Speed Dial ဆိုတာကတော့ Opera Browser မှာ ကိုယ်ကြိုက်တဲ့ website တွေကို quick access လုပ်ပေးနိုင်တဲ့ service တစ်ခုပါပဲ။ Tab အသစ်တစ်ခုကို ဖွင့်တိုင်း ဖွင့်တိုင်း အဲဒီ speed dial page လေး ပေါ်လာမှာပါ။ အဲဒီ page မှာ လေးဒေါင့် Thumbnail ကွက်လေး ကိုးခု (3x3) ရှိပါတယ်။ အဲဒီအကွက်တွေထဲမှာ ကိုယ်ကြိုက်တဲ့ website address တွေကို drag and drop လုပ်ပြီး ဆွဲထည့်ထားလို့ရသလို မကြိုက်ရင်လည်း ပြန်လည် ရှင်းလင်းရေးလုပ်နိုင်ပါတယ်။ အဲဒီ အကွက်လေး ကိုးခုကို Control key + 1 ကနေ Control key + 9 အထိ ထိန်းထားပါတယ်။ ပထမဆုံးအကွက်ကို ဖွင့်ဖို့အတွက် ctrl +1 ကို သုံးရပါတယ်။ နောက် အစဉ်အလိုက်အတိုင်းပေါ့။ ဒုတိယအကွက်ဆိုရင် ctrl + 2 ကိုသုံးပြီး ဖွင့်နိုင်ပါတယ်။ တကယ်တော့ Bookmark ပုံစံမျိုးပါပဲ။ ဒါပေမဲ့ browser ဖွင့်တိုင်း ကိုယ်ကြိုက်တဲ့ page ကိုးခုကတော့ အမြဲပေါ်အောင် လုပ်ထားပေးနိုင်ပါတယ်။ speed dial နဲ့ပက်သက်တဲ့ presentation ကိုကြည့်လိုက်ရင် ပိုပြီး နားလည်သွားပါလိမ့်မယ်။ ကျန်းမာပျော်ရွှင်ပါစေ ![smile smile](http://wolverinex02.googlepages.com/icon_smile.gif)
![smile smile](http://wolverinex02.googlepages.com/icon_smile.gif)
Tags:
ကိုချမ်းရေ...
ReplyDeleteအဲဒီကိစ္စအဆင်ပြေသွားပြီ...
ကျေးဇူးပဲဗျာ...
ဟိုတစ်နေ့ကနည်းနည်းစိတ်လော သွားတယ်ဆောရီး။
ဟုတ်လား ၀မ်းသာပါတယ်ကွာ :)
ReplyDelete