Skip to main content

ခွေးဟောင်တိုင်း ကျောက်ဆောင်မပြိုပါဘူး

အခုတစ်လော မြန်မာဘလော့ဂါ အထူးသဖြင့် မန္တလေးဘလော်ဂါတို့၏ cbox များ၌ "မန္တလေးဘလော်ဂါတွေကို ကျိုင်းထောက်တပ်တဲ့ ကိုယ်တော်တွေ စောင့်ကြည့်နေကြပြီ၊ သတိထားကြပါ" ဟုဆိုပြီး လူတစ်ယောက် ၀င်ဝင်အော်သွားတာ တွေ့နေရပါတယ်။ IP address ကိုကြည့်လိုက်တော့ UK ကဖြစ်နေတယ်။ ယုံတောင် မယုံချင်ဘူး။ သူက UK မှာရှိတာ ဘယ်နှယ့်ကြောင့် မန္တလေးက အကြောင်းတွေကို သိနေရတာလည်း ? စဉ်းစားစရာ။ နောက်ပြီး တစ်ခုရှိတာက ... ip address ဆိုတာက အခုနောက်ပိုင်း နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ip တွေကို ပလီပြီး ပြောင်းထားလို့ရပါတယ်။ ဥပမာ ... Hide IP လို software တွေကိုသုံးပြီး ၀င်မယ်ဆိုရင်တော့ အဲဒီလူရဲ့ original ip ကိုသိဖို့မလွယ်ပါဘူး။ အဲဒါကြောင့် ဘယ်ဟာမှ ပုံသေတော့ တွက်ထားလို့ မရနိုင်ပါဘူး။ ထားပါလေ။ အဓိက ပြောချင်တာကတော့ ဘလော့ဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့နေရာ၊ ကျိုင်းထောက်တပ် ကိုယ်တော်တွေ စောင့်ကြည့်နေတိုင်းသာ ဘလော့မရေးရဘူးဆိုရင်တော့ ငုတ်တုတ်မေ့ရုံပဲ ရှိတော့မပေါ့။

ဘလော့ဆိုတာ ကိုယ့်ရဲ့ စိတ်ဖြေရာ၊ နည်းပညာဖြန့်ဖြူးရာ၊ ပညာဆည်းပူရာ စသည်ဖြင့် လိုသလို အသုံးပြုနိုင်တဲ့ အင်တာနက်ပေါ်က နေရာလေးပါ။ သတိပေးတာတွေ ခြိမ်းခြောက်တာတွေကိုတော့ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အဲဒီလိုလုပ်ရပ်တွေကို လုံးဝ လုံးဝ ကန့်ကွက်ပါတယ်။ နောက်ပြီး အဲဒီ message တွေကို မြင်ပြီး ကြောက်လန့်နေစရာလည်း မလိုပါဘူး။ နောက်ထွက်လာမည့် ဘလော့လုပ်ဖို့ ပြင်ဆင်နေသော ညီအစ်ကို မောင်နှမများလည်း ဆက်လက်ရေးသားကြပါ။ ခွေးဟောင်တိုင်းလည်း ကျောက်ဆောင်မပြိုပါဘူး။ ကိုယ့်ခံစားချက် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ပဲ ဆက်လုပ်ရေးသားကြပါလို့ ခင်မင်လေးစားစွာ တိုက်တွန်းချင်ပါတယ်။

နောက်တစ်ခုကတော့ ... ဘလော့တွေရဲ့ cbox မှာ တစ်ခြားဘလော့ဂါတွေရဲ့ နာမည်တွေကို သုံးပြီး မြန်မာဘလော့ဂါအချင်းချင်း စိတ်ဝမ်းကွဲအောင် ဂုံးတိုက်ပြီး ဆဲတာတွေကိုလည်း တွေ့နေရပါတယ်။ အင်မတန်မှ အောက်တန်းစားဆန်ပြီး ယုတ်မာတဲ့စိတ်ဓာတ်ဖြစ်ပါတယ်။ လုံးဝ လုံးဝ ကန့်ကွက် ရှူံ့ချပါတယ်။ အမြင့်ရောက်လာတာနဲ့ အမျှ မနာလိုဖြစ်ကြပြီး အောက်နေ ဒုတ်နဲ့ ထိုးချချင်ကြတယ်။ မြန်မာလိုတွေဆဲလို့ တော်သေးတာပေါ့။ အင်္ဂလိပ်လိုတွေများဆဲပြီး တစ်ခြားဘလော့ဂါတွေကများ တွေ့သွားရင် မြန်မာဘလော့ဂါတွေအတွက်တင်မကပဲ မြန်မာလူမျိုးတွေအတွက်ပါ အင်မတန် ရှက်စရာကောင်းလှပါတယ်။ အဲဒီဆဲတဲ့လူတွေကိုလည်း ဒီနေရာကနေပဲ တစ်ခါတည်းပြောလိုက်ပါရစေ။ အဖေမြန်မာ အမေမြန်မာဆိုရင်တော့ ယဉ်ကျေးပါ။ မေတ္တာတရား မုဒိတာတရားထားပြီး ဆက်ဆံကြပါလို့ တောင်းဆိုပါတယ်။ အကျိုးအမြတ်မရှိ သူများကိုလည်း ထိခိုက်တဲ့အလုပ်တွေကို ဆက်မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။

