Myanmar Muisc Box - ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေနဲ့ စာသားလေးတွေကို စုစည်းထားတဲ့ Blog တစ်ခုပါ။ MyanmarForum တွေကိုလည်ပတ်ရင်း ရရှိခဲ့တဲ့ သီချင်းလေးတွေကိုလည်း အဲဒီမှာပဲ တင်ပေးထားပါတယ်။ အားလပ်ချိန်မှာ သီချင်း နားထောင်ဖြစ်တယ်။ မွေးမြေရပ်ခြားကို ရောက်နေတဲ့သူတွေအတွက် သီချင်းနားဆင်ခြင်း၊ ဖိုရမ်ရေးခြင်း၊ Blog ရေးခြင်း စတာတွေနဲ့ပဲ Relax လုပ်နေရတာပါ။ တစ်ခါတလေတော့လည်း Chatting ပေါ့။ သီချင်းတွေက နောက်ပိုင်း အသစ်တွေတော့ ထွက်ပါရဲ့ ဒါပေမဲ့ "အသစ် ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တလည်လည်" ဆိုသလိုပဲ အရင်တုန်းက သီချင်းလေးတွေကိုပဲ ပြန်ပြန်ပြီး နားထောင်ဖြစ်တယ်။ နောက်ပိုင်းထွက်တဲ့ သီချင်းတွေကတော့ သံစဉ် စာသားတွေ ထပ်နေသလိုပဲ။ သီချင်းတွေထဲမှာ မွေးဖွားလာတာက အစ သေတဲ့အထိ အဆုံး စာသားတွေ ထည့်ရေးကြတယ်။ မုန့်လုံးကိုစက္ကူကပ်တာတို့ ရေခဲရေ ရောင်းတာတို့ကိုတောင် သီချင်းလုပ်ပြစ်လိုက်တယ် ပြတ်ရော :D ဒီ Blog မှာတော့ နားထောင်လို့ကောင်းမယ်ထင်တဲ့ သီချင်းလေးတွေကို ပုံမှန်တင်ဖြစ်သွားမှာပါ။ လာလည်တဲ့ Visitor တွေအနေနဲ့ နားထောင်ချင်တဲ့ သီချင်းများရှိရင်လည်း CBox မှာရေးပေးနိုင်ပါတယ်။ တတ်နိုင်သမျှ ရှာဖွေပြီး တင်ပေးသွားပါမယ်။ သီချင်းနားဆင်ရင်း အပန်းဖြေ ပျော်ရွှင်နိုင်ပါစေ။
စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...
thanks~~~~~~~~~ bro :)
ReplyDelete(: welcome :)
ReplyDelete