Skip to main content

How to find happening stuff on Net

တစ်နေ့တစ်နေ့ ကိုယ်စိတ်ဝင်စားရာ ကဏ္ဍအလိုက် Uptodate ဖြစ်တဲ့သတင်းတွေကို ရှာဖွေ ဖတ်ရှူ့ရတာလည်း အလုပ်တစ်ခုပါပဲ။ အဲလို ဖတ်နိုင်ဖို့အတွက် သတင်းတွေကို ဘယ်လိုရှာဖွေလဲ၊ ဘယ်နေရာတွေကနေ ဖတ်လည်း ဆိုတာကလည်း အရေးကြီးလာပါတယ်။ လူတိုင်းလူတိုင်း အင်တာနက်ကြည့်ပြီဆိုတာနက် ကိုယ်စိတ်ဝင်စားတဲ့ သတင်းတွေရှိရာကိုပဲ အရင်ဦးတည်သွားတတ်ပါတယ်။ သတင်းတွေရှာဖွေပုံကတော့ လူတိုင်းမှာ နည်းမျိုးစုံရှိကြပါတယ်။ အခု ကျွန်တော်လုပ်နေကျ နည်းလမ်းတွေကို မျှဝေချင်ပါတယ်။
  1. အကြိုက်ဆုံး site/blog တွေရဲ့ Feed တွေကို သုံးနေကျ GoogleReader မှာ subscribe လုပ်ထားပြီး ဖတ်တယ်။ Reader နဲ့ဖတ်တဲ့အတွက် ကိုယ်ဖတ်ချင်တဲ့ ခေါင်းစဉ် အကြောင်းအရာကို မြန်မြန်ဆန်ဆန် တွေ့နိုင်သလို အချိန်ကုန်လည်း သက်သာပါတယ်။
  2. Technoratic Tob Blog တွေကို အမြဲတမ်းစောင့်ပြီး ဖတ်ရှူ့ပါတယ်။ အကုန်လုံး မဖတ်နိုင်ရင်တောင် ကိုယ်အကြိုက်ဆုံး ၁၀ခုလောက်တော့ ရအောင်ဖတ်လိုက်တယ်။
  3. Digg, Delicious နှင့် Netscape တို့မှာ လူကြိုက်အများဆုံး Bookmark အလုပ်ခံရဆုံး ပို့စ်တွေကို သွားပြီးဖတ်ဖြစ်တယ်။
  4. Youtube နှင့် Google Video ကိုတော့ နှစ်ရက်တစ်ခါလောက် သွားကြည့်ဖြစ်တယ်။ Account ဖွင့်ထားတဲ့အတွက် ကိုယ်ကြိုက်တဲ့ Video တွေ့ရင် Favorite ထဲကို ဆွဲထည့်လိုက်တယ်။
  5. Microsoft, Apple, Google, PCWorld စတဲ့ နည်းပညာနဲ့ ပက်သက်တဲ့ website တွေကိုလည်း မကြာမကြာ သွားဖတ်ဖြစ်တယ်။
  6. တစ်ခြား CNN, BBC စတဲ့ website တွေကိုတော့ reader ကနေတစ်ဆင့်ပဲ ဖတ်ဖြစ်တယ်။ reader မှာ အဲဒီ site တွေက auto ပါပြီးသားဆိုတော့ ဘာမှ ထပ်လုပ်ဖို့မလိုတော့ဘူး။
အခုနောက်ပိုင်း Desktop Feed Reader ကိုသုံးပြီးတော့လည်း ဖတ်ဖြစ်တယ်။ အကြိုက်ဆုံး တစ်ခုကတော့ Newsgator ရဲ့ FeedDemond 2.5 ပါပဲ။ သူ့ရဲ့ Features နဲ့ Requirements တွေကတော့

New Version! Top new features in FeedDemon 2.5:
  • Synchronized news bins with shared RSS feeds
  • Prefetch unread items for offline reading
  • Improved "Popular Topics" feature
  • Embedded videos now display in newspapers
  • "Who's linking here?" added to each post in a newspaper
Requirements
  • Microsoft Windows® 98 or later
  • Microsoft Internet Explorer 6.0 ® or later
Download : Feeddemon 2.5.0.10

ကျွန်တော့်ရဲ့ Technique တွေကတော့ အဲဒါပါပဲ။ မိတ်ဆွေလည်း ဘယ်ပုံ ဘယ်နည်း သတင်းတွေရှာဖွေ ဖတ်ရှူ့တယ်ဆိုတာကို sharing လုပ်သွားပေးပါဦး။ မသိသေးတဲ့သူတွေလည်း သိသွားအောင်၊ သိပြီးသားသူတွေလည်း ပိုပြီး ပြည့်စုံသွားအောင် မျှဝေသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Updated (11.June) : How to use RSS Feeds ဆိုတဲ့ Video လေးကိုလည်း လေ့လာကြည့်စေချင်ပါတယ်။

Updated (13.June) : Mashable မှာပါတဲ့ The Ulimate RSS Tool Box ဆိုတဲ့ပို့စ်လေးလည်း အရမ်းကောင်းပါတယ်။ RSS နဲ့ပက်သက်ပြီး ဗဟုသုတ တော်တော်ရပါတယ်။

Comments

  1. cool fri, really appreciate it.
    thanz for sharing such a valuable info to all readers.

    ReplyDelete
  2. Nice post , keep it up . :P Thanks much for sharing

    ReplyDelete
  3. ahmei, MKT ... welcome and thx for your comments . why don't u share ur way? :)

    ReplyDelete
  4. you know my problem, that's why I can't now. but one day pop :)

    ReplyDelete
  5. MKT ... ic hope it'll be fine soon :)

    ReplyDelete
  6. cheers! doh ka tot google nae pae shar tat tae...ta char har tot thi bu..min pyaw ma di lo tway shi man thi ya tar...thanks you ...thanks you..good..pa..byar..

    ReplyDelete
  7. ကိုချမ်းမြစိုးခင်ဗျာ။ ကျွန်တော်အစ်ကို့ ဘလော့ဂ်ကို နေ့တိုင်း ၀င်ဖြစ်ပါတယ်။ ဒီပို့စ်လည်း ဗဟုသုတရပါတယ်။ ကျွန်တော့် ဘလော့ဂ်မှာကွန်မန့်ပေးပြီး ပြောသွားတဲ့အတွက်လည်း ကျေးဇူးပါခင်ဗျာ..

    ReplyDelete
  8. Thanks a million for this useful post.
    Keep it up bro!

    ReplyDelete
  9. your blog has been added to 2k bloggers

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။