Skip to main content

How to put HTML Tag/Code in Blogger Post

HTML Code တွေကို BlogPost တွေထဲမှာ ဥပမာအနေနဲ့ ထည့်ပြီးရေးတုန်းက ရွာပတ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက ဘလော့ရေးခါစဆိုတော့ မသိသေးဘူး။ နောက်ပိုင်းမှ ဘယ်လိုလုပ်ရတယ်ဆိုတာ နားလည်လာတယ်။ အဓိက ပြဿနာဖြစ်တာက < (LessThan) နှင့် > (GreaterThan) ပါ။ Post မှာ ဒီတိုင်းပဲထည့်မယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒီ Tag တွေကို HTML Coding အနေနဲ့ သတ်မှတ်ပြီး အလုပ်လုပ်သွားမှာပါ။ အဲဒီတော့ သက်ဆိုင်ရာ EntityName/Number တွေနဲ့ အဲဒီ Tag တွေကို အစားသွင်းပေးမှ အဆင်ပြေမှာပါ။ ဥပမာ < ကို ဥပမာပေးချင်တယ်ဆိုရင် &lt; နဲ့အစားသွင်းပေးရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ > ကို ဥပမာအနေနဲ့ပေးချင်တယ်ဆိုရင် &gt; နဲ့အစားထိုးရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ Entity တွေကိုတော့ HTML 4.01 Entities Reference မှာကြည့်နိုင်ပါတယ်။

ဥပမာပေးစရာ Coding တွေများတယ်ဆိုရင် Notepad မှာပါတဲ့ Find and Replace ကိုသုံးပြီး ပြောင်းနိုင်ပါတယ်။
  1. ဥပမာပေးမည့် Coding များကို Notepad မှာထည့်ပါ။
  2. Edit Menu မှာ Replace ကိုရွေးပါ။
  3. Find What: text box တွင် ပထမဆုံး < ကိုထည့်ပါ။ Replace with: text box တွင် < ကို အစားသွင်းမည့် &lt; ကိုထည့်ပါ။ ထို့နောက် Replace All ကိုရွေးပါ။
  4. > ကိုလည်း ထိုနည်း၎င်း &gt; ဖြင့် အစားသွင်းပါ။
  5. Replace လုပ်ပြီးသည့်နောက်တွင် Codeများကို Copy ကူး၍ Blogger ၏ Edit HTML View တွင် ထည့်သွင်းကာ အသုံးပြုနိုင်ပါသည်။

Comments

  1. ကိုချမ်းမြစိုးရေ Coding တွေအကြောင်းပြောချင်လို့ မဟုတ်ပါဘူး။ C Box ရှာမတွေ့ဘူး။ ပြန်တင်ပေးပါ။ ဘာမှမဆိုင်ပေမဲ့ ပြောရဦးမယ်။ သင်္ကြန်ကဲရဦးမှာ...... :P။ C Box ပြန်တင်ပေးပါ။

    ReplyDelete
  2. ညီရေ .. Banner အောက်က MessageBoard ကို Click လုပ်လိုက်ပါ အဲဒါက Cbox နဲ့ ချိတ်ထားတာပါ။

    သင်္ကြန် ကဲနိုင်သူတွေပဲ ကဲကြပါကွာ :)

    ReplyDelete
  3. ကျေူးဇူးတင်တယ်...

    ReplyDelete
  4. ကျေးဇူးတင်ရင် တရုတ်ပြည်က မုန့်ဝယ်ခဲ့ :P

    ReplyDelete
  5. ဒါကို သိချင်နေတာ။ အခုမှဘဲ သိတော့တယ်။ မနေ့က HTML ကုဒ် တစ်ခုကိုတင်မို့ဟာ။ မူးသွားတယ်။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. မသောက်ပဲ ဘာလို့မူးသွားတာလဲ .. တန်တာပေါ့နော် :P

    ReplyDelete
  7. Anonymous5:34 am

    ကိုချမ်းမြစိုး ခုလိုမျိုး သေချာရှင်းပြထားတာ ကျေးဇူး ညလေးလဲ ပြန်ပြင်ကြည့်ဦးမယ်

    ReplyDelete
  8. ဖိုးချမ်းရေ... မေ့တတ်လွန်းလို့ ငါ့ဘလော့မှာ လင့်ခ်ပေးထားလိုက်တယ်...

    ReplyDelete
  9. ကိုချမ်းမြစိုးခင်ဗျာ...
    ကျွန်တော်ကတော့ အုမှ blog စလုပ်ကြည့်တဲ့သူပါ ကျေးဇူးပြုပြီး လိုအပ်တာလေးတွေ သင်ပေးပါခင်ဗျာ...link ကတော့ www.granfarz.blogspot.com ပါခင်ဗျာ ...
    zdk;zdk;

    ReplyDelete
  10. ကိုချမ်းမြစိုးရေ

    ကျွန်တော် က အခုမှဘလော့စလုပ်တာပါ

    ကျေးဇူးပြုပြီး လိုအပ်တာလေးတွေကို ပြပေးပါအုံး

    site က http://yoyolay.blogspot.com ပါ

    ReplyDelete
  11. လာလည်သွားကြောင်းပါ။
    blog မရေးတာတော့ကြာပြီ။
    ခုပြန်ရေးမလို့။
    လာလည်ပါဦး။

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။