Skip to main content

Let's Bypass firewall

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နေတဲ့ ကာလအတွင်းမှာ လူငယ်တွေအတွက် နည်းပညာ အလင်းပေါက်ကြီးတစ်ခုဖြစ်တဲ့ အင်တာနက်ကို မြန်မာပြည်မှာ ကောင်းမွန်စွာ အသုံးပြုခွင့်မရကြပါဘူး။ Project, Thesis နှင့် Research တွေလုပ်နေတဲ့ နည်းပညာကျောင်းသား လူငယ်တွေအတွက် Library ကောင်းကောင်းတွေ Internet ကောင်းမွန်စွာအသုံးပြုခွင့်တွေဟာ အင်မတန်လိုအပ်ပါတယ်။

အင်တာနက်ဟာ ယျေဘူယျအားဖြင့် မည်သူမျှ မပိုင်ဆိုင်ပါဘူး။ သို့သော် မြန်မာပြည်မှာတော့ ပြိတ္တာ(ခဏ ခဏ လိုက်ပိတ်နေလို့) တစ်စုက ကိုင်တွယ် ထိန်းချုပ်လျှက်ရှိပါတယ်။ Adult site တွေ porin site တွေပိတ်တာကတော့ လက်ခံပါတယ်။ လူငယ်တွေအတွက် ဘာမှအကျိုးကျေးဇူးလည်း မရှိသလို ဒုစရိုက်မှုတွေတောင် တိုးပွားလာနိုင်ပါတယ်။ သူ့တို့ပိတ်တဲ့ထဲမှာ ဒေါသအဖြစ်မိဆုံးက Free Mail Site တွေကို ပိတ်တာပါပဲ။

IT ခေတ်မှာ လူတိုင်းနီးပါး free mail သုံးနေကြတယ်လို့ ပြောလို့ရပါတယ်။ အဲလို အလကား ဒလဟော ပေးထားတဲ့ mail တွေကို လိုက်ပိတ်ပြီး သူတို့ရဲ့ mpt, bagan mail တွေကို လိုက်ရောင်းခဲ့ကြဖူးပါတယ်။ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး ဆိုတဲ့ စကားအတိုင်း မိမိရဲ့ email service တွေကသာ ကောင်းမွန်နေလို့ကတော့ marketing လုပ်ဖို့တောင်မလိုဘဲ customer တွေ ၀ယ်သုံးကြမှာ သေချာပါတယ်။ အဲလိုမှ မဟုတ်လို့ကတော့ ပိုက်ဆံအကုန်ခံပြီး အကျိုးမရှိတဲ့အလုပ် ဘယ်သူမှ လုပ်မှာမဟုတ်ပါဘူး။

အဲဒီတော့ ပိတ်တာတွေများလာရင် လုပ်နိုင်တာ တစ်ခုပဲ ရှိတော့တယ်။ မရရအောင် ကိုယ်တိုင် try လုပ်ဖို့ပဲ လိုတာပေါ့။ အဲလို try လုပ်တဲ့ထဲမှာ နည်းလမ်း နှစ်မျိုးအနေနဲ့ ပြုလုပ်နိုင်ပါတယ်။ ပထမနည်းကတော့ website တွေကနေတစ်ဆင့် bypass လုပ်ခြင်း နှင့် ဒုတိယ နည်းကတော့ software သုံးပြီး bypass လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ website တွေကနေတစ်ဆင့် bypass ရအောင် try ကြည်ပါ။ အောက်ဖော်ပြပါ website မှာ bypass proxies တွေကို စုစည်းဖော်ပြပေးထားပါတယ်။
Beat-censorship-using-these-proxies by Sharjeel Sayed

How to access blocked websites by web stuff scan
ဒုတိယနည်းအနေနဲ့ အောက်ဖော်ပြပါ bypass application တွေကို သုံးပြီး ကျော်ခွနိုင်ပါတယ်။ ဒါပေမဲ့ သတိလည်းထားပေါ့။ သံဆူးကြိုးနဲ့ ညိပြီး ပုဆိုးပြဲတာကို့ ဂွပြဲတာတို့တွေတော့ မဖြစ်စေနဲ့ပေါ့ razz
1. Ultrasurf [Download]
2. GPass [Download]
3. FreeGate [Download]
4. Garden GTunnel [Download]
5. JAP [Download]
6. Your Freedom [Download]
7. Hopster [Download]
8. Freenet [Download]
9. Tor [Download]
10. HotSpot Shield [Download]
Bypass applications list via : sizlopedia

Logo Design : CMS

Comments

  1. ဂေါ် ပါတယ်ကွာ... :)

    ဂေါ် = မိုက်တယ်..
    ဂေါ = တောကျတယ်..

    ReplyDelete
  2. Definition ဆရာကြီးလား :P
    မင်းရဲ့ comment ကလည်း ဂေါ်ပါတယ်ကွာ။ လန်ထွက်နေတာပဲ :P

    ReplyDelete
  3. :) ဂွဒ် ပါတယ် ဗျ :P

    ReplyDelete
  4. Anonymous7:25 am

ံဲ့မြန်မာပြည် ပြိတ္တာတွေမှ ကင်းဝေးပါစေ.
    proxy သုံးတော့ connection ကနှေး , နဂို ထဲက connection က ကောင်းတာမဟုတ်နဲ့....
    download လုပ်ဖို့ ဆိုရင်တော့ မောပြီသာမှတ်...

    အမြဲအားပေးနေတယ်ဗျို့၊ ရေးသာရေး

    ReplyDelete
  5. အားပေးတဲ့အတွက် ကျေးဇူးပါ anonymous ရေ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။