Skip to main content

Mandalay and Bloggers

ဒီနေ့ မန္တလေးမှာ Everything is Bloggable ဆိုတဲ့ seminar နဲ့အတူ ဘလော်ဂါတွေ ဆုံဆည်းတဲ့ပွဲလေးတစ်ခု လုပ်ခဲ့ကြပါတယ်။ မန္တလေး အခြေစိုက် ဘလော့ဂါတော်တော်များများ တက်ရောက်ကြတာတွေ့ရပါတယ်။ တကယ်ကို ပညာရတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့သလို ပျော်ရွှင်စရာကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီပွဲက ဓာတ်ပုံတွေကို ကြည့်တော့ ကျွန်တော့်ဆရာ နှစ်ယောက်ဖြစ်တဲ့ ဆရာတုံဆရာစစ်ကိုင်းတို့နှင့်အတူ အွန်လိုင်းမှ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများကိုလည်း တွေ့လိုက်ရပါတယ်။ မန္တလေးဘလော့ဂါတွေက တကယ့်မင်းသား မင်းသမီးတွေဆိုတာ ဓာတ်ပုံတွေ့မှပဲ သိတော့တယ် :) ကျွန်တော်မန္တလေးမှာ ရှိရင်တော့ အဲဒီပွဲလေးကို တက်မိမှာ မလွဲမသေပါပဲ။ ဟိုတစ်လောက ရန်ကုန်မှာ ဘလော့ဂါ မီတင်တွေလုပ်တုန်းကလည်း စိတ်ထဲမှာ သွားချင်စိတ်တွေဖြစ်နေမိတယ်။ အွန်လိုင်းမှာ ခင်မင်ခဲ့ရတဲ့သူတွေကို အပြင်မှာတွေ့ပြီး ရင်းရင်း နှီးနှီး စကားပြောချင်စိတ်လည်း ဖြစ်ပေါ်မိပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် Blogger တွေ Forumer တွေကြားမှာ ရင်းနှီးမှုတွေ ပိုမို ရရှိသွားလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ ယူကေမှာတော့ အားလုံးပေါင်းလိုက်လို့ ဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။ ကျွန်တော်တကယ်အပြင်မှာ တွေ့ဖူးတာကတော့ သုံးလေးယောက်လောက်ပဲရှိတယ်။ အားလုံးတွေ့ဆုံဖို့ကတော့ သိပ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ တစ်နေ့နေ့မှာတော့ အပြင်မှာ တွေ့မိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အခုဆိုရင် မြန်မာဘလော်ဂါ portal တစ်ခု စတင်လုပ်ဆောင်နေကြပါပြီ။ မြန်မာဘလော့ဂါတွေ စည်းစည်းရုံးရုံးနဲ့ မြန်မာလိုရေးသားတဲ့ နည်းပညာဘလော့တွေ၊ personal ဘလော့တွေ၊ contributor တွေပါဝင်ပြီး အဖွဲ့လိုက်ရေးကြတဲ့ ဘလော့တွေ၊ စီးပွားရေး ကြော်ငြာများအကြောင်းရေးသာတဲ့ ဘလော့တွေ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းလုပ်ဆောင် နိုင်ပါတော့မယ်။ တကယ်ကို ၀မ်းသာကြည်နူးစရာပါ။ အဲ တစ်ခုတော့ရှိတယ်ဗျ ... အဲဒီလို အောင်အောင်မြင်မြင်ဖြစ်လာတော့မယ့် မြန်မာဘလော့ဂါလောကကို မနာလို မရှူ့စိတ်ဖြစ်ပြီး လိုက်လံဆဲတာတွေ တိုက်ခိုက်တာတွေ စိတ်ဝမ်းကွဲအောင်လုပ်နေတာတွေကိုတော့ ကျွန်တော်တို့အားလုံး ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ဒါမှလည်း ကမ္ဘာအရပ်ရပ်က ပြန့်ကျဲနေတဲ့ မြန်မာဘလော့ဂါတွေကို စုစည်းပြီး ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ မြန်မာဘလော့ဂါ အသိုင်းအ၀ိုင်းလေးတစ်ခု ပေါ်ပေါက်လာမှာပါ။ အခုဆို ရန်ကုန်မှာလည်း World Blogger Day အတွက် အမှတ်တရ စာအုပ်ထုတ်ဖို့ ပြင်ဆင်နေတာ တော်တော်ပြီးစီးနေပြီလို့ သိရပါတယ်။ အဲဒီစာအုပ် ထွက်လာပြီးတဲ့ နောက်ပိုင်မှာဆိုရင်တော့ မြန်မာဘလော့ဂါတွေအကြောင်း၊ မြန်မာဘလော့တွေအကြောင်းကို လူတွေ ပိုမိုသိရှိသွားလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

