မင်္ဂလာရှိသော မွေးနေ့ပါ မေမေ ... ဒီနေ့မှာ ကျရောက်တဲ့ မေမေ့ရဲ့ မွေးနေ့မှာ မေမေစိတ်ချမ်းသာပျော်ရွှင်ပါစေလို့ သားတို့ ဆုတောင်းပါတယ်။ မေမေ့မွေးနေ့မှာ မေမေချစ်တဲ့သားသမီးတွေ အနားမှာမရှိပေမဲ့ မေမေရဲ့ချစ်ခင်ပွန်း ဖေဖေရှိနေတဲ့အတွက် သားတို့ ၀မ်းသာပါတယ်။ ဖေဖေနှင့်မေမေ ကျန်းမာပျော်ရွှင်ပြီး သက်ကျော်ရာကျော်ရှည်ပါစေလို့ သားတို့ အမြဲဆုတောင်းပါတယ်။
မန်းလေးအိမ်မှာ ဒီနေ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်တော့ အိမ်ကိုတော့ သတိရမိတယ် ဘုန်းကြီးဆွမ်းကပ်ဖို့ လုပ်ပြီဆိုရင် ဟိုစပ်စပ် ဒီစပ်စပ် လိုက်လုပ်တတ်လို့ မေမေဆူတာ အမြဲခံရတယ် :) ဒါပေမဲ့ ဒီမှာလည်း သားတို့ ဘုန်းကြီးကျောင်းသွားဖို့ စီစဉ်ထားပါတယ်။ သားတို့ထင်တာ မမှားဘူးဆိုရင် ဒီနေ့ မေမေ့ မွေးနေ့မှာ မေမေ့အပေါင်းအသင်းတွေ၊ တပည့်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မေမေပျော်ရွှင်လိမ့်မယ်လို့ သားတို့ယုံကြည်ပါတယ်။ မေမေနဲ့ဝေးရာမှာ ရောက်နေပေမဲ့ မေမေရဲ့ ရင်ခွင်ဓာတ်က ဒီအထိအကျိုးသက်ရောက်နေဆဲပါမေမေ။

Happy birthday to ur Mom!
ReplyDeleteကိုချမ်းရေ... ကိုချမ်းအမေကတော့ သူ့သားလေးကို လွမ်းနေတော့မှာပဲဗျာ။
ReplyDeleteIt's cool.
ReplyDeleteI'm Ye doing Internet Training Programs in Myanmar and I saw your comments in thin-gyan.blogspot.com.
And when I surf ur BLogs Posts, those are so cool and I love to pass them to some journals. Could I ?
y t a u n g @ g Mail is mine.
Happy Birthday Ko Chan's Mom
ReplyDeleteMoeyae, MKH - ဆုတောင်းအတွက် အရမ်းကျေးဇူးတင်ပါတယ် :)
ReplyDeleteKoNayGyi - အတိအကျပေါ့ ... ဒီနေလိုနေ့မျိုး ပိုပြီးသတိရနေမှာပါ :)
ye - thz: for visiting my blog. If u wanna put my posts, pls: mail me details. c ya :)
အမေ့ရဲ့ မွေးနေ့မှာ နှုတ်ခွန်းဆက်ခွင့်ရတာ ကံကောင်းတယ်ဗျာ။
ReplyDeleteကျေးဇူးတင်ပါတယ် natthi ရေ :)
ReplyDelete