Skip to main content

ကိုယ် မညာတော့ဘူး (သို့) သီချင်းအေးအေးလေးတစ်ပုဒ်







ကိုယ် မညာတော့ဘူး
ဆို-N ကိုင်ရာ ရေး - R ခိုင်

အရှိကိုအရှိတိုင်းသာဖွင့်ပြောမည်
မြင်မြင်ချင်းမင်းကိုချစ်သွားသည်
ပိုင်ဆိုင်တဲ့အသည်းကို အရှုံးပေးခဲ့ရ
ဒါအချစ်ပဲလား စိတ်မှာမောသည်

နားလည်မှုတံခါးတွေဖွင့်ထားသည်
အကြင်နာစကားလေးတွေမျက်ဝန်းဆီ
ပိုင်ရှင်မဲ့အချစ်ကို ပေးအပ်ခဲ့ပြီ
ကိုယ် မညာတော့ဘူးမင်းကိုချစ်သည်

မင်း ပြုံးလိုက်ရင်လည်း
အိပ်မက်တွေအထိပဲလိုက်နှောင့်ယှက်သည်
အိပ်မက်ထဲမှာလို ဘယ်အချိန်ပဲကြည့်ကြည့်
ပြန်တွေးတိုင်းရင်ခုန်လာသည်

ချစ်သူလေးရှိရာ ဟို အဝေးဆီ
လာရာလမ်းလေးကို မျှော်တတ်ပြီ
ပိုင်ဆိုင်ခွင့်ဘ၀ကိုပေးအပ်ခဲ့ပြီ
ကိုယ် မညာတော့ဘူးမင်းကိုချစ်သည်

Comments

  1. Anonymous10:53 am

    I like it. already downloaded.

    Thanks for your sharing.

    ReplyDelete
  2. ကျေးဇူးအထူးပါ...ကျွန်တော်တို့လိုမြန်မာပြည်နဲ့ဝေးကွာနေတဲ့လူတွေအတွက် တစ်ခုခုကျန်အောင်လုပ်ပေးနိုင်တဲ့မင်းရဲ့blog ဟာတန်ဖိုးဖြတ်လို့မရပါဘူး...Rambo 4 နဲ့ အခုသီချင်းလေးအတွက်ကျေးဇူးတင်ပါတယ်...နောက်နောင် လူတွေအကျိုးကိုပိုပြီးသယ်ပိုးနိုင်ပါစေလို့ မန္တလေးကိုချစ်သောလူတစ်ယောက်အနေနဲ့ဂုဏ်ယူပါတယ်...ကောင်းသောတန်ပြန်ခံစားမှုတွေ ခံစားရပါစေ...

    ReplyDelete
  3. မမီ ... နောက်ထပ်လာဦးမယ် :)

    Ko Sai Aung Mane ... အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်လည်း ဒီထက်ကောင်းအောင်ကြိုးစားနေပါမယ် :)

    ReplyDelete
  4. Anonymous8:05 pm

    very good song . thanks you so very much . if you have more songs like that, please give share here .ex

    ReplyDelete
  5. Anonymous8:07 pm

    very good song . thanks you so very much . if you have more songs like that, please give share here .

    ReplyDelete
  6. 10q 10q 10q..
    really love this song.
    kept playing it on ur site, until i realise i can actuali download to my pc..eweeee..

    nevertheless..thx..soooo much..lov it..
    make me feel..so so ""sway""..
    hehee

    wit gratitude!!

    ReplyDelete
  7. ဆွေးတယ်ဆိုပဲ ဟဟ :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။