Skip to main content

ရာသီဥတု ဘာလဲ .. ဘယ်လဲ

ပြည်ပရောက် မြန်မာများ ခံစားရတဲ့ ဝေဒနာလေးတွေထဲမှာ ရာသီဥတုကလည်း တစ်ခုအပါအ၀င်ပါ။ ဒီနေ့ပဲကြည့်တော့ မိုးလိုလို နှင်းလိုလိုတွေ ကျနေတယ်။ တစ်ရက် နှစ်ရက်အတွင်း ပြန်ပြီးအေးလာတယ်။ အိုဇုန်းလွှာတွေပဲ မကောင်းတော့လို့လားတော့ မသိဘူး။ မန်းလေးဆောင်းမှာ နေခဲ့တဲ့သူတစ်ယောက်အတွက် ဒီကဆောင်းက ပိုပြီးအေးနေပါတယ်။ ကျောင်းကအပြန်ကို နှင်းတွေမျက်နှာလာရိုက်သေးတယ်။ နှင်းက ငါးမိနစ်လောက်ပဲကျတယ်။ ပြီးတော့ မကျတော့ပြန်ဘူး။ အခုတလော ထပ်ပြီးကျလိမ့်ဦးမယ် ထင်တာပဲ။ အဲဒီတော့ ကျန်းမာရေးလည်း ဂရုစိုက်ဖို့လိုတယ်ဗျား။ Heater ကလည်း ဖွင့်လွန်းလို့ အိမ်ရှင်လည်း လာတိုင်း ခို ဖြစ်နေပြီ :D မတတ်နိုင်ဘူးလေ အေးတာကိုး။ ကျွန်တော်တို့ ရွှေမန္တလေးမှာတော့ ပူနေလောက်ပြီထင်တယ်။ သစ်ရွက်ကြွေတွေနဲ့အတူ ဟို ပွဲတော်ကြီးကို ကြိုနေလောက်ရောပေါ့။ ဆယ်တန်းစာမေးပွဲတွေလည်း ပြီးသွားလောက်ပြီထင်တယ်။ ကျွန်တော်ဆယ်တန်းနောက်ဆုံးရက် ဖြေပြီးလို့ အိမ်အပြန် ကျုံးဘေးလမ်းကြီးကို သတိရမိတယ်။ ဖုန်တွေတလူးလူး လေရူးတွေတမြူးမြူးထဲ စိတ်ထဲမှာ ဘာကြီးမှန်းကို မသိဘူးဗျာ။ မယုံရင် မန္တလေးကို သွားသာကြည့်ကြပါတော့ :)

Comments

  1. ဟုတ်ပ .. ငါ့ညီ CMS ရေ ...

    ရူးတယ်ပြောပြော ပေါတယ်ပြောပြော .. ဆယ်တန်းစာမေးပွဲ ပတ်ဝန်းကျင် တပေါင်းလ ရာသီကို လောကမှာ အကြိုက်ဆုံးပဲ။ မန္တလေးမှာနေတုန်းက ဗရန်တာကိုထွက်ပြီး အိမ်ရှေ့က ဗန်ဒါပင် နှစ်ပင်က ၀ါညစ်ညစ် နီရော်ရော် သစ်ရွက်ခြောက်လေးတွေကို ငေးကြည့်ရင်း ဟိုးအဝေးတစ်နေရာက ဘူတာရုံရဲ့ ရထား ဥသြဆွဲသံလေးတွေကို ကြားရတိုင်း ဘာကိုတွေးလို့ ဘာကို ဆွေးမိမှန်း မသိရိုးအမှန်ပါ။ ရူးတယ်ပြောလည်း ခံရုံပဲ CMS ရေ။

    ReplyDelete
  2. ရသေ့သူတော်စင်တောင်မှ ဥာဏ်မခိုင် ဈာန်ရိုင်လျောရသေးတာပဲဗျာ
    ကျွန်တော်တို့က လူဆိုတော့ ... ပိုဆိုးတာပေါ့ ကိုကြီးတိုးရာ ... ဟုတ်ဘူးလား
    တစ်မြို့တည်းနေလို့လာတော့ မသိဘူးဗျာ ... ခံစားချက်ချင်းတူပါတယ် :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...

Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic