Skip to main content

Dictionary Extensions for Firefox

Internet ကနေ ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ အချက်အလက်တွေကို ရှာဖွေ ဖတ်ရှူ့ မှတ်စုလုပ်နေကြရပါတယ်။ "သတင်းစာတစ်ရက် မဖတ်ရင် တစ်ရက်ခေတ်နောက်ကျတယ်" ဆိုသလိုပဲ အင်တာနက် တစ်ရက်မကြည့်ရင်လည်း အဲဒီထက်ပိုပြီး ခေတ်နောက်ကျသွားမယ်တောင် ထင်ပါတယ်။ အချက်အလက်တွေရှာဖွေတဲ့အခါမှာ ကျွန်တော်တို့ အဓိကကြုံတွေ့နေရတာက English စာ အခက်အခဲပါ။ အဓိကကတော့ ကိုယ်မသိတဲ့ စာလုံးပေါင်း အဓိပ္ပယ်တွေကို နားလည်ဖို့လိုပါတယ်။ အဲဒီလို အခက်အခဲတွေကို အဆင်ပြေဖို့အတွက် Dictionary တွေကို အသုံးချရပါတယ်။ Dictionary သုံးတဲ့အခါမှာ စာအုပ်နဲ့ကြည့်တာ ရှိသလို အင်တာနက်သုံးရင်းနဲ့ Online Dictionary site တွေမှာ သွားရောက်ရှာဖွေတာလည်း ရှိပါတယ်။ အခုပြောမယ့် firefox extension တွေကို သုံးမယ်ဆိုရင် စာလုံးပေါင်းတွေကို အဲလိုမျိုး တကူးတကသွားပြီး ရှာဖွေစရာ မလိုပါဘူး။ click လုပ်ရုံနဲ့ ကိုယ်သိချင်တဲ့ result ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

1. Dict - ဒီ extension ကို install လုပ်ပြီး ရှာဖွေရတာလွယ်ကူပါတယ်။ ကိုယ်သိချင်တဲ့စာလုံးကို highlight လုပ်၊ နောက် .. right click လုပ်ပြီး ကြည့်ရုံပါပဲ။ ဥပမာ .. "blog" ဆိုတဲ့စာလုံးကို hightlight လုပ်ပြီး right click လုပ်ကြည့်မယ်ဆိုရင် Define "blog" ဆိုပြီးပေါ်နေတာ တွေ့ရမှာပါ။ အဖြေ (result) ကိုတော့ pop-up window တစ်ခုအနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

2. Dictionary Search - အပေါ်မှာ ဖော်ပြခဲ့တဲ့ dict extension နဲ့အတူတူပါပဲ။ result ကိုတော့ new tab တစ်ခုအနေနဲ့ ဖော်ပြပေးပြီး The Free Dctionary ကို အခြေခံထားပါတယ်။

3. FastDict - ကျွန်တော်ကတော့ ဒီ extension ကိုအကြိုက်ဆုံးပါပဲ။ install လုပ်ပြီးချင်း သုံးလို့မရသေးပဲ သူ့ရဲ့ option ကိုသွားပြီး setting လုပ်ပေးရပါသေးတယ်။ setting လုပ်ဖို့အတွက်ကတော့ Tools > Add on ကိုသွားပြီး FastDict ရဲ့ Option မှာ ထည့်ပေးရမှာပါ။ setting ပေးရတာ သုံးမျိုးပဲရှိပါတယ်။ စာလုံးတစ်လုံးရဲ့ အဓိပ္ပယ်ကို သိချင်ရင် အဲဒီစာလုံးကို control+click (or) shift+click (or) alter+click နဲ့ကြည့်မှာလား ဒါမှမဟုတ် သုံးမျိုးလုံးကို အသုံးပြုပြီး ရွေးမှာလားဆိုပြီး setting သတ်မှတ်နိုင်ပါတယ်။

Option ထဲမှာပါတဲ့ setting တွေပါ။ ကျွန်တော့်ဆီမှာ control+click လုပ်ရင် စာလုံးရဲ့ အဓိပ္ပာယ်ကို ဖော်ပြဖို့ လုပ်ထားပြီး Dictionary ကိုတော့ Cambridge Dictionary ကို ရွေးထားပါတယ်။ Dictionary တွေအပြင် wiki, google search စတာတွေမှာလည်း ရှာဖွေဘို့အတွက် setting ပေးထားနိုင်ပါတယ်။

source : dailyblogtips

Comments

  1. wow very useful. thanks for ur post. by the way i am adding ur link at my blog www.bluephoenix4mm.blogspot.com. please allow me to do this.

    ReplyDelete
  2. Really 10 Q ပါ ကိုcms ရေ ကျွန်တော်မှာ အဓီပါယ် မသိရင် အရင်က စာအုပ်အထူကြီးကို အင်တာနက်ဆိုင် ယူယူသွားနေရတာ အဆင်ပြေသွားပီ

    ReplyDelete
  3. bluephoenix > yap u can bro: i already linked u back :)

    tayzar > ကြားရတာ ၀မ်းသာပါတယ် ညီလေး :)

    ReplyDelete
  4. oww Very good thanks..
    other way. Myanmar dictionary . www.all-channel.com/ac/dictiionary/dictionary.aspx

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။