အိန္ဒိယက ဘလော်ဂါတွေကို ကျွန်တော်အရမ်းအားကျတယ်။ တကယ်ကိုပဲ စည်းလုံးကြတယ်။ သူတို့ရဲ့ community ဟာဆိုရင်လည်း တစ်နေ့တစ်ခြား ကြီးထွားလာနေတာ တွေ့ရပါတယ်။ အချင်းချင်း ရိုင်းပင်းတယ်၊ ကူညီတယ်၊ တလေးတစား ဆက်ဆံကြတယ်။ ကျွန်တော်တို့ အခုတွေ့နေရတာက အဲဒီလူတွေနဲ့ တစ်ခြားစီဖြစ်နေတယ်။ ပွဲဆူအောင်လုပ်တယ်၊ ဆဲတယ်၊ သပုတ်လေလွင့် လျှောက်ပြောတယ်။ စဉ်းစားကြည့်လေ ရှက်စရာကောင်းလေပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့၊ ယဉ်ကျေးမှု တစ်ခုထဲမှာ လူအချင်းချင်း မုဒိတာပွားပြီး ရိုင်းပင်ကူညီကြတာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ "လူဆိုတာ အရှက်နဲ့လူလုပ်တာ မဟုတ်ဘူး .. အသက်နဲ့လူလုပ်တာ" လို့ပြောမယ်ဆိုရင်လည်း အဲဒီ "အသက်" တည်တံ့ဖို့အတွက် "အရှက်တရား "လည်း လိုအပ်ပါတယ်။ အရည်မရ မဖတ်မရ သူများတကာကို လိုက်လံဆဲဆိုပြီး ရှူံ့ချနေမည့်အစား မုဒိတာပွားပြီး ဘာမှမပြောပဲနေလိုက်တာမှ ကုသိုလ်ရနိုင်ပါသေးတယ်။ အခုတော့ ကိုယ့်အကုသိုလ် ကိုယ့်ဘာသာ မီးထွန်းပြီး ရှာနေသလိုဖြစ်နေတယ်။

အကျဉ်းပြန်ချုပ်လိုက်မယ်ဆိုရင် မြန်မာဘလော့ဂါ community ကြီး တစ်နေ့တစ်ခြား ကြီးထွားလာတာနဲ့ အမျှ မနာလိုမှုတွေ၊ တိုက်ခိုက်မှုတွေ၊ သပုတ်လေလွင့် ပြောဆိုမှုတွေကို ကျွန်တော်တို့ ရင်ဆိုင်လာရပါမယ်။ အဲဒီအတွက် နောက်မဆုတ် အလျော့မပေးကြဘဲ ကြံ့ကြံ့ခံပြီး ရှေ့ကိုဆက်လက်ချီတက်ကြဖို့ တိုက်တွန်းပါတယ်။ အဲဒီလို မြန်မာဘလော့ဂါတွေအချင်းချင်း ရိုင်းပင်းကူညီပြီး၊ တလေးတစား သူဖြူတယ်၊ ကိုယ်မဲတယ်၊ မခွဲခြားဘဲ စည်းစည်းလုံးလုံးလုပ်ဆောင်မှသာ ကျွန်တော်တို့ မျှော်လင့်တောင့်တတဲ့ ရွှေမြန်မာတို့ရဲ့ မြန်မာဘလော့ဂါ community ကြီးတစ်ခု ပီပီပြင်ပြင်ပေါ်ပေါက်လာမှာပါ။ အဲဒါကြောင့် "ခွေးဟောင်တိုင်းလည်း ကျောက်ဆောင်မပြိုပါဘူး" ဆိုတဲ့မူကို နှလုံးသွင်းပြီး ရှေ့ကိုဆက်လိုက်ချီတက်ကြပါစို့လို့ မြန်မာဘလော့ဂါ ညီအစ်ကို မောင်နှမများကို ခင်မင်လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။

ကျန်းမာပျော်ရွှင်ပါစေ smile

Comments

  1. Anonymous12:42 am

    First of all I like the post title. It'll go "Ouch!" for those involved.
    Getting junks, spams, all those rude craps, indirect/direct attacks are the usual problems in blogosphere, so it's nothing to worry about.

    Those with thick heads and jealousy will keep bugging you no matter what. They got too much free time in their hand. So the best solution is just ignore them as if they don't exist. If you keep arguing/writing back, they'll urge more cos' that's their main purpose, to cause chaos.

    Anyways IMHO, mm blogosphere is getting bigger and stronger than ever so the only thing to keep in mind is, be united and have a strong heart. They are doing just fine. Shouldn't worry about these tiny bugs.

    Cheers.

    ReplyDelete
  2. Anonymous1:24 am

    True bro.

    Just focus on what you are doing and do not offtrack from the path that you all are undertaking.

    19th July Martyr's day had shown a great deal of Unity among Myanmar Bloggers and it shall stay that way. Cheers!

    ReplyDelete
  3. That's the way of showing low ethics by attching like this.It's nothing gonna change to all myanar bloggers.
    Instead,amazingly boost to be more united and slove the problems together. :)

    ReplyDelete
  4. "မန္တလေးဘလော်ဂါတွေကို ကျိုင်းထောက်တပ်တဲ့ ကိုယ်တော်တွေ စောင့်ကြည့်နေကြပြီ၊ သတိထားကြပါ"
    I saw his copy paste message in so many cbox after making blogger meeting in mandalay. I know is that meeting is held in MCPA and it is a legal one. I was wondering what we did ?

    ဘလော့ဆိုတာ ကိုယ့်ရဲ့ စိတ်ဖြေရာ၊ နည်းပညာဖြန့်ဖြူးရာ၊ ပညာဆည်းပူရာ စသည်ဖြင့် လိုသလို အသုံးပြုနိုင်တဲ့ အင်တာနက်ပေါ်က နေရာလေးပါ။
    All I know is that we are educating ourself by writing thoughts and some tech specific in our blogs. I don't see any other thing.

    အိန္ဒိယက ဘလော်ဂါတွေကို ကျွန်တော်အရမ်းအားကျတယ်။ တကယ်ကိုပဲ စည်းလုံးကြတယ်။ သူတို့ရဲ့ community ဟာဆိုရင်လည်း တစ်နေ့တစ်ခြား ကြီးထွားလာနေတာ တွေ့ရပါတယ်။ အချင်းချင်း ရိုင်းပင်းတယ်၊ ကူညီတယ်၊ တလေးတစား ဆက်ဆံကြတယ်။
    Absolutely, right. Ko Chan. As you know, we visited so many indian blogs and knew their outstanding writing style and thier helping to new comer (not only blogging tips like daily blog tips but also some blogs focus on technology and programming) make us impressed. I want to see like that kinda things in myanmar blogs.

    For my point of view, blogging is two way communication, sharing thoughts and culture between the writer and audience. And it is easier to maintain and create the content than the formal web site for non techie.

    Ok. Ko Chan, keep it up your works.

    ReplyDelete
  5. ဖိုးချမ်း …. တို့ဒါမျိုး ကြုံတာ တစ်ခါ လည်း မဟုတ်တော့ဘူးလေ။ အခု လုပ်နေတာ ဘယ်သူတွေလဲဆိုတာ ရိပ်မိဖို့ကောင်းတယ်။ မြန်မာ အခြင်းခြင်း စိတ်ဝမ်းကွဲအောင်လုပ်နိုင်အောင် လုပ်တာ သိတ်ရှည်ရှည်ဝေးဝေးရှာနေစရာတောင်မလိုဘူးထင်တယ်။ ဘာပဲဖြစ်ဖြစ် တို့ပိုင်တဲ့ ဒီနေရာလေးကနေ တစ်ယောက်နဲ့တစ်ယောက် ရိုင်းရိုင်းပင်းပင်း ကူညီ ပြီး ဘလော့ခ်လောက အမြဲတည့်တံအောင် ကျိုးစားကြရအောင်။

