Skip to main content

သနပ်ခါး - BlackHole

BlackHole အဖွဲ့ ဆိုထားထဲ့ သနပ်ခါး ဆိုတဲ့ သီချင်းလေးပါ။ အခုတလော တော်တော်လေး နားထောင်ဖြစ်ပါတယ်။ MTV ကိုလည်း YouTube မှာ ကြည့်ရှူ့နိုင်ပါတယ်။ အခုခေတ်ကြီးမှာတော့ သနပ်ခါးလိမ်းတဲ့သူ ရှားသွားပါပြီ။



ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ
သူများတွေထက် မထင်ရှားလည်းပဲ ကိုယ့်အတွက် လမင်းလေးပါ

အမြဲတမ်း ပြုံးနေလိုက်ပါ ရိုးရိုးလေး မင်းမျက်နှာ
ကမ္ဘာကျော်တောင် မမှီနိုင်ဘူးကွာ
ကိုယ့်ရဲ့နှလုံးအိမ်ထဲမှာ အချစ်စိတ်တို့ နိုးထလာ ဒီတစ်သက်စာ ချစ်မေတ္တာ

မိုးပေါ်က နတ်သမီးလေးလား အသက်ရှူမှားလောက်တယ်ကွာ
ရင်အေးစေတဲ့ ဒီအပြုံးလေးနဲ့ အရိပ်ဖွဲ့လာအိပ်မက်မှာ

အမြဲတမ်း ပြုံးနေလိုက်ပါ ရိုးရိုးလေး မင်းမျက်နှာ
ကမ္ဘာကျော်တောင် မမှီနိုင်ဘူးကွာ
ကိုယ့်ရဲ့နှလုံးအိမ်ထဲမှာ အချစ်စိတ်တို့ နိုးထလာ ဒီတစ်သက်စာ ချစ်မေတ္တာ

ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ
ရင်အေးစေတဲ့ ဒီအပြုံးလေးအတွက် ကျေးဇူးပါ မိန်းကလေးရာ

Comments

  1. Anonymous1:30 am

    လိမ်းတဲ့သူ ရှိပါသေးတယ်ကွ ။ I am one of them. မနက်တိုင်း ကျောက်ပြင်သေးသေးလေးနဲ့ သွေးလိမ်းတယ် ။ ဒါပေမယ့် ပါးကွက်တော့ မကွက်ဘူးပေါ့ ။

    ReplyDelete
  2. ဟိဟိ ဒါ့ကြောင့် ရှားသွားပြီလို့ပြောတာပါ ... ရှိတော့ရှိတယ် ရှားတယ်လေ :P ဘာသနပ်ခါးလဲ ရွှေဘိုသနပ်ခါးလား :D

    ReplyDelete
  3. Anonymous3:32 am

    အဟား ဘယ်က သနပ်ခါးတုံးလဲတော့ မသိဘူးကွ ။ အိမ်မှာရှိတာ လိမ်းတာပဲ ။ ဒါနဲ့ အဲဒီသီချင်းလင့်ခ်က ဒေါင်းနေတယ်နော် ။ နားထောင်လို့ မရဘူး ။

    ဟေး.. နွေရောက်ရင် လန်ဒန်မှာ အရွယ်တွေကြွေတာ ပန်းတွေ လှနေတာ ဓါတ်ပုံရိုက်ပါဦးး)

    ReplyDelete
  4. အစ်မရေ တစ်ခုခုမှားနေပြီ
    ကျွန်တော်အခုတင် ဒေါင်းလုပ်လုပ်ပြီး နားထောင်တာ ရတယ်ဗျ :) ODEO ကတော့ တစ်ခါတလေ ပြဿနာတက်တယ် :)

    ပန်းတွေကတော့ အရမ်းလှတယ် အစ်မရေ
    ရောင်စုံပဲ ဘာတွေမှန်းကို မသိဘူး :D
    စိတ်ကူးပေါက်တဲ့တစ်ရက် ရိုက်ပြီးတင်ပေးမယ်လေ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။