ကွန်ပျူတာက WindowLogoLoading ပြီးတော့ ဘာမှ ဆက်မတက်တော့ဘူး။ ရနိုး ရနိုးနဲ့ Restart ခဏခဏ လုပ်တာလည်းမရဘူး။ တစ်ချို့ Data တွေကလည်း အဲဒီထဲမှာ ကျန်နေတယ်။ Backup လုပ်မယ်ဆိုပြီး မလုပ်မိလိုက်တာလည်း ငါ့အမှား။ အခုတော့ ပြန်လုပ်ပေဦးပေါ့ :( ကိုယ့်ဒေါသနဲ့ ကိုယ်ပဲလေ တတ်နိုင်ဘူး ~X( ဒီ Backup အကြောင်းကို ကွန်ပျူတာသင်တန်းတွေ စတက်ကတည်းက သင်လာတာ အခုထိကို အမှတ်မရှိသေးဘူး။ အရေးကြီးတဲ့ Coursework တွေအပြင် စုထားတဲ့ သီချင်းလေးတွေ ဓာတ်ပုံလေးတွေ Template လေးတွေ ရေစုန်မြောသွားပြီ။ Coursework ကိုတောင် ဒီလောက်မနှမြောဘူး။ ပြန်လုပ်ရင် ရနေသေးတယ်။ ပုံတွေ သီချင်းလေးတွေ Template တွေက ဟိုချောင်နှိုက် ဒီချောင်နှိုက် ရှာထားရတာ။ ဧပရယ်ဖူးလ် ကျမှ ဒေတာပျက်လို့ ရူးတော့မယ်ထင်တယ်။ ဟူး ... Backup ကလည်း Backup ပဲ။ အမှတ်မရှိတဲ့ ငါကလည်း ငါပဲ။ Project ကတော့ Backup ရှိနေလို့ ခံသာသေးတယ် နောက်လဆိုရင် အပြီးတင်ရမယ်။ နောင်ကိုလည်း Backup မလုပ်နဲ့ သိလား၊ မှတ်ပြီလား ... L-)
စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...
Window ရဲ့ boot.ini ပျက်သွားတာ ဖြစ်ပါလိမ့်မယ်။ ဒေတာ အားလုံးတော့ ပျောက်သွားမယ် မထင်ဘူး။ တို့လဲ တစ်ခေါက် ဖြစ်ဖူးတယ်။ windows CD ထည့်ပြီး repair windows ကနေ CHKDSK command ကို သုံးကြည့်ပါလား။ တစ်ခြားနည်းတွေလည်း ရှိဦးမှာပါ။ ချိတ်ညစ်နဲ့နော်။
ReplyDeleteပြောပြောကတော့ မစောဘူး။ အခုတော့ သွားပြီ မရှိတော့ဘူး :)
ReplyDeletemhar te ah khar le mhar pay mha paw ko chan yel.m
ReplyDeleteပြောပြောက စောရအောင်.. ကိုဖိုးချမ်း ကွန်ပျူတာက စောစောမှ မပျက်တာ.. စနေနေ့မှ ရွေးပြီး ပျက်သွားတာကိုး။ စိတ်ကလည်း တော်တော်မြန်တယ်။ ချက်ခြင်း format ချပစ်တာကိုး
ReplyDeleteလူကလည်း အခုမှ အင်တာနက်ရောဂါ စွဲနေလို့။ အင်တာနက်များ အသုံးရရင် ဟိုနားသွားလည်း ယားကျိကျိ ဒီနားသွားလည်း ယားကျိကျိဖြစ်နေတာနဲ့ မထူးဇာတ်ခင်းလိုက်တာ :)
ReplyDeleteတစ်ရာနဲ့ပဲဖြေပေါ့ကွယ်...........
ReplyDeleteတစ်ရာနဲ့မလောက်လောက်ဘူး :P
ReplyDelete