ရွှေမြန်မာတွေ ရေးသားတဲ့ မြန်မာဘလော့ဂါလောကကြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပျော်ရွှင်ဖွယ်ကောင်းသော မြန်မာဘလော့ပတ်ဝန်းကျင်လေးတစ်ခု တည်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဘလော့တည်ဆောက်ခြင်းနဲ့ ပက်သက်ပြီး သိချင်တာလေးတွေရှိခဲ့ရင်လည်း အီးမေးလ်ပိုပြီး မေးမြန်းနိုင်ပါတယ်။ ကျွန်တော် တတ်သလောက် အတတ်နိုင်ဆုံး ရှာဖွေဖြေဆိုပေးပါ့မယ်။ မရခဲ့ရင်လည်း အဲဒီမေးခွန်းကို ပို့စ်တစ်ခု အနေနဲ့ဘလော့မှာတင်ပြီး လာရောက်လည်ပတ်တဲ့ visitors တွေမှတစ်ဆင့် ဖိတ်ခေါ်ဆွေးနွေးပေးပါ့မယ်။

ကျန်းမာပျော်ရွှင်ပါစေ :)

Comments

  1. ကျွန်တော်လဲ မန္တလေးမှာ ရှိနေရင် တက်ဖြစ်မှာ သေချာတယ်။ လွမ်းလဲလွမ်းတယ်ဗျာ။ နိုင်ငံခြားမှာ ရုံးနဲ့ အခန်း၊ အခန်းနဲ့ ရုံး ပတ်ချာလည် ရိုက်နေတဲ့ အချိန် ဒါတွေမြင်ရတော့ ဘာပြောရမှန်းကို မသိဘူး။

    >>အခုဆိုရင် မြန်မာဘလော်ဂါ portal တစ်ခု စတင်လုပ်ဆောင်နေကြပါပြီ။ မြန်မာဘလော့ဂါတွေ စည်းစည်းရုံးရုံးနဲ့ မြန်မာလိုရေးသားတဲ့ နည်းပညာဘလော့တွေ၊ personal ဘလော့တွေ၊ contributor တွေပါဝင်ပြီး အဖွဲ့လိုက်ရေးကြတဲ့ ဘလော့တွေ၊ စီးပွားရေး ကြော်ငြာများအကြောင်းရေးသာတဲ့ ဘလော့တွေ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းလုပ်ဆောင် နိုင်ပါတော့မယ်။<<

    ဘလော့ဂ်မှာ စံမရှိပေမယ့် နိုင်ငံခြားသား တစ်ယောက် ယောင်လို့ဝင်လာတာနဲ့ impress ဖြစ်သွားစေတဲ့ ဘလော့ဂ်တွေကို မြင်ချင်တဲ့ ဆန္ဒ ကျွန်တော့်မှာ ရှိတယ်ဗျာ။

    >>သိချင်တာလေးတွေရှိခဲ့ရင်လည်း အီးမေးလ်ပိုပြီး မေးမြန်းနိုင်ပါတယ်။ ကျွန်တော် တတ်သလောက် အတတ်နိုင်ဆုံး ရှာဖွေဖြေဆိုပေးပါ့မယ်။ <<

    ဒီကပဲ ရေးလိုက်တော့မယ် ကိုချမ်း။ ကျွန်တော်လဲ တတ်နိုင်သလောက် ညွှန်ပေးနိုင်ပါတယ်။

    p.s: အဲ့ဒီ့ထဲမှာ အရင်တုန်းက ကျွန်တော် နဲ့ သိတဲ့သူတွေ ပါနေသလိုပဲ။ ဟီး

    ReplyDelete
  2. ပါမှာပေါ့ကွာ မန်းလေးက သူတွေပဲ :) ဟုတ်တယ်မလား :)
    အားလုံး စည်းစည်းရုံးရုံးနဲ့ ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးကြရင် မအောင်မြင်စရာအကြောင်းမရှိပါဘူး :)

