12 Apr 2007

သင်္ကြန် သင်္ကြန် မန္တလေးသင်္ကြန်

မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်ခူးလေမှာ
တစ်ယောက်တစ်လက်မို့ လှမ်းကာဖျန်းပက်ကြစဉ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ

အချိန်တန်ဂိမှာန် နွေဦးဝယ်
မသွေမှန် တောင်ပြန်လေမြူးတယ်
အချိန်ခါဝေဆာ ပွင့်ခါထူးတဲ့ အို ပိတောက်ဖူးရယ်

မြို့တိုင်း နယ်တိုင်း ရွာတိုင်းမှာ သီချင်းသံလေးတွေနှင့်အတူ မြန်မာ့နှစ်သစ် အတာသင်္ကြန် ကြိုဆိုနေကြပြီ။ ဒီမှာတော့ သင်္ကြန်တစ်ရက်ပဲရှိတယ်။ အဲဒီနေ့တော့ သွားလိုက်ဦးမယ်။ အရမ်းကဲချင် က ချင်လွန်းလို့တော့ မဟုတ်ဘူး။ ဘုန်းဘုန်းတို့ကို ပွဲအတွက် လုပ်အားပေးရင်း ကူညီစရာရှိတာလေးတွေ ကူညီပေးရအောင်လို့ပါ။ နောက်ပြီး အိမ်မှာတစ်ယောက်တည်းနေရင် ဂေါက်သွားမှာစိုးရတယ်။ သင်္ကြန် သင်္ကြန် မန္တလေးသင်္ကြန် ... ဒီနှစ် ငါမရှိဘူး။ ဒါပေမဲ့ ... မင်း သစ္စာရှိရှိ စည်ကားမြဲ စည်ကားနေပါကွာ။

2 comments:

  1. အကိုချမ်းမြစိုး လွမ်းမနေနဲ့ လာခဲ့ ဗွမ်းးးးးးးး ဗွမ်းးးးးးးးး အိုးမဲသုတ်မယ် :P

    ReplyDelete
  2. လာချင်တယ် ညီမရေ ... အဆင်မပြေသေးဘူး :)
    အိုးမဲသုတ်ရင် ထုံးပြန်သုတ်မယ် :P

    ReplyDelete

Thanks for your comment.