၂၀၀၃ လောက်မှာ တော်တော် Hot ခဲ့တဲ့သီချင်းလေးပါ။ လူတိုင်းလည်း ကြိုက်ကြပါတယ်။ အဲဒီနှစ်က မန်းလေး ပန်တျာကျောင်းရှေ့က pandal တစ်ခု(SmilePandal)ကို သူငယ်ချင်းတွေနဲ့ နေ့တိုင်းရောက်ခဲ့တယ်။ ရှုပ်ယှက်ခတ်နေတာပဲ ဘာတွေမှန်းတော့မသိဘူး။ ဒီ MTV ထဲမှာလဲ အဲဒီ Smile Pandal ပုံတွေပါသေးတယ်။ အခုချိန် ကျုံးဘေးမှာ အုံ့အုံ့ကျက်ကျက် ဖြစ်နေလောက်ပြီ။ ၀ပ်ရှော့တွေမှာလည်း ဆိုင်ကယ်သံ ကားသံတွေနဲ့ စည်ကားနေလောက်ပြီ။ အထူးသဖြင့် ဂျစ်ကားတွေပေါ့။ မြို့လမ်းတလျောက် ဆိုင်ကယ်သံတွေလည်း ဆူညံနေပြီ။ ထုံးပေသီးများနှင့် ကျောင်းသားများလည်း စိန်ပြေးလိုက်တမ်း ကစားလို့ကောင်းနေပြီ။ မြို့တစ်မြို့လုံး နိုးကြားတက်ကြွစွာနဲ့ မြန်မာနှစ်သစ် အတာသင်္ကြန်ကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မန်းလေးသင်္ကြန် ပြင်ဆင်မှု ပုံရိပ်တွေကို အလွမ်ပြေကြည့်ချင်တယ်ဆိုရင် အောက်ပါဆိုဒ်များပါ သွားရောက်ကြည့်ရှူ့နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ သူတို့ကို မန်းလေးပုံတွေအတွက် အရမ်းကျေးဇူးတင်မိပါတယ်။
http://stevenalexand.blogspot.com/
http://www.aclmdy.blogspot.com
http://uhteik.blogspot.com/

Comments
Post a Comment
Thanks for your comment.