ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ရေးသားတော်မူသော "အောင်ပွဲဆင်မယ့် ခြေလှမ်းများ နှင့် မထေရ်မြတ်တို့ စကားဝိုင်း (၅)" စာအုပ်မှ ကြိုက်နှစ်သက်မိသော ဒဿနတစ်ချို့ကို မျှဝေလိုက်ပါတယ်။
"သေချင်တဲ့ကျား တောပြောင်း" ဆိုတာ ရှိသလို
"တစ်ရွာမပြောင်း သူကောင်းမဖြစ်" ဆိုတာလည်း ရှိတယ်။
"သွားပါများ ခရီးရောက်" ဆိုတာ ရှိသလို
"ခရီးသာတွင် ရွာစဉ်မမှတ်မိ" ဆိုတာလည်း ရှိတယ်။
အရေးကြီးဆုံး လူ့အရည်အချင်း ဆိုတာ
သူကောင်းဖြစ်အောင် ခရီးရောက်အောင်
ဆင်ခြင် လုပ်ဆောင်နိုင်စွမ်းပဲ။
သူငယ်ချင်း အေးထွန်း(မန္တလေး) ကတော့ သူကဗျာလေးထဲမှာ ရေးထားတာလေးကို မှတ်မှတ်ရရ ဟာသလေးတစ်ခုအနေနဲ့ ပြန်ပြောပြလိုက်တယ်။ ကဗျာနာမည်လေးက “ကျားကြီးသူကောင်းဖြစ်ပြီပေါ့” တဲ့ ..
ReplyDeleteသေချင်လို့တောပြောင်းလာတဲ့ကျား နဲ့ သူကောင်းဖြစ်ချင်လို့ တစ်ရွာပြောင်းလာတဲ့လူ လမ်းမှာဆုံကြတော့ .. သူကောင်းဖြစ်ချင်တဲ့လူ ခမျာ .. ကျားစာဖြစ်သွားရပါရော ဗျာ။ .. ဒါကြောင့်သူက သူ့ကဗျာလေးမှာ “ကျားကြီးသူကောင်းဖြစ်သွားတယ်လို့” ဟာသလေးနှောပြီးရေးထားတယ် .. ကဗျာရဲ့ ကာရံတွေကို မမှတ်မိတော့လို့ ကဗျာပုံစံမျိုးလေးနဲ့တော့ မရေးပြတော့ပါဘူး .. ငါ့ညီရေ ..
ကိုတိုး