Skip to main content

မြန်မာနှစ်ဆန်းတစ်ရက်နေ့

မြန်မာနှစ်သစ် ၁၃၆၉ ခုနှစ်ကိုရောက်လာပြီ။ အသက်လည်း တစ်နှစ်ပိုကြီးလာပြီပေါ့။ အသက်ကြီးလာတာနဲ့ ဆက်စပ်ပြီး စဉ်းစားတွေးတောလိုက်မယ်ဆိုရင်တော့ ပို့စ် တော်တော်ရှည်သွားလိမ့်မယ်။ ဒီနေ့လိုနေ့မျိုးဆိုရင် မြန်မာနိုင်ငံက ဘုရားကျောင်းကန်တွေမှာ ကောင်းမှုအလှူပြုလုပ်သူတွေနဲ့ စည်ကားနေရောပေါ့။ ကျွန်တော်တို့ မန္တလေးမှာဆိုရင် မဟာမြတ်မုနိဘုရား၊ အောင်တော်မူဘုရား တို့မှာ ဒီအချိန် ဒီနေ့ အရမ်းစည်ကားတာပေါ့။ သတ္တ၀ါတွေကို ဘေးမဲ့လွှတ်သူတွေ၊ စတုဒီသာကျွေးမွေးခြင်းသတဲ့ မြန်မာတို့ရဲ့ ချစ်စဖွယ်ဓလေ့စရိုက်တွေကို ဒီနေ့လိုနေ့မျိုးမှာ ပီပီပြင်ပြင် မြင်တွေ့နိုင်တာပေါ့။

ဒီနေ့ စိတ်ထဲမှာ ဖြစ်ပေါ်မိတာတစ်ခုကတော့ မန္တလေးမှာရှိတုန်းကလို နှစ်ဆန်းတစ်ရက်နေ့ ဘုရားကြီးကို အစောကြီးသွားပြီး မျက်နှာသစ်တော်ရေ နှင့် ရွှေဆိုင်း ကပ်၊ အပြန်မှာ အောင်တော်မူဘုရား ၀င်ပြီး ဖူးချင်တာပါပဲ။ ညဘက်ပိုင်းမှာတော့ လူကြီးမိဘတွေကို ကန်တော့ချင်တယ်။ သင်္ကြန်မှာ နှစ်တိုင်းသွားပြီး ကန်တော့ဖြစ်တဲ့ ဆရာမ ဒေါ်လှိုင်လှိုင်မြင့်ဆီကိုတော့ ဒီနှစ်မရောက်ဖြစ်တော့ဘူး။ ပြန်ရောက်ဖြစ်တော့မှပဲ ဆရာ၊ ဆရာမတွေကို လိုက်ပြီးကန်တော့ရင်း စကား အ၀ သွားပြောတော့မယ်။

သင်္ကြန်ဆိုတာကြီးကလည်း ရောက်ဖို့သာ အကြာကြီးစောင့်ရတာ ပြီးတော့လည်း ခဏပါပဲ။ သင်္ကြန်မတိုင်ခင်ကတော့ ရွစိရွစိပေါ့ (သင်္ကြန်ပိုးလို့ပဲခေါ်မလား)။ နောက်တော့လည်း ဘာမှ မဟုတ်ပါဘူး။ နောက်နှစ်အတွက်တော့ အကျင့်ရသွားမယ်ထင်တာပဲ။ ဖြစ်တယ် ပျက်တယ်ဆိုတဲ့ လိုပါပဲ။ ဖြစ်ပြီးရင်တော့ ပျက်သွားတာပါပဲ။ တရား ပေါက်နေတယ်လို့များ ထင်သွားလားမသိဘူး :) ထင်လည်း ထင်ချင်စရာပါပဲ ဘုန်းကြီးကျောင်းကို ခဏခဏ သွားနေတာကိုး။ အင်း ... နှစ်ကူးတစ်ခုကို ရောက်လာပြန်ပြီ။ ပြီးခဲ့တဲ့ နှစ်က ငါ ကောင်းမှုလုပ်တာနဲ့ မကောင်းမှုလုပ်တာ ဘာဟာက ပိုများနေပါလိမ့် :-?

မြန်မာ့နှစ်သစ်ကို ကြိုဆိုရင်း နားထောင်မိတဲ့ သီချင်းလေးကတော့ MFG ရဲ့ နှစ်သစ် ဆိုတဲ့သီချင်းလေးပါပဲ။


Comments

  1. Anonymous1:22 am

    hote tel pho chan..
    u ta yar taw2 lay pout nay pii pel
    phone gyi ma wit yin nar tar pel :P

    ReplyDelete
  2. hote par tae .. thi la shin kyee ka lae :P

    ReplyDelete
  3. Anonymous1:27 am

    imm dar du dar du kwellll

    ReplyDelete
  4. nauk ta khun kyan thay tae :{

    ReplyDelete
  5. ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ ချမ်းမြစိုးရေ
    ခရီးကလည်း မုန့်ဝယ်ခဲ့ပါတယ် :D

    ပန်းပွင့်လေး

    ReplyDelete
  6. ကျေးဇူးတင်ပါတယ် ပန်းပွင့်လေး :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။