Skip to main content

၃၈ ဖြာ မင်္ဂလာ (သို့) မင်္ဂလာတရားသည် ကြီးပွားခြင်း၏ အကြောင်းဖြစ်၏

ဆရာတေး က ကျွန်တော့်ကို ၃၈ ဖြာ မင်္ဂလာနဲ့ ပက်သက်ပြီး Tag လုပ်ထားတာကြောင့် ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ တရားနဲ့ ပက်သက်တဲ့ အလုပ်တွေ ဘာသာရေးအလုပ်တွေကို အခုနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပိုပြီး သက်ဝင်ယုံကြည်လာတယ်။ အရင်တုန်းကဆိုရင် မနက်မိုးလင်းတိုင်း သီချင်းဖွင့်တတ်တဲ့ ကျွန်တော်၊ အခုဆိုရင် မနက်အိပ်ယာထတိုင်း ပရိတ်ကြီး ၁၁ သုတ်ကို အမြဲဖွင့်ပြီး တရားနာတယ်။ ကျွန်တော်တို့တွေ လူ့ပြည်က ထွက်ခွာသွားရင် ရာထူးတွေ စည်းစိမ်တွေ ဥစ္စာပစ္စည်းတွေက ယူသွားလို့ မရဘူး။ တရားနဲ့ကုသိုလ်တွေကပဲ နောင်ဘ၀အထိ ပါသွားမှာ မဟုတ်လား။ နောက်ပြီး အင်္ဂါနေ့နှင့် တနင်္ဂနွေနေ့တိုင်းမှာလည်း ဘုန်းကြီးကျောင်းမှာ ပရိတ်တွေ ပဌာန်းတွေ ရွတ်ကြတယ်။ နောက်ပိုင်း လုပ်ရင်း လုပ်ရင်း စိတ်ထဲမှာ ပိုပြီး ကြည်လင်လာပြီး အေးချမ်းမှုကို ခံစားရတယ်။ တရားတော်တွေကို ဆုံးမပြသပေးတဲ့ လန်ဒန် သာသနာ့ရံသီကျောင်းက ဆရာတော် ဦးဥတ္တရ၊ ဦးသီ၊ ဦးကေ တို့ရဲ့ တရားဂုဏ်ကျေးဇူးတွေကလည်း အင်မတန်ကြီးမားပါတယ်။

အခု ၃၈ ဖြာမင်္ဂလာနဲ့ ပက်သက်ပြီး ဆရာတေးရဲ့ ဘလော့မှာ တော်တော်များများပါပြီးပါပြီ။ သူ ဖော်ပြထားတာတွေ ရေးသားထားတာတွေကလည်း တော်တော်လေးပြည့်စုံလှပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မင်္ဂလာတရားတော်တွေထဲကမှ ကျွန်တော့်အတွက် (သို့) ကျွန်တော်တို့လူ့ပတ်ဝန်းကျင်အတွက် အရေးကြီးဆုံးလို့ထင်ရတဲ့ တရားတော်တွေကို ပြန်လည်ဖော်ပြချင်ပါတယ်။
သင်ကြားရေး မင်္ဂလာ ၄ ပါး

တတ်ကောင်းတတ်ရာ ဟူသမျှကို ၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့ ၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြားနားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ကျွန်တော်တို့အနေနဲ့ ယခုမျက်မှောက်ခေတ်ကြီးမှာ အသိပညာ အတတ်ပညာတွေကို အဆက်မပြတ်သင်ကြားလေ့လာနေဖို့လိုအပ်ပါတယ်။ ပညာတတ်ရုံနဲ့လည်း မပြီးသေးဘဲ လူနဲ့ ပက်သက်တဲ့လူ့ကျင့်ဝတ်များကိုလည်း နားလည်နေရမှာဖြစ်ပါတယ်။ ပညာဘယ်လောက်တတ်တတ် လူ့ကျင့်ဝတ်နားမလည်ရင်တော့ လူမဟုတ်တော့ဘူးလို့ပဲ ယူဆပါတယ်။ "မှန်ကန်ယဉ်ကျေး ချိုသာအေး" - စကားပြောဆိုရာမှာလည်း သူတစ်ပါး နားဝင်ချိုအောင် ချိုသာယဉ်ကျေးတဲ့ စကားများကိုသာ ပြောဆိုသင့်ပါတယ်။ နောက်ပြီး ဆရာတော်တစ်ပါး အမိန့်ရှိသွားသလို "ကိုယ်မကြိုက်တာကို သူများကိုလည်း သွားမပေးပါနဲ့ ... အဲဒါဆိုရင် မင်း စိတ်ချမ်းသာပြီ" တဲ့။ တကယ်ရိုးရှင်းလှတဲ့ အယူအဆလေးပါ။ ကိုယ့်ကို စတာနောက်တာ မကြိုက်ရင် သူများကိုလည်း သွားမစ ပါနဲ့။ ကိုယ့်ကို လာဆဲတာမကြိုက်ရင်၊ သူများကိုလည်း သွားပြီး မဆဲပါနဲ့ လို့ ဆိုလိုပါတယ်။ အဲဒါကြောင့် ကိုယ်မကြို့က်တဲ့ အရာတွေကို သူများကို လိုက်မပေးပါနဲ့ ... အဲဒါဆိုရင် သင် စိတ်ချမ်းသာနိုင်မှာ မလွဲဧကန်ပါပဲ။
ပြုစုရေး မင်္ဂလာ ၃ ပါး

မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆင်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့ ၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး ၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
မြတ်စွာဘုရားကိုယ်တော်တိုင်တောင်မှ သူ့မိခင်ရဲ့ ကျေးဇူးတော်ကို တရားဟောပြီးဆပ်တာ နို့တစ်လုံးဖိုးပဲ ကျေခဲ့ပါတယ်။ ကျွန်တော်တို့ သာမန်လူသား ပုထုဇဉ်တွေဆိုရင်တော့ ပိုပြီး ဝေးကွာလွန်းလှပါတယ်။ လူမချမ်းသာရင်နေပါစေ စိတ်ချမ်းသာဖို့ အရေးကြီးတယ် ဆိုတဲ့အတိုင်း ... မိဘကို ဒီအချိန်မှာ တစ်ခြားအရာတွေနဲ့ ကျေးဇူးမဆပ်နိုင်သေးရင်တောင်မှ ကိုယ့်မိဘကို စိတ်ချမ်းသာအောင် နေပြတာလည်း မိဘကို ကျေးဇူးဆပ်ခြင်း တစ်မျိုးပါပဲ။ မိဘတွေရဲ့ ကျေးဇူးကို စာဖွဲ့ပြီးရေးမယ်ဆိုရင် ရေးလို့ဆုံးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိဘနှစ်ပါးကို မသေခင်မှာ ပြုစုကျွေးမွေးစောင့်ရှောက်ဖို့ဟာ အရေးကြီးဆုံး မင်္ဂလာတရားတော်လို့ ကျွန်တော်ယူဆပါတယ်။ နောက်ပြီး ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ချကာ ကောင်းစွာလုပ်ကိုင် ရှာဖွေကျွေးမွေးရပါဦးမယ်။ မိဘတစ်လှည့် ဖြစ်သွားသူကလည်း မိဘ ၀တ္တရားနှင့်အညီ လုပ်ကိုင်ရှာဖွေကျွေးမွေးသလို မိမိကိုယ်တိုင် သားသမီးအဖြစ်တလှည့် မိဘကို လုပ်ကိုင်ကျွေးမွေးရာမှာလည်း သားသမီးဝတ္တရားနဲ့ အညီ ကျွေးမွေးပြုစုစောင့်ရှောက်သင့်ပါတယ်။ အဲလို ရှာဖွေကျွေးမွေးရာမှာလည်း သမာအာဇီဝကျကျ အလုပ်မျိုးကို လုပ်ကိုင်မှသာ မင်္ဂလာတရားတော်နဲ့ ညီမှာဖြစ်ပါတယ်။

အထက်ပါ မင်္ဂလာတရားတော် (၇) ပါးကို ဆရာတော် ဦးပညာသာမိ စာအုပ်ပါ ဒဂုံဦးထွန်းမြင့်၏ ကဗျာလေးများနှင့် ကျွန်တော်သိထားသမျှ ဗဟုသုတ အတွေးအမြင်များကို ဖြည့်စွက်ရေးသားထားခြင်း ဖြစ်ပါတယ်။ ဒီပို့စ်လေးဖြစ်လာဖို့ တိုက်တွန်းပေးတဲ့ ဆရာတေးကို ကျေးဇူးအထူးတင်ပါတယ်။ မိတ်ဆွေများအားလုံး သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့် နေထိုင်နိုင်ကြပါစေ။

ဆက်လက်ရေးသားစေလိုတဲ့ သူများကတော့

ကိုမောင်လှ
ကိုဆန်းဦး
ကိုစစ်ကိုင်း
ကိုစတီဗင်
ကိုတိုး
ကိုဖြိုး
မချောအိမာန်
ဆြာဘ
စိုးစိုးကြည်
ကြည်ပြာ
မမေဓာဝီ
မမယ်လိုဒီမောင်
ကိုဖြိုး
အန်တီညလေး

ရေးနိုင်မယ် ထင်တဲ့သူတွေကိုပဲ Tag လုပ်လိုက်ပါတယ်။ ရေးစေချင်တာကတော့ မိုးတွေရွာရင် တုန်းက ပို့စ်လိုပဲ အားလုံးကို ရေးစေချင်တာပါ။ ဒါပေမဲ့ .... "ဒီကောင် သူများကို ဒုက္ခလိုက်ပေးတယ်" ထင်နေမှာစိုးလို့ပါ :)

Comments

  1. Great post. Really love it.

    We should really do good deeds before we check out from this world. After all, life is really short.

    Thanks for the post.

    =)

    ReplyDelete
  2. ကိုချမ်းရေ tag ထားတော့လဲ ရေးရတာပေါ့ ဒါပေသိ ၀န်ခံရရင် အဲဒီတရားအကြောင်းပြောပြီဆိုတာနဲ့ လူက နွားကိုပလာတာကျွေးသလို ဖြစ်ဖြစ်နေတတ်တော့လဲ ငါရေးတဲ့ အခါအမှားပါကောင်းပါရင် ခွေးလွှတ်နော် အဟီး :P

    ReplyDelete
  3. nay min thu ... welcome bro and thx for ur comments :)

    melodymaung ... လူဆိုတာ မှားဖူးတဲ့ လူတွေချည်းပါပဲဗျာ။ အမှန်ဆို အမှားတွေကပဲ ဖြစ်လာတာ မဟုတ်လား :)

    ReplyDelete
  4. Anonymous2:04 pm

    ဖိုးချမ်း ရေးပြီးပြီနော် တတ်သလောက်တော့ ရေးထားပါတယ်။ :)

    ReplyDelete
  5. ဖိုးချမ်း ရေးထားတာ ခုမှ ပြန်တွေ့တယ် ကိုတေးအေးရိပ်ကနေ ကိုအန်ဒီ အဲဒီကနေ ပန်ဒိုရာ ရေးထားတယ်.. သြော်.. အတက် လောက အတက် လောက...

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။