေအတွက် အမှား (သို့) ပြင်လို့မရတဲ့ အမှားတွေ မလုပ်မိအောင်တော့ သတိနဲ့ထိန်းသိမ်း နေထိုင်သွားရမှာပါပဲ။

[ ဘာရယ်မဟုတ် ... သူငယ်ချင်းပြောသွားတဲ့ စကားလေးနဲ့ ပက်သက်ပြီး အတွေးနယ်ချဲ့လိုက်တာပါ ]

Comments

  1. အမှားတွေထဲက သင်ခန်းစာယူတတ်ဖို့လိုပါတယ်။ အတွေးမှား အမြင်မှားရင်တော့ သမိုင်းနွံနစ်မယ် ဆိုတဲ့ စကားကို ကြားဖူးပါတယ်။ စနစ်တွေမှားရင်တော့.....

    ReplyDelete

Post a Comment

Thanks for your comment.