    ReplyDelete
  6. နွားကွဲရင်တော့ ကျားကိုက်ပါမယ်
    နယ်မြေမခြားပဲ တစ်ယောက်နဲ့ တစ်ယောက် အမြင်ကြည်လင်စွာလက်တွဲလို့ မြန်မာဘလော့ဂါများ စည်းလုံးဖို့ လိုပါသည်။ စည်းလုံးခြင်းခွန်အားဖြင့် မလိုတမာသူများ၏ ဖြိုခွဲမှုကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ပါစေ။
    လုပ်နေကြဗျူဟာမှာ ကောလဟာလ အရင်လွှင့် ၍သွေးတိုးစမ်းလေ့ ရှိခြင်းဖြစ်ပြီး မည်သည့် အကျိုးသက်ရောက်မှုမျှမရှိနိုင်လျှင် နောက်တနည်းပြောင်းပေဦးမည်။
    ဘာတွေဘယ်လိုလုပ်လုပ် မြန်မာဘလော့ဂါ community ကြီး တစ်နေ့တစ်ခြား ကြီးထွားလာတာနဲ့ အမျှ မနာလိုမှုတွေ၊ တိုက်ခိုက်မှုတွေ၊ သပုတ်လေလွင့် ပြောဆိုမှုတွေကို ရင်ဆိုင်လာရပေမဲ့ လဲ အဲဒီအတွက် နောက်မဆုတ် အလျော့မပေးကြဘဲ ကြံ့ကြံ့ခံပြီး ကိုချမ်းပြောတဲ့ "ခွေးဟောင်တိုင်းလည်း ကျောက်ဆောင်မပြိုပါဘူး" ဆိုတဲ့မူကို နှလုံးသွင်းပြီး ရှေ့ကိုဆက်လက်ချီတက်ကြပါစို့။

    ReplyDelete
  7. Anonymous9:53 am

    ကိုချမ်းရေ..

    "ခွေးဟောင်တိုင်း ကျောက်ဆောင်မပြိုပါဘူး" << ဆိုတာလေးကို တော်တော်လေး သဘောကျပါတယ်.. အပေါ်က အစ်ကိုတွေ အစ်မတွေ ပြောသလိုပါပဲ.. ဘယ်သူတွေ ဘယ်လောက်သွေးခွဲခွဲ.. Blog ပေါ်က မောင်နှမတွေ အားလုံး..စိတ်ဝမ်းမကွဲပဲ ၊ သို့လော သို့လော မတွေးပဲ.. တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံးလုံး ရှိနေဖို့ပဲ အရေးကြီးတာပါ.. =) So keep it up. Will always support you guys.

    demo

    ReplyDelete
  8. Blog ကို ဘယ်နေရာက ရေးရေး အဓိကကတော့ အားလုံးချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ တစ်ဦးကို တစ်ဦး နားလည်ပေးဖို့လိုတာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်မကြည်ကြတော့ရင်၊ မစည်းလုံးကြတော့ရင်၊ တိုက်ခိုက်နေကြမယ်ဆိုရင် Blog တွေက ဖတ်ချင်စရာ ကောင်းမှာ မဟုတ်တော့သလို့၊ ရေးမယ့်သူတွေကလည်း ရေးချင်စိတ်ရှိမှာ မဟုတ်တော့ပါဘူး။
    ဒီတော့ ဘယ်သူတွေ ဘာပြောပြော မြန်မာဘလော့ဂါတွေအားလုံး စည်းလုံးညီညွတ်ကြပါစို့ …

    ReplyDelete
  9. အခုလို သူများတွေတက်တက်ကြွကြွလှုပ်ရှားနေတဲ့အချိန်မှာ သူတို့လို အချိန်ကုန်ခံပြီး နှောင့်ယှက်နေတဲ့လူတွေကလည်းရှိသေး

    ReplyDelete
  10. ကိုချမ်းရေ။ ကျွန်တော်လည်း အစ်ကိုနဲ့ တစ်သဘောထဲပါပဲခင်ဗျာ။ ဒီပို့စ်နဲ့ အားလုံးကို သိအောင် ပြောလိုက်တာ ကောင်းပါတယ်ခင်ဗျာ။

    ReplyDelete
  11. ဒီပို့စ်တစ်ခုလုံးကို သဘောကျတယ်။ ပို့စ်ထဲက စာသားတိုင်းဟာ ရင်ထဲက စကားတွေနဲ့ ထပ်တူပါပဲ။

    ReplyDelete
  12. ကိုယ့်ရည်ရွယ်ချက်ကောင်းနေသမျှတော့ လုပ်စရာရှိတာ လုပ်သင့်လုပ်ထိုက်တာ လုပ်နေကြရမှာပါပဲ ... ကျွန်တော်တို့ရဲ့ “ မြတ်ဗုဒ္ဓ ” တောင်မှ အတိုက်အခိုက် မျိုးစုံခံခဲ့ရသေးတာနော် ....

    ReplyDelete
  13. Anonymous9:06 am

    john: this article is very
    interested, I recommend you to read it.

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။