Skip to main content

Anyway - မည်သို့ပင်ဖြစ်စေ

ဆရာဖေမြင့်ရေးသားသည့် "စာဖတ်သမား၏ မှတ်စုများ" စာအုပ်မှ ကျွန်တော်နှစ်သက်သည့် ဘ၀လမ်းညွှန် ဒဿာနတစ်ခုကို (English/Myanmar) နှစ်ဘာသာလုံးဖြင့် မျှဝေချင်ပါတယ်။ ဖတ်ရှူ့ရုံတင်မကပဲ စဉ်းစားဆင်ခြင်ကြည့်စေချင်ပါတယ်လို့ ဆရာဖေမြင့်က တိုက်တွန်းရေးသားထားပါတယ်။

Anyway ("The Paradoxical Commandments" was written by Dr. Kent M. Keith in 1968.)
People are unreasonable, illogical and self-centered.
Love them anyway.

If you do good, people will accuse you of selfish ulterior motives,
Do good anyway.

If you are successful, you will win false friends and true enemies.
Succeed anyway.

Honesty and frankness make you vulnerable.
Be honest and frank anyway.

The good you do today will be forgotten tomorrow.
Do good anyway.

The biggest people with the biggest ideas can be shot down by the people with the smallest minds.
Think big anyway.

People favor underdogs but follow only top dogs.
Fight for some underdogs anyway.

What you spend years building may be destroyed overnight.
Build anyway.

Give the world the best you have and you'll get kicked in the teeth.
Give the world best you've got anyway.

People really need help but may attack you if you do help them.
Help people anyway.

မည်သို့ပင်ဖြစ်စေ
လူတွေသည် အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်း များလှ၏။
မည်သို့ပင်ဖြစ်စေ မေတ္တာထားလိုက်ပါ။

လူတွေသည် ကောင်းသောအမှု သင်မည်မျှ ပြုသော်လည်း မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။
မည်သို့ပင်ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။

သင်အောင်မြင်ပြီဆိုလျှင်၊ သင့်၌ မိတ်ဆွေအတုအယောင်များ၊ ရန်သူစစ်စစ်များပါ ရရှိလာပါလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ။

ရိုးဖြောင့်ခြင်း၊ ပွင့်လင်းခြင်းကင်းစွာ စကားဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ ရိုးသားပွင့်လင်းစွာသာ ပြောဆို ဆက်ဆံပါ။

သင် ယနေ့ပြု ကောင်းသောအမှုကို မနက်ဖြန် သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ ကောင်းသော အမှုကို ပြုမြဲပြုပါ။

အကြီးကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံး ပုဂ္ဂိုလ်သည်လည်း အနုံချာဆုံး စိတ်ထားရှိသည့် အသေးမွှားဆုံး ပုဂ္ဂိုလ်၏ ဝေဖန်ကဲ့ရဲ့အပုပ်ချခြင်း ခံချင်ခံရနိုင်သည်။
မည်သို့ပင်ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမား စဉ်းစားကြံစည်ပါ။

လူတွေသည် နိမ့်ပါးသူ အောက်လူများကို စေတနာပိုတတ်သည် ဆိုသော်လည်း (လက်တွေ့၌) အပေါ်စီးရသူ ထိပ်ဆုံးလူများ နောက်သို့သာ လိုက်ပါတတ်ကြသည်။
မည်သို့ပင်ဖြစ်စေ၊ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေး တိုက်ပွဲဝင်ပေးပါ။

နှစ်ပေါင်းများစွာ သင်ဆောက်တည်ခဲ့သောအရာသည် နေ့ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ တည်ဆောက်စရာရှိတာကို ဆက်၍သာ တည်ဆောက်ပါ။

ကမ္ဘာလောကအတွက် ကောင်းဆုံးကို သင် ပေးသော်လည်း၊ သင့်အား ခါးသည်းနာကျည်းဖွယ်တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲပေးပါ။

သင် တကယ်အကူလိုသော သူများကို ကူညီလျှင် တစ်ချို့လူတွေက သင့်ကို မနာလို တိုက်ခိုက်ကြလိမ့်မည်။
သို့သော် ကူညီမြဲ ကူညီပေးပါ။
Updated (22.July) : ဒဿနလေးတွေရဲ့ မူရင်းကို ပြောပြပေးခဲ့တဲ့ Ko Alvin ကို အထူး ကျေးဇူးတင်ပါတယ်။

Comments

  1. Anonymous10:43 pm

    တန်ဖိုးရှိမှန်ကန်တဲ့စကားတွေ။ လိုက်နာနိုင်အောင် ကြိုးစားလိုက်အုံးမယ်။ ကျေးဇူးဖိုးချမ်း။

    ReplyDelete
  2. ကျွန်တော်လည်း လိုက်နာနိုင်အောင် ကြိုးစားနေဆဲပဲ :)

    ReplyDelete
  3. yeah it is.
    Whatever we face, we gotta be true to ourself. Great :)

    ReplyDelete
  4. တကယ်အဖိုးတန်တဲ့စကားတွေပါပဲ။ အခုလို ဖတ်ခွင့်ရတာကိုက အခွင့်တစ်ခုပါပဲ။

    ReplyDelete
  5. "The Paradoxical Commandments" was written by Dr. Kent M. Keith in 1968...

    http://www.paradoxicalcommandments.com/

    :)

    ReplyDelete
  6. ahmei > ya fri :)

    ko soe htet > thx: bro :)

    hnin hnin > အခုလိုသိရတဲ့အတွက် ကျွန်တော်ပို့စ်တင်ရကျိုး နပ်ပါတယ်ဗျာ :)

    Ko Alvin > thx; for ur information, now i know the original writer :) I'll add that info in my post :)

    ReplyDelete
  7. Anonymous6:39 am

    your site look great, I like the head bar.

    p.s.I can't see the letters, most of them are questionaries.

    ReplyDelete
  8. thereyoucome > thx for your visit and ur comment. You can't read most of my posts coz: I use burmese font called Zawgyi-One. sorry for that :)

    ReplyDelete
  9. Ko Chan Mya Soe,
    I noted that the latest version in the website has one more...

    "People really need help but may attack you if you do help them.
    Help people anyway."

    Can you translate that into မြန်မာစာ for us? ကျေးဇူးတင်ပါတယ် :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။