    ReplyDelete
  3. Anonymous12:45 pm

    အကိုရေ။ မန်းမှာ ဘလောဂါတွေကို စောင့်ကြည့်နေပါပြီ။ သတိထားကြာပါ။ ဘာလောင်္ဂါတွေထဲမှာ သတင်းပေးတွေ ရှိပါတယ်။

    ReplyDelete
  4. ကိုမျိုးကျော်ထွန်းပြောတာ အားလုံးနဲ့ဆိုင်တဲ့ portal ပေါ့ဟုတ်လား။ ကောင်းတာပေါ့။ အဲဒီလိုလုပ်မယ့်လူတွေ လိုအပ်နေတာပဲလေ။ သိုးလေးတို့ကတော့ ရေးတတ်သလောက်ရေးမယ်၊ အဲဒီလို လုပ်ဖို့တော့ အရည်အချင်းမရှိဘူးလေ။ အားပေးပါတယ်။ တတ်နိုင်တာဆိုရင်လည်း ကူညီဖို့အသင့်...

    ReplyDelete
  5. အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ် ကိုမောင်မောင်။ ဘလော့တွေက များလာတော့ သူတို့တွေလည်း လန့်လာတယ်ထင်ပါတယ် :) မြန်မာအချင်းချင်း နောက်ကျောက ဓားနဲ့ထိုးတဲ့သူ (သတင်းပေးတဲ့သူ) မျိုးတွေကိုတော့ ကျွန်တော်လည်း အမြင်ကတ်တယ်ဗျာ။ ဒါပေမဲ့ သူ့ထိုက်သူ့ကံနဲ့ပဲ သွားပါလိမ့်မယ်။

    ReplyDelete
  6. hnin hnin ... အခုလို သိရတာ ကျေးဇူးတင်ပါတယ် သိုးကလေးရေ :)

    ReplyDelete
  7. Anonymous11:25 pm

    ဟုတ်တယ်.. ဟုတ်တယ်.. ဘလော့ဂါတွေ အများကြီးလာကြဒယ်... ဒီလို ဆုံဖူးတာ.. ဒါပထမဆုံးပဲ..

    ReplyDelete
  8. ကိုချမ်းရေ မန္တလေးမှာ Everything is Bloggable ဆိုတဲ့ seminar နဲ့အတူ ဘလော်ဂါတွေ ဆုံဆည်းတဲ့ပွဲလေးတစ်ခု လုပ်တော့ မန္တလေး အခြေစိုက် ဘလော့ဂါတော်တော်များများ တက်ရောက်ကြပြီး တကယ်ကို ပညာရတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့သလို ပျော်ရွှင်စရာကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့တာ ၀မ်းသာစရာပါပဲ။
    ရန်ကုန်မှာလဲ လာမယ့် ၃၁ သြဂုတ် ဘလောက်ဒေး အတွက် အစီအစဉ်တွေရှိတယ်။ အဲဒီအခါကြ မန္တလေးဘလော့ဂါတွေထဲက လာနိုင်တဲ့ သူတွေရှိရင်လဲ လာရောက် ပံ့ ပိုးပေးစေချင်ပါတယ်။ လက်လှမ်းမီသလောက် ကြိုပြောထားပါဦး။ အသေးစိတ်ကိုတော့ confirm ဖြစ်ရင် ကြော်ငြာမှာပါ။
    တကယ်ပဲ ကမ္ဘာအရပ်ရပ်က ပြန့်ကျဲနေတဲ့ မြန်မာဘလော့ ရေးတဲ့ မြန်မာဘလော့ဂါတွေကို စုစည်းပြီး ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ မြန်မာဘလော့ဂါ အသိုင်းအ၀ိုင်းလေးတစ်ခု မြန်မြန် ပေါ်ပေါက်လာစေချင်ပါတယ်။

    ReplyDelete
  9. Anonymous7:35 am

    အားလုံးဝိုင်းဝန်းပြီးတော့ ကမ္ဘာဘလောက်ဂါများနေ့ကိုလည်း ၃၁ ရက်နေ့ ဂလပိုင်းလောက်ကျရင်လုပ်ဖို့ရှိပါတယ် ကိုဖိုးချမ်း။း) အဲ့ကျရင်လည်း အဝေးကလူတွေ အားကျဖွယ် နောက်တစ်ပွဲပေါ့ဗျာ.. ငှဲငှဲ

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။