Skip to main content
တ၀က်ပြည့်နေသလား ... လျော့နေသလား
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားတဲ့ "စိတ်နှလုံး ရွှင်လန်းစေဖို့" စာအုပ်မှ ကြိုက်နှစ်သက်မိတဲ့ စာသားလေးတွေ အတွေးအခေါ်လေးတွေကို ပြန်ပြီး မျှဝေလိုပါတယ်။
ရေခွက်ထဲမှာ ရေတ၀က်ထည့်ထားတာ မြင်တဲ့အခါ တစ်ယောက်က "ရေခွက်ထဲမှာ ရေတ၀က် လျော့နေတယ်" လို့မြင်တယ်။ နောက်တစ်ယောက်က "ရေခွက်ထဲမှာ ရေတ၀က် ပြည့်နေတယ်"လို့ မြင်တယ်။ ဘယ်သူ့အမြင် မှန်သလဲ၊ နှစ်ယောက်လုံး မှန်ပါတယ်။
ဒါပေမယ့် "ရေခွက်ထဲမှာ ရေတ၀က်ပြည့်နေတယ်"လို့ မြင်တဲ့သူက အကောင်းမြင်တတ်လို့ စိတ်ချမ်းသာတယ်။ "ရေခွက်ထဲမှာ ရေတ၀က် လျော့နေတယ်"လို့ မြင်တဲ့သူက အဆိုးကိုမြင်လို့ စိတ်မချမ်းသာဘူး။
ရသလောက်ကိုလက်ခံပြီး နောက်ထပ်ရဖို့ ဆက်ကြိုးစားသင့်တယ်။ အခုရသလောက်ကို စိတ်မချမ်းသာတဲ့သူဟာ နောက်ထပ်ရလာလဲ တကယ်စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး။
"လောဘရဲ့ သဘာဝဟာ ဘယ်လောက်ရရ နဲသေးတယ် ထင်တာပဲ။" ခွက်အပြည့် ရလာရင်လဲ ခွက်ကြီးကြီးထဲပြောင်းပြီး လောင်းထည့်လိုက်ရင် တ၀က်ရှိမှာပဲ။ ထည့်တဲ့ခွက်က ပိုကြီးလာလေ ပြည့်ဖို့မလွယ်လေပဲ။
ရသလောက်နဲ့ စိတ်ချမ်းသာအောင် နှလုံးသွင်းပြီးတော့ နောက်ထပ် ရနိုင်သလောက် စိတ်ချမ်းချမ်းသာသာနဲ့ ကြိုးစားနိုင်မှ နောက်ထပ်ရလာတဲ့အခါ စိတ်ချမ်းသာမယ်။ ရသလောက်ဆိုတာ ပြင်ပရုပ်ဝတ္တုတင် မကဘူး။ စိတ်ပိုင်းကိုပါ ပြောလိုတယ်။
ပညာတတ်ချင်တဲ့သူဟာ အခု ရသလောက်ကိုသင်ထား၊ လေ့လာထားလိုက်၊ နောက်တဖြည်းဖြည်း ကိုယ်တတ်ထားတာအပေါ် အခြေခံပြီးတော့ ထပ်ဆင့်သွားလို့ရတယ်။ အလုပ်လုပ်ချင်တဲ့သူဟာ အခု လုပ်လို့ရတာ၊ လုပ်လို့ဖြစ်တာကို လုပ်နေ။ အတွေ့အကြုံရလာတဲ့အခါ ဒီထက် အဆင့်မြင့်တာကို တဖြည်းဖြည်းတိုးပြီး လုပ်သွားပေါ့။ ဘာမှ မလုပ်ပဲနေရင် ဘာမှဖြစ်မလာနိုင်ဘူး။
"ရသလောက်ကို ယူထား၊ ဖြစ်သလောက်ကို လုပ်ထား၊ ပြီးမှ တိုးတက်မှုရှိအောင် ဆက်ပြီး ကြိုးစားပါ"
Comments
  1. ကိုချမ်း ဘာတွေလုပ်နေလဲ...။ ကျွန်တော့ဆီ မလာတာကြာပြီနော်...။ Cbox လည်းပျောက်နေတယ်...။ Gmail လည်းပေးဦး...။ ကျွန်တော်က konaygyi2006@gmail.com ...။
    ReplyDelete
  2. အလွန်ကောင်းတဲ့ စာမှတ်စုပါပဲ
    ReplyDelete
  3. အုပ် ဘုန်းဘုန်းချမ်းဆီက တရားနာတွားပါဒယ်.. ဟီးးးး
    ReplyDelete
  4. ဟုတ်
    ရသလောက်လဲ ယူပါတယ်
    ဖြစ်သလောက်လဲ လုပ်ထားပါတယ်
    ဆံ့သလောက်လဲခြစ်စားပါတယ်
    ReplyDelete
  5. "ရသလောက်ကို ယူထား၊ ဖြစ်သလောက်ကို လုပ်ထား၊ ပြီးမှ တိုးတက်မှုရှိအောင် ဆက်ပြီး ကြိုးစားပါ"
    အခုလို မျှတဲ့အတွက် ကျေးဇူးပါပဲ။ တော်တော်လဲ ကောင်းတဲ့ စာလေးပါ။
    ReplyDelete
  6. konaygyi ... အခုနည်းနည်းရှုပ်နေလို့ပါ ညီရေ။ ဘလော့ကို ရောက်ဖြစ်ပါတယ်။ cbox ကို message ဆိုပြီးလုပ်ထားတာ၇ှိပါတယ်။ www.cmsmdy.cbox.ws မှာဝင်ရေးနိုင်ပါတယ် ညီရေ :)
    kyawmintun ... ကျေးဇူးတင်ပါတယ် ကိုကြီးကျော်ရေ။ မိုးတွေရွာရင် ဆိုတာလေးကို အားရင်ရေးလိုက်ပါဦးနော် :)
    ahmeisoekyi ... သာဓု သာဓု :) တစ်ခွန်းချန်ထားလိုက်ဦးမယ် :P
    s_potato ... ကောင်းတယ် :)
    mkh ... ဒီလိုပါပဲ ဖတ်မိတာလေးတွေပါ :)
    ReplyDelete
  7. ကျေးဇူးပါပဲကွာ...
    ငါစာမဖတ်ဖြစ်တာ တော်တော်ကြာပေါ့...
    တော်တော်ကောင်းတဲ့ ဒီပိုစ့်လေးအတွက် ကျေးဇူးပါ..
    ReplyDelete
  8. Anonymous8:58 am
    john: this article is very
    interested, I recommend you to read it.
    ReplyDelete
Post a Comment
Thanks for your comment.
Popular posts from this blog
သီတင်းကျွတ်လပြည့်
ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ
ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်
မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်
မရောက်တာကြာပြီ
ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။